Cancers ကင်ဆာ ကျဆုံးပါစေ

ရေးထားတာ ၈ နှစ်တိတိကဖြစ်ပါတယ်။

၁။ မ ( - )၊ ဖြစ်သာ နှစ်ရက်ရှိပြီ။ အသက် ၂၇ ရှိပြီ။ ကင်ဆာပါ။ ဘာလုပ်ရင်ရလဲ။ ( - ) နိုင်ငံပါ။

၂။ ကင်ဆာရောဂါနှင့်ပတ်သက်ပြီး ဗဟုသုတအဖြစ်သိချင်လို့ရှင်းပြပေးပါဦးခင်ဗျာ။ မိတ်ဆွေတယောက်က အဆင့်တစ် ဖြစ်နေလို့ပါ။ ရေနွေးကြမ်းနှစ်နဲချီပြီးစွဲသောက်ရင် ကင်ဆာသက်သာတယ်လို့ ပြောပါတယ်ဆရာ။ ဟုတ်ပါလားဗျာ။

• ၂၀၀၈ စာရင်းအရ တကမာ္ဘလုံးမှာ ကင်ဆာနဲ့ကွယ်လွန်ရသူပေါင်း ၇့၆ သန်းရှိခဲ့တယ်။ စုစုပေါင်း သေဆုံးသူတွေရဲ့ ၁၃% ရှိပါတယ်။

• ယောက်ျားတွေနဲ့ မိန်းမတွေမှာ ဖြစ်တာရော သေရတာပါ မတူပါ။

• သေရသူတွေထဲက ၃၀% မှာ လူနေမူပုံစံ မပြောင်းလဲနိုင်ကြလို့ဖြစ်တယ်။ 

(၁) ကိုယ်အလေးချိန် (ကိုယ်ခန္ဓာ ထုထည်) များလို့၊ 

(၂) အသီးအရွက် အသီးအနှံ စားတာနည်းလို့၊ 

(၃) ကိုယ်လက်လှုပ်ရှားမှုနည်းလို့၊ 

(၄) ဆေးလိပ်သောက်လို့နဲ့ 

(၅) အရက်သောက်လို့ဖြစ်တယ်။

• ဆေး-ဆေးလိပ်ကြောင့် ကင်ဆာသေနှုန်း ၂၂ %ရှိတယ်။ အဆုပ်ကင်ဆာတခုတည်းဆိုရင် ၇၁% ရှိတယ်။

• ဗိုင်းရပ်စ်ကြောင့်ဆက်ဖြစ်တဲ့ကင်ဆာ HBV/HCV (ဘီပိုး-စီပိုး) နဲ့ HPV (ကြွက်နို့) တွေဟာ ဝင်ငွေ မများတဲ့ တိုင်းပြည်တွေမှာ ကင်ဆာနဲ့သေရတာရဲ့ ၂၀% ရှိတယ်။

• ကင်ဆာနဲ့သေရတာအားလုံးရဲ့ ၇၀%ဟာ ဝင်ငွေ မများတဲ့ တိုင်းပြည်တွေကဖြစ်တယ်။

- အဆုပ်ကင်ဆာ = ၁့၃၇ သန်း၊

- အစာအိမ်ကင်ဆာ = ၇၃၆၀၀၀၊

- အသဲကင်ဆာ = ၆၉၅၀၀၀၊

- အူမကြီးကင်ဆာ = ၆ဝ၈၀၀၀၊

- ရင်သားကင်ဆာ = ၄၈၅၀၀၀၊

- သားအိမ်ဝကင်ဆာ = ၂၇၅၀၀၀ ယောက်ဆုံးဖြစ်တယ်။

• ကင်ဆာဆိုတာ ဆဲလ်လေးတခုကနေစတယ်။ မျိုးဗီဇဆိုင်ရာက အဆင့်ဆင့်ပြောင်းသွားလို့ဖြစ်တယ်။ ပြောင်းကာစမှာ သိရင် ကံကောင်းတယ်။ သိအောင်လုပ်ပြီးဆေးစနစ်တကျကုသရင် အသက်တွေအများကြီးကို ကယ်တင်နိုင်မယ်။ 

• ရူပ-ကင်ဆာဖြစ်စေနိုင်တာတွေ = ခရမ်းလွန်ရောင်ခြည်နဲ့ ဓါတ်ရောင်ခြည်၊

• ဓါတု-ကင်ဆာဖြစ်စေနိုင်တာတွေ = မီးခံပြားမှုံ၊ ဆေးလိပ်၊ အစာထဲက (အက်ဖလက်-တောက်ဆင်)၊ အာဆင်းနစ်၊

• ဇီဝ-ကင်ဆာဖြစ်စေနိုင်တာတွေ = ဗိုင်းရပ်စ်၊ ဗက်တီးရီးယားနဲ့ ပါရာဆိုက်။

• ကင်ဆာကို စောစောသိအောင် သားအိမ်ဝကင်ဆာအတွက် PAP test လုပ်ရမယ်။ မပြည့်စုံတဲ့နေရာမှာ Visual inspection with acetic acid (VIA) နည်းလုပ်နိုင်တယ်။ ရင်သားကင်ဆာအတွက် Mammography ရင်သား ဓါတ်မှန် လုပ်သင့်တယ်။

• ရင်သားကင်ဆာ၊ သားအိမ်ဝကင်ဆာ၊ ခံတွင်းကင်ဆာနဲ့ အူမကြီးကင်ဆာတွေက စောစောသိရင် ပျောက်အောင်အထိ ကုသနိုင်တယ်။ 

• ကလေးတွေမှာဖြစ်တဲ့ လူကီးမီးယားနဲ့ လင်ဖိုးမားတွေ အပြင် လူကြီး ကျားအစိ ဆာကိုးမားက ပြန့်တာများပေမဲ့ စနစ်တကျ ကုသရင် အလားအလာ အများကြီးကောင်းတယ်။ ပျောက်နိုင်တယ်။ 

• ကင်ဆာကို ပျောက်အောင်မကုနိုင်၊ စင်အောင်လုပ်မပေးနိုင်ပေမဲ့ သက်သာအောင်လုပ်တဲ့နည်း Palliative care ကနေ ခံစားရတာတွေကို အများကြီးသက်သောစေတယ်။

• လူမှုရေးနဲ့ စိတ်ဓါတ်ရေးရာမြှင့်တင်ပေးတာတွေက လူနာကို များစွာသက်သာရာရစေတယ်။

ဒေါက်တာတင့်ဆွေ

၂၈-၈-၂၀၁၄

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ