Foods For Cancer ကင်ဆာနဲ့ အစားအစာ အခြေခံအကျဆုံးအချက်များ

1. အမေကအစာအိမ်ဟောင်းကင်ဆာ ခွဲစိပ်ထါးပြီး အားအရမ်းနဲပြီးပိန်လည်းသွားတယ် အသားတွေလည်း တုန်တယ် နောက်ထပ်ဆေးထပ်သွင်းရင်ဆေးဓံခံနိုင်ပါ့မလါး ခင်ဗျာ အစာတော့ဝင်ပါတယ်ဗျ နဂါးမောက်သီး နဲ့ အမဲသားစားခြင်တာ(စားချင်တာ) ကျွေးလို့ရလါးခင်ဗျ ဖြေပေးကြပါဦးခင်ဗျာ (ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ)
2. ဆရာခင်ဗျာ ကင်ဆာဆေးသွင်းပြီးနောက်ပိုင်းခံစားရသော ဝေဒနာများ သက်သာသောဆေးနှင့် အစားအစာများကို ညွှန်ပြပေးပါဦးခင်ဗျာ၊ ကျေးဇူးတင်စွာဖြင့် 
3. ဆရာရှင့် ကျေးဇူးပြု၍ဖြေကြားပေးပါရှင် ကင်ဆာဖြစ်သူတိုင်းငပိငါးခြောက် ပုဇွန် ပုဇွန်ခြောက် ပင်လယ်စာ မစားရဘူးပြောတာ ဟုတ်ပါသလားရှင့် ကီမိုသွင်းချိန်မစားရတာလား အမြဲတမ်း မစားရတာလား သိချင်ပါတယ်ရှင့်
4. ကင်ဆာသမားတွေက နွားနိူ့တို့ စပါကလင်တို့တည့်လားဟင် ကျနော် သွေးပေါင်တွေကျနေလို့ ဘာအစားအသောက်တွေစားရမလည်း လမ်းပြပေးကြပါ (ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ)
5. ကင်ဆာသမား သွေးဖြူဥ မကျအောင်ဘာတွေစားပေးရလဲ သိရင်ဖြေပေးကြပါအုံး ကီမိုသွင်းရင်းနဲ့ ၈ကြိမ်နဲ့ ၉ကြိမ်မြောက်မှာ သွေးဖြူဥ ကျလို့ပါ (ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ)

မမှန်ပါ မဟုတ်ပါ
• ကင်ဆာသမားတွေ ဂဏန်းနဲ့မတည့်ဘူးနော် သတိထားလို့ရအောင်လို့ သွယ်မနေ့ကစားလိုက်တာ ညလဲမအိပ်ရဘူး မနက်ကြတော့ အသက်ရှူလို့မကောင်းဘူး လက်တွေကိုက်လာတယ် (မဟုတ်ပါ) (မမှန်ပါ)
• ကင်ဆာသမားတွေက နွားနိူ့တို့ စပါကလင်တို့တည့်လားဟင် ကျနော် သွေးပေါင်တွေကျနေလို့ ဘာအစားအသောက်တွေစားရမလည်း လမ်းပြပေးကြပါ
• ကင်ဆာသမားတေက တွင်းအောင်းသတ္တဝါသားစားလိုမရဘူးလိုကြားဘူးပါတယ် (မဟုတ်ပါ) (မမှန်ပါ)
• ကန္စြန္းဥစားပါ (မမှန်ပါ)
• ကျမက အသီးအရွက်တို့စရာအစုံစားတယ်၊ 
• ကြက်သွန်ဖြူနဲ့မုန်လာဥနီများများစားပါ (မမှန်ပါ)
• ကြက်ဥပြုတ်...လေးလုံး...ပါအောင်နေ့တိုင်းစား (မမှန်ပါ)
• စွပ်ပြုတ်..အသီးဖျော်ရည် (မမှန်ပါ)
• ဆရာခင်ဗျာ ကင်ဆာဆေးသွင်းပြီးနောက်ပိုင်းခံစားရသော ဝေဒနာများ သက်သာသောဆေးနှင့် အစားအစာများကို ညွှန်ပြပေးပါဦးခင်ဗျာ၊ ကျေးဇူးတင်စွာဖြင့်
• ဖြစ်တတ်ပါတယ် မိုးလင်းတာနဲ ကြက်ဥ ၂လုး ရေနွေးစိမ်သောက် နွားနို့၄၀သါးသောက် ခါကြက် ကန်ဇွန်ရိုးနီး နံနံပင်ကြိတ်သောက်အရိုးပြုပ်သောက်ဆိတ်ရိုးအိမ်ကြက်ပြုပ်သောက်ငံပြာရည်ငါးခြောက်ငါးပိကိတ်မုန့်ပါမုန့်မုန့်ဟင်ငါးခေါက်ဆွဲမစားရပါကောက်ညှင်းမတည့်ပါအိုဗာတင်းနို့ဆီမိုင်လိုမစားရပါ (မမှန်ပါ)
• ဖီးကြမ်းငှက်ပျောသီးမီးဖုတ်ပြီး ပူပူလေးကို နှမ်းဆီ စစ်စစ်နဲ့ဖျော်စားပါ။ကြက်ဥစားပါ။ ပန်းသီး ခါကြက်ဥ ကြိတ်ပြီးသောက်ပါ။ (မမှန်ပါ)
• ဗမာကြက်သွန်ဖြူ အစိမ်း ခါဥနီ ဖျော်ရည် များများစားပေးပါ (မမှန်ပါ)
• မနက်ကြက်ဥတစ်လုံး ညနေတစ်လုံးစားပါသေးတယ် (မမှန်ပါ)
• မုန်လါဥနီ beetroot ပန်းသီးကြိတ်သောက်ပါ အမဲသား စား (မမှန်ပါ)
• မုန်လာဥနီ နဲ့ကဇွန်းရိုးနီများများစားပါ (မမှန်ပါ)
• မုန်လာဥနီကိုစက်နဲ့ဖျော်သောက်ပါ (မမှန်ပါ)
• ရင်သားကင်ဆာဖြစ်တဲ့သူက မှို စားလို့ရလားရှင့် စားဖူးတဲ့သူတွေရှိလား ရှင့် ဆေးကုပြီးတာတော့ ၁ နှစ်လောက်ရှိပြီ အတွေ့ကြုံရှိတဲ့သူများ ဖြေပေးပါအုံးနော် ကင်ကင် များအားလုံး အမြန်ကျန်းမာကြပါစေ
• လယ်ဂဏန်းနဲ့ပေါက်ပန်းဖြူနဲ့ချက်စားရင်ကင်ဆာသက်သာတယ်လို့ဖတ်ဖူးတယ်စားလဲစားဖူးတယ် (မဟုတ်ပါ) (မမှန်ပါ)
• သွေးစစ်ခါနီးပန်းသီးတစ်ခြမ်း၊အာလူးဥသေး၊မုန်လာဥနီ (မမှန်ပါ)
• သားအိမ်ကင်စာ (ကင်ဆာ) သမား မွေးမြူရေးမှိုစားလို့ရလား ဆောင်ရန်ရှောင်ရန် ဘေးများ သိသူပြောပြပါ အမေပါ အသက် ၅၇နှစ်ပါ
• အမဲသား Vit B (မမှန်ပါ)
• အမဲသား ဆိတ်သား ဝက်သားစားစေချင်တယ် အမဲသားကသွေားအားကောင်စေပါတယ် လူကောင်းတွေကမနက်ည ၄တုံးဆိုကင်ဆာသ္မားတွေက ၂တုံးပေါ့လျှောစားပါ အဒို့က အူမကြီးကင်ဆာသ္မားပါအခုလာမဲ့ ၁၀လပိုင်းဆို ၈နှစ်ရှီပါပြီအခုထီအမဲသား ဆိတ်သား ဝက်သားစားတုံးပါကြက်ဥလဲစားပေး အနှစ်ကိုမ… See more (မမှန်ပါ)
• အသေးမျိုးသုံးလေးလုံး၊လောက်ရောကြိတ်ပြီးအရည်စစ်ပြီးသောက်တယ်၊… See more (မမှန်ပါ)
• အသဲကင်ဆာ အဆင့် ၁ လူနာ ကင်ဆာဆေး တစ်နေ့(တနေ့)နှစ်လုံး သောက်ရတာ တခြားတော့ ဘာမှ မဖြစ်ဘူးရယ် လူနာက စကားပြောရင် အသံမထွက်တော့လို့ အသံဝင်သလို လေသံလေးနဲ့ အားယူပြောနေရတာ ငါးရက်လောက်ရှိလို့ အသံပြန်ထွက်အောင် ဘာတွေ ကျွေးသင့်လဲရှင့်။ - ဆေးအိုးပုပ်ပင် ရအောင် ရှာဝယ်ကျွေးပါဗျ (မဟုတ်ပါ) (မမှန်ပါ)
• အာဟာရဖြစ်တာအကုန်ဖိစား...ရေလေးလီတာသောက် (မမှန်ပါ)

ကင်ဆာနဲ့ အစားအစာ အခြေခံအကျဆုံးအချက်များ 
1. ကိုယ်တသက်လုံးစားသောက်လာတာ ၉၅% စားနိုင်။
2. လူတိုင်းက နှစ်ပေါင်းများစွာစားသောက်လာတွေ ၉၅% စားနိုင်တယ်။
3. လူပြောများတာတွေ ၉၅% မမှန်ပါ။
4. သွေးတိုးပါ တွဲရှိနေသူ အငန် (ငပိ၊ ငန်ပြာရည်၊ ငါးခြောက်၊ ဆားနဲ့ အထားခံအောင်လုပ်တဲ့အစာတွေ) မသင့်။
5. ဆီးချိုပါတွဲရှိသေူတွေ အချို (သကြား) နဲ့ မတည့်။
6. ကိုလက်စထောများနေသူတွေ အဆီကို ရွေးစားရမယ်။
7. သူတို့ပြောတာကို စားပါဆိုသူတွေက အဲဒီစားစရာတွေ ရောင်းသူ၊ ပွဲစား နဲ့ ကုန်သည်တွေ ဖြစ်မယ်။
8. အရှောင်ခိုင်းသူတွေက သူတို့ရှောင်ခိုင်းတဲ့စားစရာရောင်းချသူတွေနဲ့ ရန်ဖြစ်ထားတာဖြစ်မယ်။
9. ကင်ဆာဖြစ်ဖြစ် ကိုဗစ်ဖြစ်ဖြစ် စားစရာကိုသာ အရင်မေးကြတာက ၉၀% လောက်ရှိတယ်။ ထမင်းစား၊ ရေသောက်၊ ရေချိုး၊ ခေါင်းလျှော်ကို ရမယ်ရှာနေတဲ့ အသိက လွဲနေတယ်။ ပြင်ကြပါ။ အခြေခံအချက်ကို သိရမယ်။ လူတွေ နှစ်ပေါင်းများစွာ လူတိုင်းလိုလို စားသောက်လာတာတွေက ကင်ဆာကို မဖြစ်စေနိုင်။ ကင်ဆာကို မကာကွယ်နိုင်။ ကင်ဆာကို မပျောက်ကင်းစေနိုင်။ အစားအသောက်အတွက် မကြောင့်ကျသင့်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တာကို ကင်ဆာမဖြစ်ခင်ကရော ကင်ဆာကုသနေစဉ်မှာပါ စားသောက်နိုင်တယ်။

1. Cancer-Fighting Foods ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ https://dr-tint-swe.blogspot.com/2021/04/cancer-fighting-foods.html
10. Chemotherapy ခီမိုသာရာပီနဲ့ အပ်စိုက်ကုသနည်း မတူပါ https://dr-tint-swe.blogspot.com/.../05/chemotherapy_28.html
11. Filgrastim injection ထိုးဆေး https://dr-tint-swe.blogspot.com/.../filgrastim-injection...
12. Last Chemo Day ခီမိုသွင်းရတဲ့ နောက်ဆုံးနေ့ https://dr-tint-swe.blogspot.com/2022/04/last-chemo-day.html
13. Paclitaxel injection ကင်ဆာကုသဆေး https://dr-tint-swe.blogspot.com/.../paclitaxel-injection...
14. ဖြည့်စွက်စာ အားမပေးပါ https://dr-tint-swe.blogspot.com/2022/01/blog-post_225.html
2. Cancer and Sugar Myth ကင်ဆာ နှင့် သကြား အထင်မှား https://dr-tint-swe.blogspot.com/2021/06/cancer-and-sugar.html
3. Cancer Foods ကင်ဆာအတွက် အစားအစာ https://dr-tint-swe.blogspot.com/2022/04/cancer-foods.html
4. Cancer Foods ခဏခဏတင်ရသော်လည်း လူကြိုက်မများ လူဖတ်နည်း လိုနာသူရှားသောစာ https://dr-tint-swe.blogspot.com/2022/07/cancer-foods.html
5. Cancer-Fighting Foods ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ https://dr-tint-swe.blogspot.com/.../cancer-fighting...
6. Chemo and White Blood Cell Counts ခီမိုသာရာပီ နှင့် သွေးဖြူဥနည်းခြင်း https://dr-tint-swe.blogspot.com/2022/04/chemo-and-white-blood-cell-counts.html
7. Chemo-radiation ခီမို + ဓါတ်ကင်ခြင်း https://dr-tint-swe.blogspot.com/2022/04/chemo-radiation.html
8. Chemotherapy (ခီမို) အတွက် (၁၅) ချက် https://dr-tint-swe.blogspot.com/2021/04/chemotherapy.html
9. Chemotherapy ခီမိုသာရာပီ အကြောင်း အကျဉ်း https://dr-tint-swe.blogspot.com/2022/07/chemotherapy.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ