Chemo and White Blood Cell ခီမိုသာရာပီသွေးဖြူဥနည်းခြင်း နှင့် အစားအသောက်

၁။ သွေးဖြူဥများအောင် ဘာစားသင့်ပါသလဲ Beet root ရယ် ခါချက်ဥစားရတယ်ပြောကြတယ် ဘယ်လိုစားရမှာလဲ မသိလို့ဖြေပေးပါနော် (မမှန်ပါ)
၂။ ဆေးသွင်းနေ ချိန် သွေးြဖူ ဉ (သွေးဖြူဥ)တတ် အောင် ဘာတွေ လုပ်ပေးရမလဲ သိ ချင်လို့ပါ ဆေးတော့ ထိုး ထားပါတယ် အစားအသောက်တွေ က ဘာတွေ စားပေးရမလဲ သိချင့် လို့ပါ ရှင့်
1. ကင်ဆာဆေးသွင်းနေစဉ်သေးဖြူဥ(သွေးဖြူဥ)အားနည်းတာ ပိုလန်သောက်လို့ရလား မိတ်ဆွေတို့ရေ
2. ကင်ဆာသမား သွေးဖြူဥ မကျအောင်ဘာတွေစားပေးရလဲ သိရင်ဖြေပေးကြပါအုံး ကီမိုသွင်းရင်းနဲ့ ၈ကြိမ်နဲ့ ၉ကြိမ်မြောက်မှာ သွေးဖြူဥ ကျလို့ပါ
3. အမေ wbc အမြဲကျနေလို့ ချက်ဆေးကို ၂၁ ရက်မှာ ၃ ခါထိုးရပါတယ် Pro sure ဆိတ်းရိုးစွတ်ပြုတ်၊ ထမင်း၊ အုန်းစိမ်းရည်၊ မုန်လာဦနီ သောက်ပါတယ်။ အစားအသောက်လည်းမပျက်ပါဘူး။ စားကောင်းပါတယ် ချက်ဆေးထိုးမှ WBC တက်ပါတယ်၊ ကင်ဆာအဆင့် ၄ပါ။ သားဥအိမ်ကင်ဆာပါ ချက်ဆေးအမြဲထိုးရတဲ့ အကို အမတွေရှိရင် ပြောပေးပါနော်၊ WBC တက်အောင် ဘာတွေစားရပါမလဲ ပြောပြပေးကြပါနော်
4. မင်္ဂလာပါဆရာရှင့် ကင်ဆာဆေးသွင်းချိန် သွေးဖြူဥကျရင်ဘာအစားစာစားရမလဲသိချင်ပါတယ်ရှင့်
5. ကီမိုသွင်းပီး(ပြီး) သွေးဖြူဥတွေကျ ဘာစားရမလည်းရှင်
ဆရာဝန်ကို မမေးပါ။ ဆရာဝန်မရေးတဲ့ ကွန်မင့်တွလည်းများတယ်။ ဒီလိုမေးခွန်းမျိုး နေ့တိုင်းမဟုတ်တောင် တရက်ခြားတခါ ဖတ်ရတယ်။ ကွန်မင့်တွေကလည်း စုထားရင် ရာဂဏန်းရှိမယ်။ မှန်တာတော့ တခုနှစ်ခုလောက်သာ ပါတယ်။ နောက်ရက်တွေ လာဦးမယ်။
မမှန်သော အစားအသောက်နည်းတွေ 
•  တနေ့ကြက်ဥ ၂လုံးနေ့တိုင်းစားပါ ဥနီဖျော်ရည်တစ်ရက်ခြား(တရက်ခြား)သောက်ပါ ကန်စွန်းရိုးနီပြုတ်စား အရည်သောက်ပါ ဆေး ၈ကြိမ်ကို တခါမှလက်မောင်းဆေးမသွင်းခဲ့ရသလိုတခါမှ သွေးဖြူဥမကျခဲ့ဖူး (မမှန်ပါ)
•  carrot ဖျော်ရည် ပန်းသီးစိမ်းဖျော်ရည် အုန်းစိမ်းရည် (မမှန်ပါ)
•  ကန်စွန်းဥစားပါ (မမှန်ပါ)
•  ကန်စွန်ရိုးနီကြိတ်ပြီးအရည်ညစ်သောက်ပါကိုယ်လည်းဖြစ်ဘူးတယ် (မမှန်ပါ)
•  ကျမက အသီးအရွက်တို့စရာအစုံစားတယ် သွေးစစ်ခါနီးပန်းသီးတစ်ခြမ်း၊အာလူးဥသေး၊မုန်လာဥနီ (မမှန်ပါ)
•  ကျောက်ကပ်ပြသနာမရှိရင် ရဲယိုသီးအမှည့်ကို ဇကာတိုက်ပြီး ထန်းညှက်ရည် သို့ ပျားရည်နဲ့ ရောကျွေးပါ WBC တော်တော်လေး ထိန်းပေးပါတယ်။ အရမ်းကျသွားရင် WBC တက်တဲ့ဆေးထိုးရပါမယ်။ (မမှန်ပါ)
•  ကြက်သွန်ဖြူကိုထမင်းစားတိုင်းမြုပ်တို့ပေးပါ ကြက်သွန်ဖြူကသွေးဖြူဥကိုအားကောင်းစေပါတယ်ရှင့်
•  ကြက်သွန်ဖြူနဲ့မုန်လာဥနီများများစားပါ (မမှန်ပါ)
•  ကြက်ဥပြုတ်...လေးလုံး...ပါအောင်နေ့တိုင်းစား (မမှန်ပါ)
•  ကြက်ဥအကာတနေ့ 3လုံးစားပေးနော် (မမှန်ပါ)
•  ခါဂျက်ဥ နီကို ကြိတ်သောက်ပေးပါရှင့် အစိမ်းမသောက်ခြင်ရင် ၃ခွက်၁ခွက်တင်ကြိုပြီးသောက်ပါ အရမ်းသွေးအားကောင်းပါတယ်(နေ့စဥ်သောက်ပါ) (မမှန်ပါ)
•  စွပ်ပြုတ် အသီးဖျော်ရည် (မမှန်ပါ)
•  ဖြစ်တတ်ပါတယ် မိုးလင်းတာနဲ ကြက်ဥ၂လုးရေနွေးစိမ်သောက် နွားနို့၄၀သါးသောက် ခါကြက် ကန်ဇွန်ရိုးနီ နံနံပင် ကြိတ်သောက် အရိုးပြုပ်သောက်ဆိတ်ရိုးအိမ်ကြက်ပြုပ်သောက် ငံပြာရည် ငါးခြောက် ငါးပိ ကိတ်မုန့်ပါမုန့်မုန့်ဟင်ငါးခေါက်ဆွဲမစားရပါကောက်ညှင်းမတည့်ပါအိုဗာတင်းနို့ဆီမိုင်လိုမစားရပါ (မမှန်ပါ)
•  ဖီးကြမ်းငှက်ပျောသီးမီးဖုတ်ပြီး ပူပူလေးကို နှမ်းဆီ စစ်စစ်နဲ့ဖျော်စားပါ။ကြက်ဥစားပါ။ ပန်းသီး ခါကြက်ဥ ကြိတ်ပြီးသောက်ပါ။ (မမှန်ပါ)
•  ဗမာကြက်သွန်ဖြူ အစိမ်း ခါဥနီ ဖျော်ရည် များများစားပေးပါ (မမှန်ပါ)
•  မနက်ကြက်ဥတစ်လုံး(တလုံး) ညနေတစ်လုံး(တလုံး)စားပါသေးတယ် (မမှန်ပါ)
•  မုန်လါဥနီ beetroot ပန်းသီးကြိတ်သောက်ပါ အမဲသား စား (မမှန်ပါ)
•  မုန်လာဥနီကိုစက်နဲ့ဖျော်သောက်ပါ (မမှန်ပါ)
•  မုန်လာဥနီဖျော်ရည် သောက်ပေးပါ ဆေးဖြူဥတိုးဆေးက ဒီအချိန် ဒေါ်လာဈေးနဲ့ဆို မလွယ်ဘူး (မမှန်ပါ)
•  သွေးဖြူဥဆေးထိုးရတယ် (မှန်တယ်)
•  သေချာပြောပြမယ် စီဘီလာခဲ့ လက်တွေ့လုပ်ပေးဘူးလို့ စေတနာနဲ့ပါ လုပ်နည်းရော အသီးပါ ဝယ်လုပ်ပေးမှာမို့ ရန်ကုန်ဆိုသေချာလာမေးပါ
•  အမဲသား Vit B (မမှန်ပါ)
•  အမဲသား ဆိတ်သား ဝက်သားစားစေချင်တယ် အမဲသားကသွေားအားကောင်စေပါတယ် လူကောင်းတွေက မနက်ည ၄တုံးဆိုကင်ဆာသ္မားတွေက ၂တုံးပေါ့လျှောစားပါ အဒို့က အူမကြီးကင်ဆာသ္မားပါအခုလာမဲ့ ၁၀လပိုင်းဆို ၈နှစ်ရှီပါပြီအခုထီအမဲသား ဆိတ်သား ဝက်သားစားတုံးပါကြက်ဥလဲစားပေး အနှစ်ကို အသေးမျိုးသုံးလေးလုံး၊လောက်ရောကြိတ်ပြီးအရည်စစ်ပြီးသောက်တယ် (မမှန်ပါ)
•  အာဟာရဖြစ်တာအကုန်ဖိစား ရေလေးလီတာသောက် (မမှန်ပါ)
Chemotherapy ခီမိုသာရာပီယူနေရစဉ်မှာ WBC count သွေးဖြုဥကျတတ်တယ်။ အရေးကြီးတယ်။
သွေးဖြူဥ Neutrophils 1,560 to 6,450 ရှိရမယ်။
ဟီမိုဂလိုဘင် Hemoglobin 13.2 to 16.6 for males နဲ့ 11.6 to 15 for females ရှိရမယ်။
သွေးမှုန် Platelets 135,000 to 317,000 for males နဲ့ 157,000 to 371,000 for females ရှိရမယ်။
သွေးဖြူသနည်းရင် ရောဂါပိုးဝင်လွယ်မယ်။ ဟီမိုဂလိုဘင်နည်းရင် သွေးအားနည်းမယ်။ သွေးမှုန်နည်းရင် သွေးထွက်လွယ်မယ်။
၁။ Eat a balanced diet ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာစားပါ။ မျှတတဲ့အစာလို့ ခေါ်တယ်။ အသားငါးဥ + အသီးအရွက် အစုံပါတာကို ဆိုလိုတယ်။
၂။ Avoid injury ထိခိုက်ဒဏ်ရာ မရအောင် သတိထားပါ။
၃။ Avoid germs ရောဂါပိုး ကူးစက်မခံရအောင် သတိထားပါ။
၄။ ကုသပေးနေတဲ့ဆရာဝန်က ညွှန်မယ်။
Filgrastim injection ချက်ထိုးဆေးနှင့် ကွန်မင့်ပေးကြသော မမှန်တဲ့ အစားအသောက်နဲ့ အားဆေးများ
- သွေးဖြူဥတက်ဖို့ချက်မာထိုးရတဲ့ဆေးကို လူနာကို အိမ်မာ(မှာ)ဘဲထိုးပေးလိူ့ရလား ရတယ်ဆို ဘယ်လိုမျိုး ထိုးပေးရမလဲ သိချင်လို့ပါ ဆေးက ရေခဲသေတ္တာထဲထား ထားပါတယ်
- ချက် (သို့မဟုတ်) လက်မောင်းမှာထိုးလို့ရပါတယ်။ ဆေးသွင်းပြီးလို့ ၁ရက်ခြားပြီးနောက်နေ့ညနေ၄ / ၅နာရီနောက်ပိုင်းမှာထိုးရပါတယ်။ ဆေးထို့ဖို့နာရီဝက်အလိုမှာ ဆေးကိုရေခဲသေတ္တာထဲကအပြင်ကို ထုတ်ထားပါ။ အိမ်မှာထိုးလို့ရပါတယ်။ ကျန်းမာရေးဆရာ / ဆရာမကိုအိမ်မှာခေါ်ပြီးဆေးထိုးပေးခိုင်းတာပါ။
- ဘယ်ကလဲ။ Chemo သွင်းပြီး၂၄ နာရီအတွင်းသွင်တာအကောင်းဆုံးပါတဲ့
- အမေကမနေ့ကပင်လုံမှာသွားထိုးပါတယ်။ ကျွမ်းကျင်တဲ့သူထိုးတာကပိုအဆင်ပြေပါတယ်။ ဆေးထိုးပြီး စောင့်ကြည့်သေးပါတယ်
- ရေမခဲတဲ့ ရိုးရိုးအေးတဲ့ အခန်းမှာထားပြီး insulin တို့လို အဆီထဲ ထိုးရတာပါ ဆရာဝန် ဆရာမတို့နဲ့ထိုးပြီး ထိုးနည်းအရင်သင့်ပါတယ်
- လက်မောင်းမှာထိုးတာပဲကြားဘူးတယ်
Neutropenia ခေါ် သွေးဖြဥတမျိုး တိုးစေအာင်ထိုးရတဲ့ဆေးဖြစ်တယ်။ colony stimulating factor ဆေးလို့ခေါ်တယ်။ ဆေးအကြောင်း ဘာသာမပြန်တော့ပါ။ ဆရာဝန်၊ ဆရာမတွေနဲ့ ဆေးဆိုင်တွေသာ သိရန်လိုတယ်။ ဆေးကို အရေပြားအောက်မှာဖြစ်စေ၊ သွေးပြန်ကြောထဲကိုဖြစ်စေ ထိုးနိုင်တယ်။ သင်ကြားလေ့ကျင့်ထားသူကသာ ထိုးသင့်တယ်။ ဆေးကို အခန်းတွင်းအပူချိန်မှာ ထိုးသိုလို့ရတယ်။
ခီမိုသာရာပီနဲ့ ကုသနေစဉ်မှာ သွေးဖြူဥနည်းကြတယ်။ ရိုးတွင်းခြင်ဆီကို ထိခိုက်လို့ဖြစ်ရတယ်။ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမှုန်တွေကို ထုတ်ပေးနေတဲ့နေရာ။ ဘေးထွက်ဆိုးကျိုးတခုဖြစ်တယ်။ သွေးဖြူဥတွေက ရောဂါတွေကို ခုခံတိုက်ထုတ်ရာမှာ အသုံးကျတယ်။ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကူးစက်တာ မခံရအောင် ခါတိုင်းထက် ပိုပြီးသတိထားရမယ်။ သွေးဖြူဥနည်းတာ တယောက်နဲ့တယောက် မတူပါ။ ကိုယ်ခံကျန်းမာရေး၊ အသက်နဲ့ ကင်ဆာအဆင့်အရ မတူပါ။ ခီမိုစကုသစဉ် ရက်ပိုင်းကစပြီး သွေးဖြူဥ ကျလာတယ်။ ၁-၂ ပတ်ကြာအထိ ကျနေမယ်။ ခီမိုပြီးတာနဲ့ ပြန်တက်လာပါမယ်။
ကုသပေးနေတဲ့ဆရာဝန်က complete blood cell count (CBC) သို့မဟုတ် hemogram စစ်ဆေးပါမယ်။ သွေးအခြေအနေကို သိမယ်။ total leukocyte count (TLC) below 4,500 ထက်နည်းတာကို Leukopenia လို့သတ်မှတ်တယ်။ absolute neutrophil count (ANC) below 1,500 ထက်နည်းတာကို Neutropenia လို့ခေါ်တယ်။ အသက်ကြီးသူတွေမှာ ပိုသတိထားရမယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေ စားရမယ်။ စျေးကြီးတာကိုပြောတာ မဟုတ်။ ဖေ့စ်ဘွတ်က စားပါရှောင်ပါတွေ မဟုတ်။ Calories ကယ်လိုရီပြည့်မီရမယ်။ ပရိုတင်းဓါတ်ပါတာတွေ စားရမယ်။ အသားငါးဥနဲ့ ပဲအမျိုးမျိုး။ vitamin B12 နဲ့ folate ဓါတ်တွေလိုမယ်။ အစာအဟာရ တခုစီအကြောင်း ရေးထားတယ်။ မကြာခဏ တင်ပြထားတယ်။ တိတိကျကျပြောရရင် ဘယ်အစားအစာကနေမှ သွေးဖြူဥ မတက်စေ၊ မကျစေနိုင်ပါ။ ဆောရီး။ 
အားဆေးဆိုတာတွေကိုလည်း ကိုသပေးနေတဲ့ဆရာဝန်က မညွှန်တာ မသင့်ပါ။ လိုအပ်သူကို နောက်တခါ ခီမိုအတွက် အချိန်စဉ်းစားပါလိမ့်မယ်။ တချို့လူနာတွေကို ဆေးသပ်သပ်ညွှန်မယ်။ colony-stimulating factors, white blood cell growth factors, or myeloid growth factors လို့ ခေါ်တဲ့ဆေးတွေ။ ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။
ကင်ဆာဖြစ်ဖြစ် ကိုဗစ်ဖြစ်ဖြစ် စားစရာကိုသာ အရင်မေးကြတာက ၉၀% လောက်ရှိတယ်။ အစားအသောက်ကြောင့် ဖြစ်တဲ့ရောဂါတွေ၊ အစားအသောက်နဲ့ ကာကွယ်လို့ရတဲ့ရောဂါတွေနဲ့ အစားအသောက်နဲ့ ကုသလို့ရတဲ့ရောဂါတွေက အရေအတွက်က အလွန်နည်းတယ်။ ထမင်းစား၊ ရေသောက်၊ ရေချိုး၊ ခေါင်းလျှော်ကို ရမယ်ရှာနေတဲ့ အသိက လွဲနေတယ်။ အခြေခံအချက်ကို သိရမယ်။ လူတွေ နှစ်ပေါင်းများစွာ လူတိုင်းလိုလို စားသောက်လာတာတွေက ကင်ဆာကို မဖြစ်စေနိုင်။ ကင်ဆာကို မကာကွယ်နိုင်။ ကင်ဆာကို မပျောက်ကင်းစေနိုင်။ အစားအသောက်အတွက် မကြောင့်ကျသင့်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တာကို ကင်ဆာမဖြစ်ခင်ကရော ကင်ဆာကုသနေစဉ်မှာပါ စားသောက်နိုင်တယ်။

1. Cancer and Sugar Myth ကင်ဆာ နှင့် သကြား အထင်မှား https://dr-tint-swe.blogspot.com/2021/06/cancer-and-sugar.html

2. Cancer Foods ကင်ဆာအတွက် အစားအစာ https://dr-tint-swe.blogspot.com/2022/04/cancer-foods.html

3. Cancer Foods ခဏခဏတင်ရသော်လည်း လူကြိုက်မများ လူဖတ်နည်း လိုနာသူရှားသောစာ https://dr-tint-swe.blogspot.com/2022/07/cancer-foods.html

4. Cancer-Fighting Foods ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ https://dr-tint-swe.blogspot.com/2021/04/cancer-fighting-foods.html

5. Chemo and White Blood Cell Counts ခီမိုသာရာပီ နှင့် သွေးဖြူဥနည်းခြင်း https://dr-tint-swe.blogspot.com/2022/04/chemo-and-white-blood-cell-counts.html

6. Chemo-radiation ခီမို + ဓါတ်ကင်ခြင်း https://dr-tint-swe.blogspot.com/2022/04/chemo-radiation.html

7. Chemotherapy (ခီမို) အတွက် (၁၅) ချက် https://dr-tint-swe.blogspot.com/2021/04/chemotherapy.html

8. Chemotherapy ခီမိုသာရာပီ အကြောင်း အကျဉ်း https://dr-tint-swe.blogspot.com/2022/07/chemotherapy.html

9. Chemotherapy ခီမိုသာရာပီနဲ့ အပ်စိုက်ကုသနည်း မတူပါ https://dr-tint-swe.blogspot.com/2022/05/chemotherapy_28.html

10. Filgrastim injection ထိုးဆေး https://dr-tint-swe.blogspot.com/2022/07/filgrastim-injection.html

11. Last Chemo Day ခီမိုသွင်းရတဲ့ နောက်ဆုံးနေ့ https://dr-tint-swe.blogspot.com/2022/04/last-chemo-day.html

12. Paclitaxel injection ကင်ဆာကုသဆေး https://dr-tint-swe.blogspot.com/2022/05/paclitaxel-injection.html

13. ဖြည့်စွက်စာ အားမပေးပါ https://dr-tint-swe.blogspot.com/2022/01/blog-post_225.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ