Diaper rash ဒိုင်ယာပါ လောင်ခြင်း

(ကန်တော့) 
၁။ ကျမက Diaper ရောင်းတယ်
Desitin Baby Diaper Rash Cream with Zinc Oxide ကိုလည်း ရောင်းသင့်။
ဟုတ်ကဲ့ပါဆရာ အဲ့ဒါတွေအကြောင်းသေချာလေ့လာပြီး တွဲလုပ်နိုင်အောင်ကြိုးစားပါ့မယ်
၂။ အဖွားရဲ့ မြီးညောင့်ရိုးအောက်ဘက် အရည်ပြားလေးတွေလန်ပြီးနီနေပါတယ် ဒိုင်ဘာဝတ်ပြီး ဒိုင်ဘာခရင်လည်း လိမ်းပါတယ် အဲ့ဒါအိပ်ယာနာဖြစ်တာလားရှင့် ဒိုင်ဘာနဲ့ထားရင် ဘယ်လိုမျိုး ကာကွယ်ရမလဲရှင့် ဖြေပေးကြပါဦးနော်
၃။ ဆရာ ကလေးကို diaper ဝတ်ပေးရင် ဘယ်လိုဆိုးကျိုးတွေရှိလဲရှင့်
နိုင်ငံတိုင်းမှာ ကလေးတွေကို ဒိုင်ယာပါဝတ်ပေးပါတယ်။ လောင်တတ်တာတခုသာ သတိထားရမယ်။ လောင်တာအတွက် ဆေးလည်းရှိတယ်။ လွယ်တယ်။  ရှာရမခက်။ စျေးလည်းမကြီး။ ဒိုင်ယာပါမဝတ်တာက ပိုခက်ခဲတယ်။ မသန့်ရှင်းပါ။ Baby Wipes အစနဲ့အမြဲတွဲသုံးတာ အကောင်းဆုံးဖြစ်တယ်။ တခြား ဘာတခုမှ အပိုမလိုတော့ပါ။
၄။ ဆရာရှင့် ကျွန်မသမီးလေးအသက် ၂ နှစ်ပါ။ သမီးလေးတင်ပါးမှာ အနီဝိုင်းလေးတွေ ပေါ်နေတာ အခု ရှေ့ဖက်ပါ ထပ်ဖြစ်လာလို့ ဘာဆေးလေးလူးပေးလို့ရလဲ သိချင်ပါတယ်ဆရာရှင့်။ အရင်ကတော့ ဒိုက်ပါဝတ်ပေးဖြစ်ပါတယ်ဆရာ။ အနီအဝိုင်းလေးတွေစပေါ်တော့ မဝတ်ပေးဖြစ်တော့ဘူးဆရာ။ သတိထားမိတာတော့ ဝကာပြီဆရာ။ ဆေးဆိုင်က ညွှန်းတာလေး လူးပေးပြီးပျောက်ပြီး အခုပြန်ပေါ်လာလို့ဆရာ။ ဘာကြောင့်ဖြစ်တာလဲ ဖြေကြားပေးပါအုန်းရှင့်။
မမြင်ကွယ်ရာနေရာတွေ အညစ်အကြေးစတာတွေကို ရေးရင် စာလုံးရွေးရတာကိုပြောပါရစေ။ ကန်တော့။ (ဖင်) လို့မသုံးဘဲ တင်ပါး၊ ဝမ်းသွာတဲ့နေရာ စသဖြင့်သုံးသင့်တယ်။ အရှေ့လို့ မရေးရပါ။ ရှေ့၊ ရှေ့ဖက်လို့ ရေးရတယ်။ အရှေ့ဆိုတာ နေထွက်တဲ့ အရှေ့အရပ်မျက်နှာဖြစ်တယ်။
ပို့တဲ့ပုံထဲကဆေးဟာ Betamethasone ဖြစ်တယ်။ အပြင်ကနေ ပေးလို့ရတဲ့ ကော်တီကိုစတီရွိုက် ဆေးအမျိုးအစား ဖြစ်တယ်။ သုံးကြည့်ရင် ချက်ချင်းဆိုသလို ခံစားနေရတာတွေ သက်သာစေတယ်။ ဒါပေမဲ့ သတိထားစရာတွေ အများကြီး ရှိတယ်။ Zinc oxide cream ဇင့်အောက်ဆိုက်ခရင်မ်သာသင့်တယ်။ မေးခွန်းထဲကဆေး မသင့်ပါ။ ကော်တီကိုစတီရွိုက် ဆေးဟာ ချက်ချင်းသက်သာစေတယ်။ ပျောက်သွားတာ မဟုတ်ပါ။ ဆေးအစွမ်းကုန်ရင် ပြန်ပေါ်တတ်တယ်။ ခဏခဏလိမ်းရင် ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ အရေပြားပါးမယ်။ ကိုယ်ရောင်မယ် စသဖြင့်။
၅။ရာရှင့် သမီးလေးက ၂လနဲ့ ၁၇ ရက်ပါ။ လည်ပင်းကြားမှာ အဖုလေးတွေထွက်ပြီးနီရဲနေတာ zinc oxide လူးတာ မသက်သာဘူးရှင့်။ zinc oxide က နေ့တိုင်းလူးရမှာပါလားရှင့်။ zinc oxide ကို တနေ့ ဘယ်နှစ်ကြိမ်လိမ်းရမလဲရှင့်။ အဲ့ဒါလိမ်းပြီး ကလေးပေါင်ဒါက ဘယ်အချိန်လိမ်းရမလဲရှင့်။ ခုဆို ပေါင်က အရစ်ကလေးတွေကြားမှာပါဖြစ်လာပြီရှင့်။ ခြောက်သွေ့ဖို့ အထူးဂရုစိုက်ရဲ့သားနဲ့ဖြစ်နေတာ၊ ကလေးအထူးကုဆီသွားဖို့လဲ အဆင်မပြေသေးလို့ပါရှင့်။ အဲ့လိုဖြစ်နေတာ ရောဂါပိုးတခုခုများလားရှင့်။ အစဉ်အားကိုးလျက်။
Diaper rash ဒိုင်ယာပါ လောင်ခြင်း
ကလေး + လူကြီးမှာ ဖြစ်နိုင်တယ်။ ကာကွယ်နည်း + ကုသနည်း အတူတူသာဖြစ်တယ်။ နီပြီး ခပ်ဖေါင်းဖေါင်းအကွက်တွေဖြစ်မယ်။ ကလေးအနေရခက်မယ်။ ကလေး အစာသစ်ကျွေးရာကနေ ဆီးထဲပါတာနဲ့ အဆင်မပြေလို့ဖြစ်တယ်။ စိုနေတာမသင့်ဘူး။ ကလေးသုံးပေါင်ဒါ၊ လိုးရှင်း စတာတွေနဲ့ သင့် မသင်ကြည့်ပါ။ အဆင်းမသင့်ရင် ရိစ်ခေါ် မှို နဲ့ ဗက်တီးရီးယားပိုးဝင်တတ်တယ်။ ကလေးကို ပိုးသေဆေးပေးရရင်လည်း ဖြစ်တတ်တယ်။ petroleum ointment or petroleum jelly, nonpetroleum jelly, lanolin products, white zinc oxide, baking powder တခုခုကို သုံးနိုင်တယ်။ ဇင့်အောက်ဆိုက်ခရင်မ် ခေါ် လိမ်းဆေးကို ကလေးငယ်လေးတွေမှာ အနှီးပူလောင်တာကို ကာကွယ်ဘို့နဲ့ ဖြစ်ရင် သက်သာစေဘို့ လိမ်းနိုင်တယ်။ တခြား အရေပြားမှာ နေမထိထိုင်မသာဖြစ်စရာနဲ့ သာမန်ထိခိုက်တာအတွက်လည်း လိမ်းနိုင်တယ်။ ဇင့်ခေါ် သွပ်ဓါတ်နဲ့ မတည့်သူကို မသုံးရပါ။ မိခင်မှာ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးချိုတိုက်နေစဉ်မှာ မသုံးသင့်ပါ။
ဆေးလိမ်းပေမဲ့လက်ကို အရင်ဆေးကြောပါ။ ဆေးလိမ်းပေးပြီး တခါထပ်ဆေးပါ။ ဒိုင်ယာပါစိုတိုင်းလဲပေးပြီး ဆေးမလိမ်းမီ လောင်တဲ့နေရာ၊ လောင်နိုင်တဲ့နေရာကို အရင်ခြောက်သွေ့စေပြီးမှသာ ဆေးလိမ်းပါ။ လိုတဲ့နေရာဘေးမလိမ်းပါနဲ့။ ဆေးလိမ်းပြီး ၇ ရက်နေလို့ မသက်သာရင်၊ မပျောက်သေးရင် ကလေးဆရာဝန်ပြပါ။ ပါးစပ်ထဲ မဝင်ပါစေနဲ့။
Desitin Maximum Strength Original Paste (Johnson & Johnson) – 40%
Booty Goo – 25%
Desitin Rapid Relief Cream (Johnson & Johnson) - 19%
Penaten Medicated Creme (Johnson & Johnson) - 18%
Bourdreaux’s Butt Paste – 16%
New Penaten Creamy Diaper Rash Treatment (Johnson & Johnson) - 13%
Aveeno Baby Soothing Relief Diaper Rash Cream – 13%
Triple Paste -12.8%
Weleda Calendula Diaper Rash Cream – 12%
Arbonne Herbal Diaper Rash Cream - 12%
California Baby Super Sensitive Diaper Rash Cream & Calming Diaper Rash Cream - 12%
Balmex Diaper Rash Cream with ActivGuard – 11.3%
Doctor Smith’s Premium Blend Diaper Ointment – 10%
Mustela Vitamin Barrier Cream - 10%
A & D Zinc Oxide Treatment Ointment - 10 %
Lansinoh Diaper Rash Ointment (Owned by Pigeon – an international company) – 5.5%
ဆီး၊ ဝမ်းအတွက် ဒိုင်ယာပါသုံးရတဲ့ အမျိုးသမီးကြီးတွေအတွက်လည်း လောင်တာဖြစ်ရင် လိမ်းဆေးလိုတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ