Lump အလုံး အကျိတ်

ကင်ဆာ အကျိတ်ဟာ ပျော့ပျာ့ပဲလား မာမာတောက်တောက် ကြီးပဲလား

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကင်ဆာဆိုရင် ဆရာဝန်ကို မေးလေ့ သိပ်မရှိကြပါ။

ကင်ဆာအကျိတ်ကို စမ်းမတွေ့ခင်ကတည်းက သိအောင်လုပ်ကြရပါတယ်။ အာထွာဆောင်း၊ မင်မိုဂရမ်၊ ဓါတ်မှန် စတဲ့ နည်းတွေနဲ့ သိနိုင်တယ်။ သွေးစစ်တာလည်း တချို့ကင်ဆာတွေအတွက် ကြိုတင်သိနိုင်တယ်။ ဥပမာ ယောက်ျားဆီးကျိတ်ကင်ဆာ။

အလုံး အကျိတ် စမ်းလို့ရပြီဆိုရင် တည်နေရာ၊ အရွယ်အစား၊ အရေအတွက်၊ အပျော့-အမာ၊ ရွေ့လို့ ရ မရ၊ နာ-မနာ၊ အရေပြားအောက် နီးသလား ဝေးသလား၊ သက်ဆိုင်ရာနေရာ (ဥပမာ ချိုင်း) မှာ တက်စေ့ခေါ် လင့်ဖ်နုတ် ရှိ မရှိ စတာတွေပါ စမ်းသပ်ရပါမယ်။

စမ်းကြည်ရာမှာ တချို့အကျိတ်က အပျော့ အမာ စမ်းရ နည်းနည်း ပိုခက်တယ်. ဥပမာ ရင်သား။

အလုံး အကျိတ်ခုဟာ မာနေတိုင်း ကင်ဆာ ဟုတ်ချင်မှ ဟုတ်ပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ