Ventolin Dosage ဘယ်လောက် ဘယ်နှစ်ခါရှူရမလဲ

မဂ်လာ (မင်္ဂလာ)ပါဆရာ သမီးလေးအသက်က ၇နှစ်ပါ။ asthma ရှိပါတယ်။ flohale ည တချက် ရှူနေရပါတယ်။ ဒီနေ့ည ၇နာရီမှာ ရှူပြီးပါပြီ။ ည၉နာရီမှာ နောက်တခါထပ်ရှူမိလို့ပါ။ အန္တရာယ်ရှိလားရှင့်။ ရှူမိတာ ၁နာရီလောက်ရှိပြီ။ ခုချောင်းနည်းနည်းဆိုးနေလို့။ ခါတိုင်းမဆိုးဘူးရှင့်။

Ventolin Dosage ဘယ်လောက် ဘယ်နှစ်ခါရှူရမလဲ

- Acute Episodes or Symptoms Associated with Bronchospasm ပန်းနာကျပ်လာချိန်

အသက် ၄ နှစ်အထက်

ပါးစပ်ကနေ တခါရှူ ၂ ကြိမ်၊ ၄ နာရီမှာ ၆ နာရီ တခါ ရှူပါ။

တချို့လူနာတွေ တခါရှူ ၁ ကြိမ်၊ ၄ နာရီမှာ တခါ ရှူပါ။

- Recommended Dosage for Prevention of Exercise-Induced Bronchospasm ကိုယ်လက်လှုပ်ရှားမှုကြောင့်ဖြစ်တဲ့ ပန်းနာ

အသက် ၄ နှစ်အထက်

ကိုယ်လက်လှုပ်ရှားမှု မလုပ်ခင် ၁၅-၃၀ မိနစ်မှာ ပါးစပ်ကနေ တခါရှူ ၂ ကြိမ် ရှူပါ။

Ventolin inhaler ပန်းနာရှူဆေး https://dr-tint-swe.blogspot.com/2021/01/ventolin-inhaler.html

Asthma ပန်းနာ https://dr-tint-swe.blogspot.com/2020/12/asthma-1.html

တချက် တခါ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ