Relatives ဆရာဝန်ခေါင်းရှုပ်ရသော အခေါ်အသုံး နာမ်စားများ

ညီမယောကျာ်(ယောက်ျား) အဆုပ်ကင်ဆာပါ

ညီမယောက်ျား = မတ်

အမရဲ့ ယောက်ျား = ခဲအို

သမီးရဲ့သမီး = မြေးမိန်းကလေး

သမီးရဲ့သား= မြေးယောက်ျားလေး

သားကောင်မလေး = ချွေးမ

သမီးကောင်လေး = သားမက်

လှလှ ခေါင်းကိုက်နေလို့ = စာရေးသူလား တခြားသူလား မသိနိုင်။

အိမ်ကအဖေ နေမကောင်းလို့ = တခြားအိမ်မှာနေသူ တယောက်ရှိသေးသလိုလို။

တချို့က သမီးကောင်လေးလို့ရေး မေးတယ်။ အသက်မေးတော့ စာရေးသူထက် ကြီးနေတယ်။

တချို့က သားကောင်မလေး။ အသက်မေးတာ့ သူ့ထက်ကြီးနေတယ်။

ကျွန်တော့မိန်းမလို့ပြောတာ သိပ်မယဉ်ကျေးလှပါ။ ဇနီးလို့ရေးသင့်တယ်။

ကျမယောက်ျားဆိုတာထက် ကျမခင်ပွန်း။ ကျမအိမ်သား။ ကျမအိမ်ထောင်ဘက်။

စာရေးသူကိုမမြင်ရတဲ့ ဆရာဝန်ဆီကို စာရေးတဲ့အခါ ရိုးရိုး၊ ရှင်းရှင်း၊ အတည့်၊ အမှန်၊ ယဉ်ယဉ်ကျေးကျေး ရေးသင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ