မှန်းဖြေရင် မှားနိုင်တယ်

ဆရာ ဆီးဖုံးပေါ်မာ(မှာ)အဖုလေးတွေပေါက်ပီး (ပြီး) ယားနေလို့ပါ အသက် ၂၄ နှစ်ပါဆရာ

ကျား-မ မသိ။ ဖြစ်တာဘယ်လောက်ကြာ မသိ။

24 ကို ၂၄ လို့ပြင်လိုက်တယ်။ Hi ကို ဖျက်လိုက်တယ်။ 

အကောင့်အမည်ဖတ်ရတာ အမျိုးသားလို့တော့ သိတယ်။ ဒါပေမဲ့ မေးခွန်းပေါင်း သောင်းခြောက်ထောင်မှာ တခါတခါ မေးသူတယောက် ဖြစ်သူတယောက်။ တခါတလေ အမျိုးသားက အမျိုးသမီးရောဂါ၊ အမျိုးသမီးက အမျိုးသားရောဂါ မေးတာတွေလာတယ်။ တချိုု့က အမျိုးသားဖြစ်ပြီး အမျိုးသမီးအမည်ယူတယ်။ တချို့ အမျိုးသမီးက အမျိုးသားအမည်သုံးတယ်။ တချို့အမည်တွေက ကျားလား မလား မသိနိုင်။

မှန်းဖြေရင် မှားကောင်း မှားနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ