Lovely baby girl သမီးလေးကို

October 22, 2015 - 12:29am

ဆရာ ကိုယ်ဝန်ရှိမရှိက ရာသီရက်ကျော်တာနဲ့စစ်ကြည့်ရင်ရနိုင်မလား သိချင်ပါတယ်။

6/26, 6:53am

မင်္ဂလာပါဆရာ။ သမီး ကိုယ်ဝန်စရှိကတည်းက ဆရာ့ကျန်းမာရေးပို့စ်လေးတွေဖတ်ပြီး သမီးလေးကို ၁၉.၆.၂၀၁၆ တနင်္ဂနွေနေ့မှာ ကျန်းကျန်းမာမာနဲ့မွေးပါတယ်။ ဆရာကိုလည်း ကျေးဇူးတင်ပါတယ်။ သမီးလေး ပုံလေးပါဆရာ။ သမီး စာလုံးပေါင်းမှားတာရှိရင် ခွင့်လွှတ်ပါဆရာ။

ကွန်ဂရက်ကျူလေးရှင်း။

မေးတာတွေကို အခုပဲတွေ့တယ်။ ပဌမမေးခွန်းက ၂၀၁၅ အောက်တိုဘာ ၂၂ ရက်နေ့ကတည်းက။ ကလေးဓါတ်ပုံနဲ့အတူ ဒုတိယမေးခွန်းက ၂၀၁၆ ဇွန်လ ၂၆ ရက်ကဖြစ်ပါတယ်။ ကလေးတောင် ၃ လသမီးရှိနေပြီ။

ဖရင်းမဟုတ်သူတွေကမေးရင် မက်ဆေ့ချ်တွေက ဖစ်လ်တာလုပ်ပြီးလာနေတာကို ကျွန်တော်က မသိခဲ့ပါ။ သူများတွေက သင်ပေးလို့ ဖုန်းမှာ အရင် Accept လုပ်ရတယ်သိလာတယ်။ သိကတည်းက အချိန်တိုင်း အဲလိုလုပ်ပြီး သိလာတာကို ဖြေပါတယ်။ အခုဖုန်းကိုင်ချိန်ရတုန်းကြည့်တော့ အဲလိုလာထားတာ (၈၈၁) ခုရှိနေတယ်။ ဆောရီး။ ကျွန်တော့်မှာ ဖုန်းကနေ ဖေ့စ်ဘွတ်နဲ့ မက်ဆေ့ချ်ဖွင့်ချိန်က အလွန်မတန်နည်းပါတယ်။ 

ပုံထဲကကလေး ၆ နှစ်သမီးရှိပြီထင်တယ်။ နေကောင်းပါစေ။

ဒေါက်တာတင့်ဆွေ

၁-၁၀-၂၀၁၆

၁-၁၀-၂၀၂၂

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ