Cancer and meats အသားနဲ့မတည့်တဲ့ကင်ဆာ မမွေးသေးပါ

ဒီ group ကကင်ကင်တို့ရေ အစားရှောင်ကြလားရှင့် ညီမတော့ နှာခေါင်းအရိုးကင်ဆာလို့ အဖြေထွက်ထားသူပါ အပြည်တည်တာ (ပြည်တည်တာ)တွေလဲရှိနေသေးတော့ ဘာအသားဆိုဘာအသားမှ မစားရတာငါးလရှိပါပြီ ကို့(ကိုယ့်မှာ) တော့ lin က သူများအသားစားတာကြည့်ပြီးဖြေသိမ့်ကျေနပ်နေရတယ် ပိုဆိုးတာက နှာခါင်းကနေမှ မျက်လုံးပါ ထိထားတာပါ တဖက်ဆို ကျဉ်းကျဉ်းလေးပဲမြင်ရတယ် ယောင်လဲယောင်(ရောင်လည်းရောင်) တယ် အစားများမှားကြည့်မျက်လုံးဆို ဖွင့်တောင်မရတော့ဘူး ဖစ်(ဖြစ်)နိုင်ရင် ခွဲချင်တာ နှာခေါင်းနဲ့မျက်လုံးက ခွဲစရာနေရာမရှိဘူးတဲ့ ခွဲရင် 5050 ပဲတဲ့ စိတ်တွေ တအားညစ် သောက်လိုက်ရတဲ့ဆေးတွေကလဲ လူကိုပိသတ်တော့မယ် ကင်ကင်သမားဆိုတော့ စာကရှည်သွားတယ် ကျေးဇူးပါရှင့်

ကင်ဆာနေရာတခုမှာ ဖတ်ရတာ။ စာရေးတာကို ဖတ်ဖြစ်အောင် ပြင်ရတယ်။ တဖက်လို့ရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ကင်ဆာလူနာတွေ အစားအစာရှောင်ရတာ အတော်ရှားတယ်။ ကိုယ်တသက်လုံးစားလာတဲ့ အသား၊ ငါး၊ ဥ၊ အသီးအရွက်၊ ပဲ အနည်းဆုံး ၉၅% စားနိုင်တယ်။ ဂေါက်ရှိသူတွေ ဝမ်းတွင်းကလီစာ မသင့်။ သွေးတိုးနဲ့ အငန် မတည့်။ ဆီးချိုနဲ့ အချို မတည့်။ အသားနဲ့မတည့်တဲ့ကင်ဆာ မမွေးသေးပါ။

processed meat လို့ခေါ်တဲ့ ပြုပြင်စီမံထားတဲ့ အသားတွေက ကျန်းမာရေးအတွက် မကောင်းပါ။ ကင်ဆာမရှိသူတွေနဲ့လည်း မသင့်ပါ။ အဲလိုအသားငါး မြန်မာပြည်မှာ ရောင်းချတဲ့၊ စားသောက်တဲ့ အလေ့အထ မရှိသေးပါ။

မေးတဲ့သူ ကုသပေးနေတဲ့ ကင်ဆာအထူးက ရှောင်ပါဆိုတာကလွဲရင် အကုန် စားသောက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ