Cancer and Low Platelets Count ကင်ဆာသွေးမှုန်နည်းခြင်းနှင့် ဈေးသည်များ


၁။ သမီး plt အရမ်းကျသွားလို့ သွေးသွင်းတာလည်း မတက်လာဘူး(တက်မလာဘူး) ဆေးသောက်တာလည်း မတက်လာဘူး(တက်မလာဘူး)ဆရာ အဲ့ဒါစိုးရိမ်ရလားဆရာရှင့်
မေးတဲ့သူ အသက် မသိ။ ရောဂါခံ မသိ။
၂။ Plt ကျနေလို့ပါဗျ ဘယ်လိုအစားစာတေစားပေးp ဘာတေရှောင်ရမလဲဗျ မျှဝေပေးစေချင်ပါတယ်ဗျ (မေးခွန်းမေးသူမှာ ပီနဲ့ တေ ကင်ဆာတွေဖြစ်နေပါသည်။)
၃။ PLT သွေးအားနည်းတာကောင်းသွားသူများရှိကျရဲ့လားနော် ဘယ်ဆေးနည်းကိုသုံးခဲ့ကြလေး မျှဝေပေးပါလားနော်
၄။ ဆရာ ကျွန်တော်လည်း အသည်းကင်ဆာ platelet ကျနေလို့ပါ သောက်ရမယ့်ဆေး သိပါရစေခင်ဗျာ
ဆရာဝန်ကို မေးတာမဟုတ်ပါ။ ကွန်မင့်တွေ တခုတလေမှ မမှန်ပါ။ ဈေးသည်တွေက ပျဥ်းတော်သိမ်ရွက်၊ ကြက်ဥ၊ သင်္ဘောရွက်၊ သလဲသီး၊ နွားနို့၊ အိမ်ကြက်၊ အရိုးပြုပ်၊ အုန်းရည်၊ ပဲ၊ မှို၊ ရွေဖရုံသသီး၊ ပဲနီလေး၊ ကျွဲကောသီး၊ ထောပတ်သီး၊ ခါကြက်ဥ၊ သခွားသီး၊ တို့ဟူးသုပ်၊ ငါးဖယ်၊ အမဲသရက်ရွက်၊ ဂျုံမြက်နုဆေးတွေကို ရောင်းချကြပါသည်။
• ပျဥ်းတော်သိမ်ရွက်အစိမ်းတို့စားပေးပါ အစိမ်းရောင်အရွက်စားပေးပါ မမှန်ပါ။
• ကြက်ဥ အကာ တစ်နေ့(တနေ့) ၈ လုံးစားပါ။ မမှန်ပါ။
• ကြက်ဥပြုတ် တစ်နေ့(တနေ့) ၃ လုံး ၄လုံးစားပါ တစ်ပါတ်(တပါတ်)လောက်ဆို တက်လာပါမယ် မမှန်ပါ။
• သင်္ဘောရွက် အများ မလိုနဲနဲ ကျိတ်သောက် သိသိသာသာ တက်ပါတယ် မမှန်ပါ။
• သလဲသီးစားရင်လည်းတတ်ပါတယ်မရရင်တော့ဆေးသောက်ရပါတယ် မမှန်ပါ။
• သလဲသီး စားပေးပါ မမှန်ပါ။
• ကြက်ဥပြုတ်စားပါ အမေတုန်းက Plt 75 ကနေအဲဒါတွေကျွေးတာ တစ်ပတ်(တပတ်)တွင်း 214 ပြန်ဖြစ်သွားတယ် မမှန်ပါ။
• ကြက်ဥနွားနို့အိမ်ကြက်ပြုပ် အရိုးပြုပ် အုန်းရည် တနေ့ပဲတမျိုး မှိုဟင်းရွေဖရုံသသီးဟင်းပဲနီလေး ကျွဲကောသီး ထောပတ်သီး ခါကြက်ဥ သခွားသီးကြိတ်သောက် တို့ဟူးသုပ်စား ငါးဖယ်ကျော်(ကြော်)သုပ်စား ပဲနီလေးဟင်ချက်စား မမှန်ပါ။
• Orofer သံဓာတ်ဆေးသောက်တယ်။ Immunor သောက်တယ်။ မမှန်ပါ။
• အရိုးပြုတ်ရည်၊ကြက်ရိုးစွပ် ချက်တိုက်တယ်။ ဆိတ်ရိုးစွပ်ပြုတ်က အဖေနဲ့တော့တက်ပါတယ် အနားယူရပါတယ် မမှန်ပါ။
• ကျွန်တော့မိန်းမဖြစ်တုံးကအမဲသရက်ရွက်နေ့တိုင်းပေါင်းပြီးထွက်တဲ့အရည်သောက်တာPLTလုံးဝမကျဘူးလက်တွေ့ပါရေရှည်တော့သောက်ရတယ် မမှန်ပါ။
• သလဲသီး စားပါ FMAE က ဂျုံမြက်နုဆေးသောက်ပါဗျ မမှန်ပါ။
Platelets သွေးမှုံ ပုံမှန်အရေအတွက်ဟာ 150,000 ကနေ 450,000/microliter ရှိသင့်တယ်။ ဒါပေမဲ့ 50,000/microliter ထက်နည်းမှသာ တကယ်နည်းနေတဲ့ရောဂါလို့ သတ်မှတ်ပါတယ်။ Thrombocytopenia သွေးမှုံအရေအတွက် နည်းနေတာကို အများဆုံး သွေးလွန်တုတ်ကွေးမှာ တွေ့ရတယ်။
သွေးမှုံနည်းနေတိုင်း ရောဂါလက္ခဏာမပြတတ်ပါ။ ပြပြီဆိုရင် အရေပြားမှာ သွေးမဲပြာပြာထွက်နေတာ၊ သွေးခြည်ဥနေတာ၊ အရေပြားနဲ့ အမှေးပါးအောက်တွေမှာ သွေးယိုနေတာ၊ နှာခေါင်းသွေးယိုတာ နဲ့ သွားဖုံးသွေးယိုတာတွေ ဖြစ်လာမယ်။ သွေးနီဥနဲ့ သွေးဖြူဥ အမျိုးအစားနဲ့ အရေအတွက်တွေကိုလည်း စစ်ဆေးရပါမယ်။ နည်းနေနိုင်တယ်။ နေမကောင်းသလို ခံစားနေရနိုင်တယ်၊ အားယုတ်နေနိုင်တယ်၊ အစားပျက်နေနိုင်သေးပါတယ်။
သွေးမှုံနည်းနေခြင်း အကြောင်းရင်းများ
၁။ သွေးမှုံထုတ်ပေးမှု နည်းနေရခြင်း အကြောင်းရင်းများ
ဗီတာမင် ဘီ-၁၂ နည်းတာ၊ folic acid deficiency ဖေါလစ်အက်စ်နည်းတာ၊ လူကီးမီးယား၊ အသဲအလုပ်မလုပ်ခြင်း၊ သွေးထဲပိုးဝင်ခြင်းများ၊ သွေးလွန်တုပ်ကွေး၊ Hereditary syndromes မျိုးရိုး၊ Congenital amegakaryocytic thrombocytopenia မွေးရာပါ၊ Thrombocytopenia absent radius syndrome, Fanconi anemia, Bernard-Soulier syndrome, May-Hegglin anomaly, Grey platelet syndrome, Alport syndrome, Wiskott–Aldrich syndrome တခြားရှားပါးရောဂါတွေဖြစ်ပါတယ်။
၂။ သွေးမှုံဖျက်ဆီးခံနေရခြင်း အကြောင်းရင်းများ
Idiopathic thrombocytopenic purpura, Thrombotic thrombocytopenic purpura, Hemolytic-uremic syndrome, Disseminated intravascular coagulation, Paroxysmal nocturnal hemoglobinuria, Antiphospholipid syndrome, SLE, Post-transfusion purpura, Neonatal alloimmune thrombocytopenia, Splenic sequestration, Dengue fever (သွေးလွန်တုပ်ကွေး), HIV တွေဖြစ်ပါတယ်။
၃။ ဆေးတွေကြောင့်ဖြစ်ရခြင်း
Valproic acid, Methotrexate, Carboplatin, Interferon, Isotretinoin, Panobinostat, Other chemotherapy drugs, Singulair, H2 blockers and proton-pump inhibitors
၄။ တခြားအကြောင်းရင်းများ
Immunological platelet destruction (Heparin-induced) ရောဂါပြီးစနစ်ကြောင့်ဖြစ်ရခြင်း၊ မြွေပွေးကိုက်ခံရခြင်း။
ဘာတွေစစ်မလဲ
Coagulation tests သွေးခဲမှုစစ်ဆေးနည်းလုပ်ရမယ်။ ဖြစ်စေတဲ့အကြောင်းရင်းမတူရင် အဖြေမတူပါ။ ဥပမာ -
• ဗီတာမင်ကေ နည်းနေသူမှာ Prothrombin time ကြာမယ်၊ Partial thromboplastin time ကပုံမှန်ဖြစ်မယ်၊ Bleeding time သက်ရောက်မှုမရှိဘူး၊ Platelet count သက်ရောက်မှုမရှိဘူး။
• အက်စ်ပရင်ဆေးကြောင့်ဖြစ်တာဆိုရင် Partial thromboplastin time ပိုကြာတာတခုသာတွေ့မယ်။
• သွေးမှုံနည်းနေရင် Partial thromboplastin time ပိုကြာတာ နဲ့ Platelet count နည်းနေမယ်။
• Full blood count, Liver enzymes, Renal function, Vitamin B12 levels, Folic acid levels, ESR, Peripheral blood smear စစ်ဆေးနည်းတွေလုပ်နိုင်တယ်။
ဘယ်လိုကုသမလဲ
Hematologist သွေးဘက်ဆိုင်ရာအထူးကုဆရာဝန်ကို ပြရမယ်။ အကြောင်းရင်းအတိုင်း ကုသမှုမတူဘူး။ Thrombotic thrombocytopenic purpura ဆိုတာက အရေးပေါ်ဖြစ်တယ်။ Idiopathic thrombocytopenic purpura ဆိုရင် Prednisone and other corticosteroids, Intravenous immune globulin, Splenectomy, Danazol, Eltrombopag, Rituximab နဲ့ Romiplostim နည်းတွေ လုပ်ပေးနိုင်တယ်။
သွေးမှုန်နည်းရခြင်းအကြောင်းခံများ
၁။ ခန္ဓာကိုယ်ကလုံလောက်အောင်မထုတ်နိုင်ခြင်း၊
၂။ သွေးမှုန်များဆုံးရှုံးနေခြင်း၊
၃။ သွေးမှုန်တွေ ဖျက်ဆီးခံရခြင်း။
ကင်ဆာနှင့် သွေးမှုန်နည်းခြင်း
လင်ဖိုးများနဲ့ လူကီးမီးယား ကင်ဆာရှိသူတွေ သွေးမှုန်နည်းနိုင်တယ်။ ကင်ဆာအတွက် ခီမိုသားရာပီနဲ့ ဓါတ်ကင်ရလို့လည်း သွေးမှုန်နည်းနိုင်တယ်။ တချို့မှာ သွေးမှုန်ကို ကိုယ်ထဲမှာ ဖျက်ဆီးစေတဲ့ဓါတ်ရှိနေလို့ နည်းစေမယ်။
ကုသနည်းများ
၁။ လူနာကိုယ်တိုင်လုပ်နိုင်တဲ့နည်းများ
သွေးမထွက်အောင်ဂရုစိုက်နေထိုင်ခြင်း၊ ဥပမာ နှုတ်ခမ်းမွေးရန်ခြင်း၊ ထိခိုက်မိခြင်း၊ ထိခိုက်မိပါက အနာကို သေချာဂရုစိုက်ခြင်း၊ ဝမ်းမမာစေအောင်ဂရုစိုက်ခြင်း၊ (ဒါပေမဲ့ ဝမ်းနှုတ်ဆေးကို တလွဲမသုံးမိစေအောင် သတိပြုရမယ်။) aspirin, naproxen, or ibuprofen အနာအကိုက်သက်သာဆေးတွေ တကယ်လိုမှသာ သုံးရမယ်။ (ဘာတွေစားပါ။ ဘာတွေမစားနဲ့ မပါ။)
၂။ Platelet transfusion သွေးမှုန်သွင်းပေးခြင်း၊
High platelets သွေးမှုံများနေခြင်း https://dr-tint-swe.blogspot.com/2021/01/high-platelets.html
Platelets Count သွေးမှုန်အရေအတွက် https://dr-tint-swe.blogspot.com/.../10/platelets-count.html
တကယ်လိုနေသူကို Platelet transfusion သွေးမှုန်သွင်းပေးရပါမယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ