Chemotherapy and Pregnancy ကိုယ်ဝန်နှင့် ကင်ဆာဆေး

ဆရာ တခုလောက် မေးပါရစေရှင့်။ ကင်ဆာဝေဒနာသည်တဦးက ကီမိုဆေးသွင်းပြီး ၁ နှစ်အတွင်း ကလေးမယူရဘူးလို့ ဆရာဝန်တွေက ပြောထားပါတယ်။ မတော်တဆ ကလေးရခဲ့လျှင် ဘယ်လိုလုပ်သင့်ပါသလဲရှင့်။

Chemotherapy ခီမိုသာရာပီ ခေါ် ကင်ဆာဆေးပေးထားတဲ့အမျိုးသမီးတွေ ကိုယ်ဝန်နဲ့ ကလေးရဘို့အတွက် အထူးသတိထားရပါမယ်။ ကင်ဆာဆေးအတော်များမျာကနေ မျိုးဥကိုပျက်စီးစေတယ်။ သားသမီးရဘို့ ခက်တော့မယ်။ ဘယ်လောက်အထိ သက်ရောက်သလဲဆိုတာ လူနာရဲ့အသက်၊ ဆေးအမျိုးအစားနဲ့ ဆေးဘယ်လောက်ပမာဏ ပေးသလဲအပေါ်မှာ မူတည်တယ်။ ဒါ့ပြင် ကလေးထပ်ရမယ် မရဘူးပြောဘို့လည်းခက်ခဲတယ်။

အဲလို အများဆုံးဖြစ်စေနိုင်တဲ့ဆေးတွေကတော့ Busulfan ဆေး၊ Carboplatin ဆေး၊ Carmustine (BCNU) ဆေး၊ Chlorambucil ဆေး၊ Cisplatin ဆေး၊ Cyclophosphamide (Cytoxan ®) ဆေး၊ Dacarbazine ဆေး၊ Doxorubicin (Adriamycin®) ဆေး၊ Ifosfamide ဆေး၊ Lomustine (CCNU) ဆေး၊ Mechlorethamine ဆေး၊ Melphalan ဆေး၊ Procarbazine ဆေးနဲ့ Temozolomide ဆေးတွေဖြစ်တယ်။

ဖြစ်ဘို့နည်းတဲ့ဆေးတွေကတော့ 5-fluorouracil (5-FU) ဆေး၊ Bleomycin ဆေး၊ Cytarabine ဆေး၊ Dactinomycin ဆေး၊ Daunorubicin ဆေး၊ Fludarabine ဆေး၊ Gemcitabine ဆေး၊ Idarubicin ဆေး၊ Methotrexate ဆေး၊ Vinblastine ဆေးနဲ့ Vincristine ဆေးတွေဖြစ်တယ်။

အသက် ၃၅ နှစ်အောက်အရွယ်မှာ ကင်ဆာဆေးပေးရရင် နောက်ကိုယ်ဝန်ရဘို့ အခွင့်အလမ်းများပါသေးတယ်။ တချို့မှာ ရာသီဆင်းတာရပ်သွားပြီးနောက် ကင်ဆာဆေးပြီးဆုံးတဲ့အခါ ပြန်လာကြတယ်။

အပျိုမဖြစ်ခင် ကင်ဆာဆေးပေးရရင်လည်း ဆေးကုန်ပြီးနောက်မှာ ရာသီစလာနိုင်တယ်။ သွေးဆုံးတာ စောနိုင်တယ်။ ရာသီလာတိုင်းတော့ ကလေးရမယ်လို့မပြောနိုင်ပါ။ ကင်ဆာဆေးကနေ မျိုးဥကိုပျက်စီးစေနိုင်တယ်။ ဆောရီး။

ကင်ဆာဆေးပေးနေစဉ်မျာ ကိုယ်ဝန်မယူတာအကောင်းဆုံးဖြစ်တယ်။ သန္ဓေသားကို မွေးရာပါချို့ယွင်းချက်တွေဖြစ်စေနိုင်တယ်။ ထိရောက်တဲ့ တားဆေးသုံးနေသင့်တယ်။ ကင်ဆာဆေးကုန်သွားပြီးလည်း ချက်ချင်း ကိုယ်ဝန်မရစေတာ ကောင်းတယ်။ အနည်းဆုံး (၆) လ။ ရလာရင် ကိုယ်ဝန်လည်းပျက်ကျနိုင်တယ်။ ကင်ဆာရှိသူ ကိုယ်ဝန်ရရင် ကင်ဆာအထူးကုအဖွဲ့နဲ့ ပြသရပါမယ်။

ကိုယ်ဝန်ဆောင်စဉ်ဖြစ်လေ့ရှိတဲ့ကင်ဆာတွေကတော့

Cervical cancer သားအိမ်ဝကင်ဆာ၊

Thyroid cancer လည်ပင်းကြီးကင်ဆာ၊

Hodgkin lymphoma လင်ဖိုးမားဆမျိုး၊

Non-Hodgkin lymphoma လင်ဖိုးမားတမျိုး၊

Melanoma မှဲ့ကင်ဆာ၊

Gestational trophoblastic tumor ကင်ဆာတမျိုး၊

၂၀၁၂ ခုနှစ်ကလုပ်တဲ့ လေ့လာမှုတခုမှာတော့ ရင်သားကင်ဆာဆေးကုနေတဲ့ အမျိုးသမီး ၄၀၀ ကိုယ်ဝန်ရကြတာမှာ မွေးလာတဲ့ကလေးတွေ အရောဂါမရကြပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ