Protein foods ပရိုတင်း

ဆရာခင်ဗျာ ကျွန်တော်အသက်က ၂၉ လူပျိုပါ ကျွန်တော်အိမ်မှာ ကိုယ့်ဘာသာကိုယ် ပဲနို့ရယ် ကြက်ဥရယ် ငှက်ပျော်သီးရယ် ဘီစကစ်လေးရယ်ကို ဖျော်သောက်ပါတယ် အပြင်မှာ ရောင်းနေတဲ့ protein တွေဝယ်မသောက်နိုင်လို့ပါ အဲ့လိုဖျော်သောက်ခြင်းက protein ဖြစ်စေလားဆရာ ရောင်းတဲ့ဟာတွေလောက်မကောင်းပေမယ့် protein မရမှာစိုးလို့ပါ ကျွန်တော်ကိုယ်တိုင်လုပ်သောက်တာလေး မေးကြည့်တာပါဆရာခင်ဗျာ

အရင်က ပရိုတင်းကို အသားဓါတ်လို့ အလွယ်ခေါ်ကြတယ်။ မမှန်ပါ။ ပရိုတင်းလို့သာခေါ်သင့်တယ်။ အသား မဟုတ်တာတွေကနေလည်း ရတယ်။ အခြေခံအချက်က အသား + ငါး + ဥ + ပဲ တွေကနေ ပရိုတင်းရတယ်။

လူစားတဲ့အသားမှန်သမျှက ပရိုတင်းဓါတ်ရတယ်။ အသားအမည်တွေ မထည့်တော့ပါ။

ငါးအားလုံးကနေလည်း ပရိုတင်းဓါတ်ရတယ်။ ပုစွန်ကလည်းရတယ်။ ပင်လယ်စာတွေကနေလည်း ရတယ်။ 

ဥအားလုံးကနေလည်း ရတယ်။ 

နို့ကနေလည်း ရတယ်။ နို့နဲ့လုပ်တဲ့အစားအသောက်တွေကနေလည်း ရတယ်။

အစေ့အဆံတွေက နေလည်း ရတယ်။

ပဲမှန်သမျှကနေ ရတယ်။ ဟင်ဒူဘာသာဝင်တွေက အသားမစားပါ။ ပဲစားကြလို့ ကျန်းမာတယ်။ 

အစားအစာအမျိုးအစားအလိုက် အနည်းအများတော့ရှိတယ်။ ထည့်မရေးတော့ပါ။

ဒေါက်တာတင့်ဆွေ

၂၉-၈-၂၀၂၀

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ