မီးဖိုညှော်ကြောင့် ကင်ဆာမဖြစ်ပါ
ရင်သားမှာ ညှော်မိရာကနေ နာပြီးအကြိတ်ရှိမှန်းသိသွားတာပါ သိသိချင်း ဆရာဝန်ဆီ အားချင်းသွားတော့ ဆေး ၅ရက်စာပေးပြီး ပြန်လာခိုင်းပါတယ် အဲ့ဆရာဝန်ပေးတဲ့ဆေးသောက်တာရယ် နောက်အကြိတ်(အကျိတ်)အဖုဆို ပျောက်တဲ့ မြန်မာဆေးရယ်လိမ်းလိုက်တာ ၃ရက်အတွင်းပဲ အဲ့အဖုကသေးသေးပိစိလေးပဲရှိပြီး ပျော့ဖတ်သွားတာပါ တော်တော်ကိုသိသိသာသာကြီးကောင်းသွားတာပါ ၅ရက်ပြည့်လို့ ဆရာဝန်ဆီပြန်ပြရင် မပြောကောင်း မဆိုကောင်း ကင်ဆာမဖြစ်ပါစေနဲ့ဆုတောင်းနေရပါတယ် မဖြစ်တော့ မဖြစ်နိုင်လောက်ပါဘူးနော်အမတို့ အဲ့ဆိုချက်ချင်းကြီးပျောက်သွားရင်ရောဖြစ်နိုင်ချေရှိလားဟင် ပြောပြပါအုံးနော် အရမ်းစိတ်ပူပြီးကြောက်နေလို့ပါ အသက်က ၄၉ အမေဖြစ်တာပါ
ဆရာဝန်ကို မေးတာတော့ မဟုတ်။ သူ့အမတွေကို မေးတာ။ မမေးဘဲ ဖြေရရင် မီးဖိုညှော်ကြောင့် ကင်ဆာမဖြစ်ပါ။ တခြားရောဂါတွေလည်း မဖြစ်ပါ။ ညှော်မိရင် ယာယီအောက်စီဂျင်နည်းတာကိုသာ ခံစားရမယ်။ အကောင်းဆုံးရေမွှေးကို အကြာကြီးရှိူမိရင်လည်း အတူတူဘဲ။ အောင်စီဂျင်နည်းပါမယ်။ ကင်ဆာဟုတ် မဟုတ်ကတော့ စစ်ဆေးမှသာ သိမယ်။ နို့နာလိုဖြစ်တာက ပိုးသေဆေး + အနာအရောင် သက်သာဆေးနဲ့ ကောင်းနိုင်တယ်။ ဓါတုညှော်တချို့ကတော့ ကင်ဆာဖြစ်ကောင်း ဖြစ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment