Social လူမှုဆက်ဆံရေးဆိုတာ

ရန်ကုန်မှာ စိတ်ရှည်ပြီး အဆင်ပြေတဲ့ အဆုတ်နဲ့ရင်ခေါင်းဆရာဝန်သိချင်လို့ပါရှင်

အခုလို မေးတာမျိုးကို မကြာမကြာ ဖတ်ရတယ်။ မေးကြတာ သင့်မှန်ပါတယ်။

ကျွန်တော်ဆရာဝန် လုပ်သက်က ကြာပြီ။ ကိုယ်အလုပ်တာဝန်ကျနေတဲ့နေရာမှာ မေးခွန်းထဲကလို အရည်အချင်းရှိတဲ့ဆရာဝန်ရှိသလား မေးကြရင် ကိုယ့်အမည် ပါချင်မှပါနိုင်တယ်။ ကျွန်တော်က တခါတခါ အင်မတန်စိတ်ရှည်ပြီး တခါတခါ အလွန်တိုတယ်။ နိုင်ငံရေးထဲမှာလည်း အဲလိုဘဲ။ 

အမြဲလိုလို စိတ်ရှည်သူမျိုးလည်း နည်းနည်းတော့ ရှိတယ်။ စာ၊ ပညာ၊ ကဗျာနယ်ပယ်မှာ အလွန်နူးညံြ့ပည့်ဝတဲ့သူတွေလည်း နည်းနည်း ရှိတယ်။ ခက်ထန်သူတွေ၊ မောက်မာသူတွေလည်း တွေ့မယ်။ နှုတ်အာ အကျင့်အရ နင့်နင့်နာနာရေးတတ်သူတွေ စိတ်ရင်းက ကောင်းတာလည်း ရှိပါမယ်။ ဥပမာတွေ မပေးတော့ပါ။

လူမှုဆက်ဆံရေးဆိုတာ အလွန်မတန် ခက်ခဲနက်နဲတယ်။ တကြိမ်တခါကြုံတာလေးနဲ့ ကောက်ချက်ချခံရတတ်တယ်။ ရှေ့ကောင်း နောက်ဆိုးမျိုးလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ