Formula Feedings နို့မှုန့်တိုက်နည်း

၁။ မင်္ဂလာပါဆရာရှင့် သားလေးမွေးထားတာ ၁၂ရက်ရှိပါပြီ။ မွေးစကနို့မထွက်လို့ နို့မှုန့်ကူရပါတယ်။ ခုနို့ထွက်ပေမယ့် ကလေးအတွက်လုံလုံလောက်လောက်မထွက်သေးလို့ နို့မှုန့်ကော မိခင်နို့ကော တိုက်ချင်ပေမယ့် ခုတိုက်နေတဲ့ နို့မှုန့်က နို့မတိုက်တဲ့ကလေးတွေအတွက်သာဆိုလို့ တကယ်လို့မိခင်န်ိုကော တိုက်ရင်အန္တရာယ်ရှိနိုင်လားရှင့်။
၂။ ဆရာရှင့် ကျွန်မ အသက် ၂၇ နှစ်ပါ။ အမွှာမွေးထားတာ ဒီနေ့ခုနှစ်ရက်မြောက်ပါ။ ဆေးရုံမှာတုန်းက ဆရာမတွေက နှစ်နာရီခြားတစ်ခါ(တခါ)နို့တိုက်ပါတယ်။ ကလေးဆရာဝန်က ဖော်မြူလာကူခိုင်းလို့မိခင်နို့တိုက်ပြီးတိုင်းလဲ နို့မူန့် တိုက်ခိုင်းပါတယ်။ မိခင်နို့ကတော့ လိူင်လိူင်ထွက်ပါတယ်။ အိမ်ပြန်ရောက်တော့မှ ဒုက္ခစတွေ့ပါတော့တယ်။ သမီး ပင်ပန်းမှာစိုးလို့ဆိုပြီး၊ နေ့ည နှစ်နာရီတခါ မတိုက်ခိုင်းပါဘူး။ ကလေးတွေအိပ်နေတာကောင်းတယ် ဆာရင် ငိုလိမ့်မယ်ဆိုပြီး၊ နို့မတိုက်ရပါဘူး။ ကလေးတွေ အိပ်တိုင်းမကောင်းဘူးဆိုတာပြောပြလို့လက်မခံကြပါဘူး။ ဖုန်းလဲ ခိုးသုံးနေရလို့ ဆရာရေးတဲ့ ပိုစ်အဟောင်းတွေလဲ ပြန်ရှာခွင့်မရပါဘူး။ ကလေးနို့တိုက်ချိန်နဲ့ပတ်သတ်ပြီး(ပတ်သက်ပြီး) ဆရာရေးခဲ့တဲ့ ပို့စ်ဖြစ်ဖြစ် ပြန်လည်ဖြေကြားပေးတာပဲဖြစ်ဖြစ် ကျေးဇူးပြုပြီး ကူညီပါရှင်။ ယောက်ခမနဲ့မိဘတွေကိုပေးဖတ်ချင်လို့ပါ။ စိတ်သောကရောက်နေရလို့ပါ။
၃။ ဆရာရှင့် ကျွန်မသမီးက ခု ၄ လကျော်ပါပြီ။ 7kg ကျော်ကျော်ပါ။ ခု ၄ ရက် ၅ရက်ရှိပြီ နို့ကောင်းကောင်း မဆို့ဘူးဆရာ။ လူကြီးတွေအစားစားရင်စားချင်နေတယ်။ ငယ်သေးတဲ့အတွက် မကျွေးသေးပဲထားပါတယ်ဆရာ။ ခုတလောနို့မဆို့တော့ ဖြည့်စွက်စာအနေနဲ့ ကျွေးသင့်ပြီလား၊ ၆ လပြည့်မှပဲကျွေးရမလား သိချင်လို့ပါဆရာ။ တစ်ချို့(တချို့)ကကျွေးလို့ရပြီ၊ တစ်ချို့(တချို့)က မကျွေးနဲ့ပြောလို့ ကျွေးရင် ကလေးအတွက် ဘာတွေထိခိုက်နိုင်ပါသလဲဆရာ။ ကျမကျန်းမာရေးအရ သမီးလေးကို မိခင်နို့တိုက်မရ နို့ဗူးပဲဆို့(စို့)ပါတယ်။ အရင်ကတစ်နေ့ကို ၈၀၀ ml နဲ့ ၉၀၀ ml ကြားသောက်ပါတယ်။ ခု ၄ ရက်ရှိပါပြီ ၆၀၀ ml ၇၀၀ ml ပြည့်အောင် မနဲချော့တိုက်နေရပါတယ်။ အာ့လိုပဲဖြစ်တတ်ပါသလားဆရာ။ ကျမက သမီးနို့မဆို့တော့ သူ့ကြည့်ပြီးငိုနေရတယ်ဆရာ။ ဗိုက်ဆာနေမလားဆိုပြီးတော့ ကျမဘာလုပ်ရမှန်းလည်းမသိတော့ပါဘူးဆရာ။ ကျမဘာလုပ်သင့်လဲ ဘယ်လိုတိုက်ရမလဲ ဖြေကြာပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာရှင့်။
မေးခွန်းတွေက တစ်တွေကိုပြင်ထားပါတယ်။ တယောက်က စို့ကို ဆို့လို့ မှားသိနေတယ်။ အာ့လိုပဲမဟုတ်ပဲ အဲလိုပဲလို့ရေးသင့်။ နို့မှုန့်တွေက မကွာကြပါ။ မစိုးရိမ်ပါနဲ့။ ကလေးဆိုတာ အစားအသောက်ပြောင်းကစ အဆင်မသင့်တာဖြစ်လေ့ရှိတယ်။ မကြာခင် ကျင့်သားရပါမယ်။
• မွေးစရက်ပိုင်း = တခါတိုက် 2 to 3 ounces (60–90 ml) ၃-၄ နာရီတကြိမ်။ တလအောက်ကလေး အိပ်တာများရင် နှိုးတိုက်ပါ။
• တလကျော်လာရင် တခါတိုက် 4 ounces (120 ml) ၄ နာရီတခါတိုက်ပါ။
• ၆ လရှိလာရင် တခါတိုက် 6 to 8 ounces (180–240 ml) တနေ့ ၄-၅ ခါတိုက်ပါ။
• ကလေးအလေးချိန် ၁ ပေါင် (453 grams) ရှိတိုင်း နို့မှုန့် 2 1⁄2 ounces (75 ml) လိုမယ်။
• တချို့ကလေးက တခါတိုက် 3 to 4 ounces (90–120 ml) နဲ့ တလကြီးလာတိုင်း 1 ounce (30 ml) တိုးတိုက်ပါ။ အများဆုံး 7 to 8 ounces (210–240 ml) တိုက်ပါ။
• ၂၄ နာရီအတွင်း 32 ounces (960 ml) ထက်မပိုစေပါနဲ့။
• မွေးခါစမှာ ကလေးတောင်းတိုင်း တိုက်နိုင်တယ်။ နောက်မှာ အချိန်သတ်မှတ်ပြီးတိုက်ပါ။
အမေရိကမှာ နို့မှုန့်ကို Formula milk လို့ခေါ်ကြတယ်။
• ကလေး ၂ ပါတ်အထိ တခါတိုက် ၆ဝ-၇ဝ စီစီ
• ၂ ပါတ်ကနေ ၂ လအထိ တခါတိုက် = ၇၅-၁ဝ၅ စီစီ = တနေ့ ၄၅ဝ-၇၃၅ စီစီ
• ၂ လကနေ ၆ လအထိ = တခါတိုက် ၁ဝ၅-၂၁ဝ စီစီ = တနေ့ ၉ဝဝ စီစီ
• ၆ လနောက် တခါတိုက် ၂၁ဝ-၂၄ဝ စီစီ = တနေ့ ၉ဝဝ စီစီ
• ၆ လမှာ ဖြည့်စွက်စာကျွေးရင် နို့ကို တနေ့မှာ ၆ဝဝ စီစီအထိလျှော့တိုက်နိုင်တယ်။
cc စီစီ = ml (မယ်လ်)
• 1/4 လက်ဖက်ရည်ဇွန်း = 1 ml
• 1/2 လက်ဖက်ရည်ဇွန်း = 2 ml
• 1 လက်ဖက်ရည်ဇွန်း = 5 ml
• 1 ဟင်းခပ်ဇွန်း = 15 ml
ဖတ်စရာများ -
• Baby Care ကလေးဗိုက်နာရင် http://doctortintswe.blogspot.com/2014/11/baby-care.html
• Baby health ကလေးကျန်းမာရေး http://doctortintswe.blogspot.com/2014/11/baby-health.html
• Breast Milk Storage နို့ရည်ကို ဘယ်လိုထားသိုမလဲ http://doctortintswe.blogspot.com/2014/11/breast-milk-storage.html
• Breast Milk Supply နို့ထွက်နည်းနေရင် http://doctortintswe.blogspot.com/2014/11/breast-milk-supply.html
• Breastfeeding linked to higher IQ မိခင်နို့တိုက်လျှင် ကလေးဉာဏ်ရည်မြင့် http://doctortintswe.blogspot.com/2015/03/breastfeeding-linked-to-higher-iq.html
• Contraceptives and breastfeeding ကိုယ်ဝန်တားဆေးများ နှင့် ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/contraceptives-and-breastfeeding.html
• Diet for a breastfeeding mom (1) နို့တိုက်မိခင် ဘာစားချင်လဲ (၁) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-1.html
• Diet for a breastfeeding mom (2) နို့တိုက်မိခင် ဘာစားချင်လဲ (၂) http://doctortintswe.blogspot.com/2015/01/diet-for-breastfeeding-mom-2.html
• Hepatitis B and breastfeeding အသဲရောင် ဘီ ပိုးရှိသူ မိခင် နဲ့ ကလေးနို့တိုက်ခြင်း http://doctortintswe.blogspot.com/2014/11/hepatitis-b-and-breastfeeding.html
• Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://doctortintswe.blogspot.com/2014/11/newborn-baby-and-water.html
• Newborn baby ကလေးမွေးတော့မယ်ဆိုရင် http://doctortintswe.blogspot.com/2014/10/newborn-baby.html
• Supplementary foods ကလေးအတွက် ဖြည့်စွက်စာ http://doctortintswe.blogspot.com/2014/11/supplementary-foods_18.html
• Weaning ကလေးကို နို့ဘယ်တော့ဖြတ်မလဲ http://doctortintswe.blogspot.com/2015/03/weaning.html
ဒေါက်တာတင့်ဆွေ
၁၅-၈-၂၀၁၇

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ