Cancer Questions ကင်ဆာမေးခွန်းများ

၁။ ဘေလုံး spleen မှာကော ကင်ဆာဖြစ်တတ်သလားဆရာ မကြားဖူးလို့

ဘေလုံကင်ဆာဟာ အလွန်ဖြစ်ခဲတယ်။ ဘေလုံးဟာ လင်ဖက်တစ်စနစ်ကအစိတ်အပိုင်းဖြစ်လို့ လင်ဖိုးမားကင်ဆာ ဖြစ်နိုင်တယ်။ သူကနေစတာရှိတယ်။ သူ့ဆီကိုပြန့်လာတာရှိတယ်။ တချို့မှာ ဘေလုံးသွား သွေးကြောကင်ဆာ ဖြစ်နိုင်တယ်။

၂။ ဆရာ ကင်ဆာက B17 ချို့တဲတဲ့ရောဂါလို့ ရေးတင်ထားတာဖတ်ရတယ်ဆရာ အဲဒါဟုတ်လား ဟုတ်လျှင် B17 သောက်ဆေးတို့ ထိုးဆေးတို့က မထွက်ဘူးလားသိချင်လို့ပါ

ဗီတာမင် ဘီ-၁၇ ဆိုတဲ့ Amygdalin ဓါတ်ကို လေ့လာကြပါတယ်။ ကောက်ချက်က မသေချာလို့ထွက်ပါတယ်။ အဲလိုရေးခြင်းဟာ ဟောက်စ် ခေါ် ထိန့်လန့်အောင်လုပ်ထားတဲ့သတင်း အမျိုးအစားသာဖြစ်ပါတယ်။

Vitamin B17 Controversy ဗီတာမင်ဘီ-၁၇ သတင်း

ဖေ့စ်ဘွတ်မှာ အတော်များများရှယ်နေကြတဲ့ပို့စ်တခုရှိတယ်။ ကင်ဆာသည် ရောဂါမဟုတ်ပါ စီးပွားရေး သက်သက်သာ ဖြစ်သည်။ Amygdalin အရင်းအမြစ် (ဗီတာမင် B17) စသဖြင့် ပါတယ်။ တွေ့ကတည်းက ပင်ရင်းကို ရှာဖတ်ထားပါတယ်။ မရေးသေးဘူးလို့ဟာ အခုတော့ ရေးပါတော့မယ်။

၁၉၈ဝ ကျော်ကတည်းက FDA ကနေ တားမြစ်ထားတဲ့ ဆရာဝန်နည်းမဟုတ်တာတွေနဲ့ ကုသနေသူတွေက ကင်ဆာကို ဗီတာမင်ဘီ-၁၇ နဲ့ ပျောက်တယ်လို့ပြောပြီး ကုသနေကြတယ်။ ဗီတာမင်ဖြစ်ဖြစ် ဖြည့်စွက်စာဖြစ်ဖြစ် အားဆေးဖြစ်ဖြစ် ဆေးအတန်းအစားမှန်သမျှ FDA ကတားလို့မရပါ။ အဲတာကြောင့် ကနေ့ ဘလော့တွေ၊ ဝဘ်ဆိုက်တွေမှာ အဲတာမျိုးတွေ ပလူပျံနေပါတယ်။ Hoax လို့ပြောရမှာအားနာတယ်။

Vitamin B17 ကို Amygdalin လို့လည်းခေါ်တယ်။ Laetrile လို့လည်းခေါ်တယ်။ တိတိကျကျပြောရရင် Mandelonitrile beta-D-gentiobioside ဖြစ်တယ်။ Hydrogen cyanide ဓါတ်ရလာစေတယ်။ အဲတာက ကင်ဆာကိုကာကွယ်တယ်။ နိုင်တယ်လို့ ကြွေးကြော်တာဖြစ်ပါတယ်။

အဲတာထဲမှာပါတာ Glycoside nutrient ဖြစ်ပါတယ်။ ဗီတာမင်တွေမှန်သမျှ အသီးအနှံတွေ၊ အစေ့အဆံတွေကနေ ရပါတယ်။ ဗီတာမင်ဘီ-၁၇ ကိုစားရင် ဗီတာမင်အေ၊ စီနဲ့ အီးတို့နဲ့ဓါတ်ပြုပါတယ်။ သရက်ရွက်ကထွက်တဲ့ အင်ဇိုင်းနဲ့ပါ ဓါတ်ပြုရတယ်။ Cyanide ဓါတ်ဟာ ကင်ဆာကိုဆန့်ကျင်တာတော့ မှန်တယ်။ မျိုးဗီဇပြောင်းသွားတဲ့ဆဲလ်တွေကို တိုက်ဖျက်မယ်လို့ယူဆတယ်။ ဟုတ် မဟုတ် သုတေသနတွေ အများကြီးလိုပါတယ်။ အခုထိ သိရသလောက် ခိုင်မာမှု မရှိသေးပါ။

D-amygdalin ဓါတ်ကနေ ကင်ဆာဖြစ်လာတာကို နှေးစေနိုင်တယ်လို့ယူဆတယ်။ တောင်ကိုရီးယားနိုင်ငံ Kyung Hee တက္ကသိုလ်လေ့လာမှုအရ ယောက်ျားဆီးကျိတ်ကင်ဆာဆဲလ်တွေကို သက်ရောက်တာတွေ့ရတယ်။ အကောင်တွေကို လေ့လာတော့ ဆီးအိမ်ကင်ဆာကိုသက်သာစေတယ်။ လူအဆုပ်ကင်ဆာနဲ့ ရင်သားကင်ဆာမှာ ဘာမှမထူးခြားပါ။

ဗီတာမင်ဘီ-၁၇ ကို ခုခံအားကောင်းစေတယ်လို့ကြော်ငြာတယ်။ International Journal of Radiation and Biology ကထုတ်ပြန်ချက်ထဲမှာလည်း ဒီသဘောပါဝင်တာမှန်ပါတယ်။ သရက်ရ်ွ့အင်ဇိုင်းထွက်တာကို အားပေးတယ်။ အသည်းအလုပ်ကိုလည်း အားပေးတယ်။ နာတာသက်သာစေမယ်လို့လည်းဆိုပါတယ်။ ၁၉၆၂ ကတည်းကယူဆခဲ့တာပါ။ အခုတော့ သဘာဝအနာသက်သာဆေးအဖြစ်မသုံးတော့ပါ။ သွေးတိုးကျစေမယ်လို့လည်း ပြောကြတယ်။ ဒါပေမဲ့ သွေးကျဆေးအဖြစ်မသုံးပါ။

ဗီတာမင်ဘီ-၁၇ ပါတဲ့အစားအကောက်စာရင်း

Apricots (kernels/seeds) မက်မွန်သီး၊

Seeds from apples, cherries, peaches, prunes, plums, pears ပန်းသီးအစေ့၊ ဆီးသီးအစေ့၊ သစ်တော်သီးအစေ့၊ ပိချ် ခေါ် သစ်တော်သီးအစေ့၊

Lima beans ပဲသီး၊

Fava Beans ပဲသီး၊

Wheatgrass ဂျုံပင်ငယ်၊

Almonds ဗာဒံစေ့၊

Raspberries ရက်စ်ဘယ်ရီသီး၊

Elderberries အဲလ်ဒါးဘယ်ရီသီး၊

Strawberries စထောဘယ်ရီသီး၊

Blackberries ဘလက်ဘယ်ရီသီး၊

Blueberries ဘလူးဘယ်ရီသီး၊

Buckwheat ဂျုံ၊

Sorghum နှံစားပျောင်း၊

Barley ဘာလီ၊

Millet နှံစားပျောင်း၊

Cashews သီဟိုဠ်စေ့၊

Macadamia nuts ကြိမ်သီး၊

Bean sprouts ပဲပင်ပေါက်၊

Bamboo shoots မျှစ်။

ကင်ဆာပျောက်မယ်ဆိုတာ ကြော်ငြာအဆင့်သာဖြစ်တယ်။ ပုံထဲပါအစားအသောက်အားလုံးစားရင် ကောင်းပါတယ်။ ကင်ဆာကိုတော့ စနစ်တကျသာ ကုသသင့်ပါတယ်။ ဘာတွေစားစား ကင်ဆာ မပျောက်ပါ။

ဒေါက်တာတင့်ဆွေ

၂၇-၉-၂၀၁၈

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ