Meals တနပ်စာနဲ့ မပြီးပါကြောင်း

ကျမ အမေ ရင်သားကင်ဆာ အဆင့် ၂ ပါ ၃၀ ရက်နေ့ ခွဲစိတ်ပါ့မယ် အားရှိအောင် ဘာတွေကျွေးရမလည်းရှင့်

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ၃၀ ရက်နေ့မှာခွဲမယ်ဆိုတာကို ၃၁ ရက်နေ့ မှာဖတ်ရတယ်။ အမှန်က မြန်မာပြည်မှာက ဒိနေရာထက် ၁၂ နာရီလောက်စောတယ်။

အစားအသောက်ဆိုတာ တနေ့မှာ ၂-၃-၄ ထပ်စားတယ်။ 

ဘာအစာဖြစ်ဖြစ် စားလိုက်တာနဲ့ သွေးထဲကိုရောက်တယ်။ အာဟာရဓါတ်တွေ သွေးထဲရောက်မှသာ ကိုယ်ခန္ဓာက ရမယ်။

လျှာကနေစပြီး နည်းအမျိုးမျိုးနဲ့ သွေးထဲရောက်တယ်။ အစာအိမ်ထဲကအစာတွေ အလွန်ဆုံး ၄ နာရီဆိုကုန်ပြီ။ အောက်ဆင်းတယ်။ 

အာဟာရဓါတ်တွေ အကြမ်းပြောရရင် မပါမဖြစ်တာက ကဆီဓါတ် ခေါ် အင်နာဂျီရစေတဲ့ အစားအသောက်တွေ။ အင်နာဂျီကို ကယ်လိုရီနဲ့ တိုင်းတယ်။ ကယ်လိုရီဆိုတာ ထိုင်ရာကနေ ထတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ အလေးအပင်မတာ စတာတိုင်းအတွက် အသုံးပြုတဲ့ ယူနစ်ဖြစ်တယ်။ သာမန်လူတယောက် တနေ့မှာ ကယ်လိုရီ ၂၀၀၀-၂၅၀၀ လိုတယ်။ 

အသားဖြစ်စေဘို့ ပရိုတင်းလိုတယ်။ အသားမျိုးစုံ၊ ငါး၊ ဥအမျိုးမျိုးနဲ့ ပဲတွေကနေ ရတယ်။ ဗီတာမင်တွေက အများအားဖြင့် အသီးအရွက်တွေ အသီးတွေကနေရတယ်။

ရှည်ရှည်ဝေးဝေး မရေးတော့ပါ။ ခဏခဏ (ခဏခဏ) တင်ပြထားပြီးပြီ။

အခုစားလိုက်ရင် အလွန်ဆုံး နေ့တဝက်အတွက်သာဖြစ်မယ်။ တထိုင်စား၊ တခါစား၊ တနပ်စားနဲ့ မပြီးပါ။ အစားအစာ တမယ်တည်းနဲ့ မပြီးပါ။

ခွဲစိတ်လူနာကို မေ့ဆေးဆရာဝန်က မခွဲခင် အစားအသောက်ဆင်ခြင်ခိုင်ပါဦးမယ်။

ကင်ဆာနဲ့ အစားအစာအကြောင်းလည်း တရက်ခြားနှစ်ရက်ခြားလောက် တင်ပြနေရတယ်။

နည်းပေးကြတာတွေကလည်း မှန်တာ သင့်တာကနည်းပြီး ဟိုပြောဒီပြောက များတယ်။ အဲဒါမျိုးသာ မဟုတ်မှတ်သူက ပိုများတယ်။

ဒေါက်တာတင့်ဆွေ

Comments