Normal labor after LSCS ဗိုက်ခွဲမွေးပြီးနောက် ရိုးရိုးမွေးလို့ရသလား

(ကန်တော့)
၁။ မင်္ဂလာပါဆရာ ဒုကိုယ်ဝန် ၂၉ ပတ်။ အရင်ကလေးအသက်-၅ နှစ်ခွဲ C-section မွေး horizontal ခွဲထား။ ဆရာရှင့် မွေးဖို့ရက်နီးလာလေလေ စိတ်ပူပြီးအိပ်မပျော်လေပါရှင့် ပထမကလေးလို CS မွေးရမလား သဘာဝအတိုင်းမွေးရမလား စဉ်းစားရအလွန်ကြပ်ပါသည်။ မေးခွန်း ၂ခုမေးခွင့်ပြုပါရှင်။ 
(1) Vbac မွေးပါက လွန်ခဲ့တဲ့ ၅နှစ်ခွဲက CS ဒဏ်ရာဟောင်းကွဲထွက်နိုင်ပါသလား
(2) ဒဏ်ရာဟောင်းကွဲသွားပါက ဆိုးကျိုးဆက်လေးပြောပြပါဆရာ ကျေးဇူးတင်ပါတယ်။ ဆရာနှင့် မိသားစု ကျန်းမာပါစေ။
၂။ မ အသက် - ၃၁ အိမ်ထောင် - ရှိ အိမ်ထောင်သက်တမ်း ၃ နှစ် ဆရာရှင့် ကျွန်မ သားဦးလေးကို ခွဲမွေးတာထားတာပါ။ သားလေးမွေးရာပါရောဂါတစ်ခု(တခု)ကြောင့်ပြင်ပတွင် သုံးရက်သာအသက်ရှင်ပြီး ဆုံးပါးသွားပါသည်။ သားလေးကိုမွေးထားတာ 6 လခွဲ ရှိပါပြီ။ ယခု ရာသီလာရန် ရက်ကျော်နေပါသဖြင့် ဆီးစစ်ကြည့်တော့ နောက်ကိုယ်ဝန် ထပ်ရှိနေပါသည်။  ခန့်မှန်းခြေ 4 ပါတ်ကျော်လောက်ဖြစ်နိုင်ပါသည်။ ခွဲမွေးထားတဲ့ မိခင်က ဒီလောက်အချိန်နှင့်နောက်ကိုယ်ဝန်ကို အဆင်ပြေပြေဆောင်နိုင်ပါ့မလားဆရာရှင့်။ ဘယ်လိုအကျိုးဆက်တွေများ ဖြစ်လာနိုင်မလဲ သိပါရစေဆရာ။ ကျေးဇူးတင်ပါတယ်။ (1-2-3 တွေကို ၁-၂-၃ လို့ ပြင်လိုက်တယ်။ ဆောရီး။)
အများအာဖြင့်တော့ ၁-၂ နှစ်ခြာမှ နောက်တယောက်ကို ခွဲမွေးလေ့ရှိတယ်။ အရင်တခါ ခွဲမွေးရတိုင်း နောက်ကိုယ်ဝန်လည်း ခွဲမွေးရမယ်တော့ တရားသေတော့ မရှိပါ။ 
Next pregnancy နောက်ကိုယ်ဝန် ယူချင်သူများ https://dr-tint-swe.blogspot.com/2021/09/next-pregnancy.html
Normal labor after LSCS ဗိုက်ခွဲမွေးပြီးနောက် ရိုးရိုးမွေးလို့ရသလား https://dr-tint-swe.blogspot.com/2021/01/normal-labor-after-lscs.html
LSCS and Normal labor ဗိုက်ခွဲမွေးတာနဲ့ ရိုးရိုးမွေးတာ https://dr-tint-swe.blogspot.com/2022/10/lscs-and-normal-labor.html
ကိုယ်ဝန်ဆိုတာ တယောက်နဲ့ တယောက် မတူ။ တယောက်တည်းမှာလည်း တခါနဲ့ တခါ မတူတတ်ပါ။ စိတ်ကို အပြုသဘောဆောင်ပါ။ 
ကျွန်တော် နယူးဒေလီ ယမုန်နာဆေးခန်းလေးမှာ ပဌမကလေးခွဲမွေးထားသူကို ဒုတိယကလေးကို ရိုးရိုးနည်းနဲ့ မွေးပေးတာ ၂ ယောက်။ နေကောင်းကြပါတယ်။ မွေးဖွါးဖြစ်စဉ်တလျှောက်လုံးမှာ စမ်းသပ်စစ်ဆေးနေရတယ်။ အကြောင်းရှိလည်း ခွဲမွေးစရာနေရာကလည်း မဝေးတဲ့နေရာမှာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ