Breast Pain အမေးအဖြေနဲ့ ရောဂါအမည် သိနိုင်တာတွေ ရှိတယ်

ရင်သား ၂ ဖက်လုံး ထိတာနဲ့ အရမ်းနာနေလို့ပါ (၁ လလောက်ရှိပါပြီ) စမ်းကြည့်တော့လည်း အကြိတ်(အကျိတ်) ရယ်လို့ ထူးထူးခြားခြား မရှိပါဘူး Ph နဲ့ အလုပ်လုပ်တာ များလို့လား ကင်ဆာများ ဖြစ်ချင်လို့လား ဝေခွဲမရလို့ပါ ဆေးရုံ ဆေးခန်းကလဲ မနီးလို့ အခုလောလောဆယ်  ဘာဆေးတွေ လိမ်းရမလဲ သောက်ရမလဲ သိချင်ပါတယ် ကျေးဇူးပြုပြီး ဖြေပေးကြပါဦးနော်

ကျွန်တော့ကို မေးတာတော့ မဟုတ်ပါ။ မေးလာရင်လည်း မဖြေတတတ်။ ရမ်းဖြေရမလို။ ဖြစ်တဲ့သူ အသက် မသိ။ (ကန်တော့) ရာသီ၊ အိမ်ထောင်ရေး မသိ။

ရင်သားနာတယ်ဆိုတာ ကလေးနို့တိုက်ရသူတွေ နို့နာက ပိုအဖြစ်များတယ်။ ကင်ဆာက အလွန်နောက်ကျမှသာ နာတယ်။ 

အမျိုးသမီးတွေ ဟော်မုန်းအပြောင်းအလဲကနေ ရင်သားကို သက်ရောက်တယ်။ 

စမ်းသပ် + စစ်ဆေးမှသာ အကြောင်းရင်း သိနိုင်တယ်။ 

မစမ်းသပ်ခင်မှာ မေးစရာတွေက အရင်။ 

တချို့ရောဂါတွေကို မေးခွန်းစုံအောင်မေးတာနဲ့ ရောဂါအမည် သိနိုင်တယ်။ တချို့ကို လက်နဲ့တောင် ထိစရာ မလို။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ