Relatives ဆရာဝန်ခေါင်းရှုပ်ရသော အခေါ်အသုံး နာမ်စားများ

ညီမယောကျာ်(ယောက်ျား) အဆုပ်ကင်ဆာပါ

ညီမယောက်ျား = မတ်

အမရဲ့ ယောက်ျား = ခဲအို

သမီးရဲ့သမီး = မြေးမိန်းကလေး

သမီးရဲ့သား= မြေးယောက်ျားလေး

သားကောင်မလေး = ချွေးမ

သမီးကောင်လေး = သားမက်

လှလှ ခေါင်းကိုက်နေလို့ = စာရေးသူလား တခြားသူလား မသိနိုင်။

အိမ်ကအဖေ နေမကောင်းလို့ = တခြားအိမ်မှာနေသူ တယောက်ရှိသေးသလိုလို။

တချို့က သမီးကောင်လေးလို့ရေး မေးတယ်။ အသက်မေးတော့ စာရေးသူထက် ကြီးနေတယ်။

တချို့က သားကောင်မလေး။ အသက်မေးတာ့ သူ့ထက်ကြီးနေတယ်။

ကျွန်တော့မိန်းမလို့ပြောတာ သိပ်မယဉ်ကျေးလှပါ။ ဇနီးလို့ရေးသင့်တယ်။

ကျမယောက်ျားဆိုတာထက် ကျမခင်ပွန်း။ ကျမအိမ်သား။ ကျမအိမ်ထောင်ဘက်။

စာရေးသူကိုမမြင်ရတဲ့ ဆရာဝန်ဆီကို စာရေးတဲ့အခါ ရိုးရိုး၊ ရှင်းရှင်း၊ အတည့်၊ အမှန်၊ ယဉ်ယဉ်ကျေးကျေး ရေးသင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments