Breast Lumps ရင်သားအကျိတ်မေးခွန်းများ

(ကန်တော့)
၁။ မေးချင်တာလေးရှိလို့ သိတဲ့သူများဖြေပေးကြပါနော် ညီမက ၂၀၂၁ နှစ်ကုန်လောက်က ရင်သားမှာ အကျိတ်ရှိတာ သတိထားမိလို့ August 2022မှာ ဆေးခန်း သွားပြကြည့်ပါတယ် ဒေါက်တာက‌ လက်နဲ့ပဲစမ်းကြည့်ပြီး အဆီကျိတ်လို့ပြောပါတယ် ဘာမှ လုပ်စရာမလိုပဲ ခွဲဖို့လဲမလိုသေးဘူးပြောပါတယ် အကျိတ်က မနာဘဲ သေးလဲသေးသေးတော့ မခွဲဘဲနေလို့ရသေးတယ်ပြောပါတယ်။ ဒါပေမယ့် ဆေးထိုး၊ဆေးသောက်လဲ မလုပ်ရဘူးပြောပါတယ် ဒီအတိုင်းနေလဲ မပျောက်သွားဘူး ပြောပါတယ်။(အကျိတ်က ၁လုံးတည်းပါ) အခု အကျိတ်က ၂နှစ်နီးပါးလောက်ရှိပြီး ကြီးလာတယ် ရင်သားမှာဆိုတော့ ရင်သားကင်ဆာဖြစ်မှာ စိုးရိမ်လို့ပါ ပြီးတော့ တစ်ခါတလေ အကျိတ်ကမနာဘဲ အကျိတ်ရှိတဲ့ဘက်က ရင်သားက စေ့စေ့နဲ့ ထိုးပါတယ် အမြဲတမ်းမဟုတ်ပေမယ့် သတိထားမိလာဝာာ ရက်စိပ်လာပါတယ်
မေးခွန်းအဆုံးထိ မကူးတော့ပါ။
ဆရာဝန်ကို မေးတာ မဟုတ်ပါ။ သူ့ညီမဖြစ်တာကို မေးတာဖြစ်ပါတယ်။ မက်စင်ဂျာ ဖတ်ပါရန်။
၂။ ညီမရဲ့ အသားစ အ‌ ဖြေပါ ရှင် သိတဲ့ အမတို့ ညီမလေးတို့ ပြောပြပေးပါရှင် စိုးရိမ် ရလားရှင်
ဆရာဝန်ကို မေးတာ မဟုတ်ပါ။ သူ့ညီမဖြစ်တာကို တခြားညီမလေးနဲ့ အမတွေကိုသာ မေးတာဖြစ်ပါတယ်။ မနေတတ်လို့ ဆရာဝန်က ဝင်ဖြေမယ်။
ဆေးစစ်ချက်တွေကို တင်တဲ့အခါ အမည်တွေ အချက်အလက်တွေကို ဖုံးထားသင့်တယ်။ မက်စင်ဂျာ ဖတ်ပါရန်။
Breast Fibroadenoma (F/A) အသက် ၂ဝ-၃ဝ အပျိုရွယ်တွေမှာ အများဆုံးဖြစ်တဲ့ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်။ နာလဲမနာဘူး။ အကျိတ်ကို သန့်သန့်လေး စမ်းလို့ရမယ်။ ဟိုဘက်-ဒီဘက်၊ အထက်-အောက် ရွေ့လို့ရတာမို့ ရင်သား Breast mouse ကြွက်လို့ ခေါ်ကြတယ်။ ခွဲရင် အတွေ့အကြုံရှိတဲ့ဆရာဝန်ကိုပြသင့်တယ်။ အရွယ်ငယ်သေးသူတွေအတွက် အမာရွတ်ကို အထူးသတိထားရတယ်။
Breast Lumps ရင်သားအကျိတ်များ https://dr-tint-swe.blogspot.com/2021/10/breast-lumps.html
Breast Lumps ရင်သားအကျိတ်မေးခွန်းများ https://dr-tint-swe.blogspot.com/2021/01/breast-lumps.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ