D&C သားအိမ်ခြစ်ခြင်း
သားအိမ်ခြစ်ထားတာ သွေးကျဲကျဲလေးတွေ နည်းနည်း ထွက်တယ် ဆီးသွားရင်လည်း အသားဖက်(ဖတ်)လို နည်းနည်း လေးလေး လေးတွေ ပါတယ် စိုးရိမ်ရလားရှင့်
ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ဖေ့စ်ဘွတ်ပေါ်လာကတည်းက ဆရာဝန်တွေကို သိပ်အားမကိုးကြတော့ပါ။
သားအိမ်ခြစ်တာကို ဆေးစာနဲ့ Dilation and curettage (D&C) လို့ခေါ်တယ်။ သားအိမ်ထဲက တစ်ရှူး ခေါ် အသားစတွေကို ဖြစ်ထုတ်ယူတာဖြစ်တယ်။ မခြစ်မီမှာ သားအိမ်ဝကို ချဲ့ပေးရလို့ ဒီ နဲ့ စီ စာလုံး ၂ ခု ဖြစ်လာတယ်။ သားအိမ်ခြစ်ရတဲ့ ရောဂါအခြေအနေတွေ တခုမကရှိတယ်။ အများအားဖြင့် ကိုယ်ဝန်ပျက်လို့။ ကိုယ်ဝန်ပျက်တိုင်းလည်း သားအိမ်မဖြစ်ရပါ။ ဆင်းစရာတွေ မကုန်မှသာ ခစ်ပါမယ်။ အကြောင်း ၂ မျိုးရှိတယ်။ တခုက မတော်တဆ ပျက်တာ Miscarriage လို့ခေါ်တယ်။ Abortion ဆိုတာက တမင်တကာ ကိုယ်ဝန်ကို ပျက်စေတာဖြစ်တယ်။ နောက်တမျိုးက သွေးဆုံးပြီးနောက် သွေးဆင်းတာပုံမှန်မဟုတ်သူတွေကို သားအိမ်ကင်ဆာဟုတ် မဟုတ် စစ်လိုတဲ့အခါ လုပ်တယ်။ Molar pregnancy ခေါ်စပျစ်သီကိုယ်ဝန်အတွက် သားအိမ် ၂ ခါခြစ်လေ့ရှိတယ်။
ဖတ် ဖက်
ဖတ်နဲ့ ဖက် မှားရေးတဲ့ မေးခွန်းတွေ အများကြီး။
၁။ ယိုးဒယားစပန့်တွေ အအေးသား မထူမပါးဖြစ်တာမို့ အခုရာသီဥတု နဲ့ အရမ်းလိုက်ဖတ်နေရော (လိုက်ဖက်)
၂။ တချို့လူတွေကို အဖတ် (အဖက်) မလုပ်ပါနဲ့
၃။ ခုခေတ်က ကျွဲဖက် တဲ့။ (အများညီ ဤကျွဲဖတ်)
၄။ ဆရာ့စာတွေ ဖက်(ဖတ်)လို့ မရဘူးတဲ့။
၅။ တခါတလေ မနက်အိပ်ယာထမှာ အဖြူဖက်(အဖြူဖတ်)ကလေးတွေပါးစပ်က ထွက်ပါတယ်ရှင့်။
၆။ ဆေးရုံကပေးလိုက်လို့ အဖြေစာရွက်လား ဘာအဖြေလဲဖက်(ဖတ်) ပေးကြပါအုံးဆရာတို့
၇။ ကင်ဆာဆေးစသွင်းဖို့ စစ်ခိုင်းထားတဲ့သွေးအဖြေပါ တက်သိနားလည်တဲ့ဆရာများ ဖက်ပေးကြပါဦးနော် (တတ်သိ လို့ ရေးရ။ ဖတ်ပေး လို့ ရေးရ။)
၈။ ဆရာရေးတဲ့စာတွေဖက် (ဖတ်) ဖူးတဲ့အထဲက ဂရင်ဂျီနာ ဆိုတာများလားဆရာ။
၉။ ဆရာရှင့် သမီးမောင်လေးက သွေးအားနည်းလို့ ဆေးရုံတက်ရပါတယ် ဆေးရုံဆင်းပြီး သမီးတို့စစ်ရှောင်ရတော့ သူသောက်နေတဲ့ဆေးတွေကအိမ်မှာကျန်ခဲ့တာပါ သူ့အသားတွေကဖြူဖက် (ဖတ်) ဖြူလျော်ဖြစ်တာနဲ့
၁၀။ ဆရာမဂလာပါရှင့် ဆရာ တင်တဲ့ ကျန်းမာရေးတွေကို နေတိုင်းဖက်(ဖတ်)ပါတယ်
ဖတ်
ကွမ်းဖတ်
ချဉ်ဖတ်
စာအံစာဖတ်
နိမိတ်ဖတ်
ဖတ်စာ (နောက်သုံး)
ဖတ်တငံ့ငံ့
ဖတ်ဖတ်ကျေ
ဖတ်ဖတ်မော
ဖတ်ရွတ်
ဖတ်လတ်ဖတ်လတ်
ဖတ်သီဖတ်သီ
ရွတ်ဖတ်
ဝါဂွမ်းဖတ်
ဟင်းဖတ်
အဖတ်တင်
အရည်အဖတ်
အမွေးစုတ်ဖတ်
ပေါက်ဖတ်ကောင်
နှမ်းဖတ်
ဖက်
ဆန့်ကျင်ဖက်
တဖက်တလမ်း
ဖက်၍ထားသည်
ဖက်ကတော့
ဖက်ခွက်စား
ဖက်ခွက်နာ
ဖက်စပ်လုပ်ငန်း
ဖက်စိမ်းရောင်
ဖက်ဆွတ်ပင်
ဖက်ဆွတ်မိုး
ဖက်ဆွတ်ရေ
ဖက်ညွန့်
ဖက်တွဲ
ဖက်ထစ် = အမြဲမကွာ
ဖက်ထုပ်
ဖက်ဖူးဆင် ခင်ခင်ကြိုက်တယ်
ဖက်ဖူးရောင်
ဖက်ပြိုင်
ဖက်ယမ်းနမ်းရှုပ်
ဖက်ယှဉ်ဖက်တွဲ
ဖက်ယားပင်
ဖက်ရမ်း
ဖက်ရှင်ဝတ်
ဖက်လဲတကင်း = စုံမက်နှစ်သက်ဘွယ်ပြုသည်
ဖက်သန်းပင်
ဖက်အုပ်ပင်
ဖက်ဆေးပေါ့လိပ်
ရှမ်းဖက်လိပ်
လက်ဖက်ခြောက်
သွားဖက်လာဖက်
ပွေ့ဖက်ထားသည်
ပေါင်းဖက်သည်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment