Single-Dose Therapy တကြိမ်သာပေးလို့ရတဲ့ ပဋိဇီဝဆေး

(ကန်တော့)

၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။

၂။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။

၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။

အပေါ်ကစာ ၃ပိုဒ်က ဆရာ့ဆောင်းပါးထဲကစာသားတွေပါရှင့် အဲ့ထဲနံပါတ် ၁ နှင့်၃ ကိုနားလည်ပါသည် အလယ်ကစာကြောင်းနားမလည်လို့ပါရှင် ပိုးသတ်ဆေးက လိင်ဆက်ဆံပြီး တကြိမ်ထဲသောက်ရတာပါလားပိုးသတ်ဆေးဆိုတာသတ်မှတ်ထားတဲ့ရက်ပြည့်အောင်သောက်ရတယ်လို့ကြားဘူးလို့ပါကျွန်မကိုတချက်လောက်ရှင်းပြပေးပါရှင့်ကျေးဇူးတင်ပါတယ်ရှင့်

ဘယ်စာထဲကလဲ။ ပဋိဇီဝဆေးတွေထဲမှာ တကြိမ်သာသောက်ရတာလည်း ရှိတယ်။

google ထဲမှာတွေ့တာပါဆရာ ဆီးပိုးနဲ့ပတ်သက်ပြီးဆရာရေးထာတာအများကြီးပါ အဲ့ထဲကမှမရှင်းတာလေးပိုင်းဖြတ်ပြီး ယူထားတာပါ ဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ပိုးသတ်ဆေးကိုတကြိမ်ထဲသောက်ရင်ဆေးယဥ်ပါးတာဖြစ်နိုင်ပါသလားရှင့်


Single-Dose Therapy တကြိမ်သာပေးလို့ရတဲ့ ပဋိဇီဝဆေး

တကြိမ်သာပေးလို့ရတဲ့ ပဋိဇီဝဆေးကို လိင်ကတဆင့်ကူးစက်ရောဂါတချို့ကို ပေးနိုင်တယ်။

Uncomplicated gonococcal infection (urethritis, cervicitis, proctitis) ခေါ် ရှုတ်ထွေးဆိုးဝါးခြင်းမရှိတဲ့ ဂနိုးရီးယားပိုးကြောင့် ဆီးသွားပြွန်ရောင်ခြင်း၊ သားအိမ်ရောင်ခြင်းနဲ့ အစာဟောင်းလမ်းရောင်ခြင်းတွေ အတွက်ဖြစ်တယ်။ PID ခေါ် တပင်ပါးဆုံတွင်းအင်္ဂါတွေရောင်ခြင်းကိုတော့ မရနိုင်ပါ။

ceftriaxone (125 mg) အသားဆေးတကြိမ်ထိုးပါ။ သို့မဟုတ် fluoroquinolone နဲ့ azithromycin (1 gm) ဆေးအတွဲ တကြိမ်သောက်ပါ။

အဖြစ်များတဲ့ Chlamydia trachomatis ကဲလ်မီးဒီးယားပိုးကြောင့်ဖြစ်တာအတွက် azithromycin (1 gm PO) သောက်ပါ။

လေ့လာမှုတွေအရ ဂနိုးရီးယားပိုးကို azithromycin တမျိုးတည်းလည်း ရတာတွေ့ရတယ်။ ဒါပေမဲ့ လမ်းညွှန်အဖြစ်တော့ ဆေးညွှန်းမပေးပါ။

Vaginal candidiasis မွေးလမ်းရောင်ခြင်းအတွက် fluconazole (150 mg) တကြိမ်သောက်ပါ။

vaginal trichomoniasis မွေးလမ်းရောင်ခြင်းအတွက် metronidazole (2 g) တကြိမ်သောက်ပါ။

ဆိုးဝါးရှုတ်ထွေးခြင်းမရှိတဲ့ ဆီးလမ်းပိုးငြ်ခြင်းအတွက် amoxicillin သို့မဟုတ် sulfamethoxazole/trimethoprim ဆေးကို ဆေးအလေးချိန်များများ တကြိမ်သာလိုတယ်။ ဒါပေမဲ့ ဆေးညွှန်အဖြစ်တော့ မသတ်မှတ်ပါ။

Scabies ခေါ် ဝဲ (ယားနာ) အတွက် permethrin ဆေးကို ဖြစ်တဲ့နေရာမှာ ၈ နာရီကနေ ၁၀ နာရီကြာထားပါ။ နောက်တပတ်အကြာ ထပ်လုပ်ပါ။ သို့မဟုတ် ivermectin (200 mcg/kg) ဆေး တကြိမ်သောက်ပါ။

Exudative pharyngitis ခေါ် group A beta hemolytic streptococcus ပိုးကြောင့် အာခေါင်ရောင်ခြင်းအတွက် အသက် ၆ နှစအောက် benzathine penicillin G 600,000 units တကြိမ်ထိုးပါ။ ၆ နှစ်အထက် 1.2 million units တကြိမ်ထိုးပါ။ စားဆေး ၁၀ ရက်ပေးတာနဲ့ မကွာခြားတာ တွေ့ရတယ်။ ဆေးမတည့်တာတော့ သတိထားပါ။

တကြိမ်တည်း ပဋိဇီဝဆေး vancomycin အကြောသွင်းဆေးသည် လူနာများကို အကျိုးပြုနိုင်သည်။

သတိပြုရန်

meta-analysis of randomized trials လေ့လာမှု ၂၅ ခုလုပ်တော့ ရောဂါလက္ခဏာခံစားနေရတဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဆေးတကြိမ်တည်းပေးခြင်းဟာ ပေးရိုးပေးစဉ် တကြိမ်ကပေးနည်း (trimethoprim/sulphamethoxazole စားဆေး ၃ ရက်မှ ၁၄ ရက်) လောက် ထိရောက်မှုမရှိတာတွေ့ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း