Allergy အလာဂျီ မေးခွန်းများ

(၁) ကျနော့် အသက်က ၂၆ နှစ်ပါ။ အခု - မှာ နေပြီးအလုပ်လုပ်ပါတယ်။ ကျနော်ငယ်ငယ်ထဲက rubber allergy ရှိပါတယ်။ သရေဖိနပ်စီးမရပါ။ အခုဆိုရင် ဆိုင်ကယ်စီးရာမှာ ဆိုင်ကယ် လက်ကိုင်ကရာဘာနဲ့ဖြစ်နေပါတယ်။ ပြီးတော့ အလုပ်လုပ်ရာမှာလဲ စက်ချုပ်ရပါတယ်။ ဘောင်းဘီချုပ်ရာမှာ သရေကြိုးတွေနဲ့လဲ အထိတွေ့ရှိပါတယ်။ လက်မှာ အခု allergies ဖြစ်နေပြန်ပါပြီ။ ပျောက်မလားဆိုပြီး cream လိမ်းပီးနေတာ ပျောက်လိုက်ပြန်ဖြစ်လိုက်နဲ့ ၃ လလောက် ရှိနေပါပြီ။ သရေပင် ဒါမှမဟုတ် သရေနဲ့လုပ်ထားတဲ့ ပစ္စည်းမှန်သမျှ ခဏလောက်တောင်ထိမရပါဘူးခင်ဗျာ။ ထိပြီးရင် ယားလာပြီး အရည်ကြည်ဘုတွေက အမြှပ်တွေလိုပဲ ထွက်လာပါတယ်။ ဖောက်လို့လဲမနိုင်တော့ပါဘူး။ ပြီးရင် ပြည်တွေတည်ပြီးတော့ အနာတွေဖြစ်ပါတယ်။ ဆေးခန်းသွားပြတော့လဲ သူတို့ပေးတဲ့သောက်ဆေးနဲ့ လိမ်းဆေး လိမ်းပြီး ခဏလောက်ပဲ ပျောက်ပါတယ်။ 

(၂) ကျန်မ အလာဂျီ အကြောင်း တစ်ခါ(တခါ) မေးဖူးပါတယ်။ လမ်းညွန်မှုအတိုင်း Zyrtec cetirizine Hydrochloride 10mg ကို အမြဲ ဆောင်ထားရပါတယ်။ အခုနောက်ပိုင်း ဘာ Seafood မှ မစားလည်းပဲ၊ ၃ ရက် (သို့) ၄ ရက် တစ်ခါ လောက်ကို ဆေးသောက် နေရပါတယ်။ ပုံထဲအတိုင်း အဖု သေးသေး လေးတွေ စုပေါက်လာပြီး အကြီးကြီး ဖြစ်လာတယ်။ ခနွာကိုယ် အိုက်စပ်စပ် ဖြစ်လာရာ ယားတက်တယ်။ အရမ်းပူပြီး ခဏနေ မိုးရွာလို့ အေးသွားတာတို့၊ အပြင်ထွက် နေပူထဲသွားပြီး ခဏနေ Aircon ခန်းထဲ ရောက်သွားရင်တို့ အဲလို အချိန်တွေမှာလည်း ယားလာတက်ပါတယ်။ အဖုတွေက တင်ပါးမှာ စပေါက်တာ များပါတယ်။ ဒူးခေါင်းတို့ တစ်ဒေါင်ဆစ် တို့ကနေလည်း တစ်ခါတစ်လေ စထွက်တက်တယ်။ လည်းပင်း ပတ်လည်တွေမှာထွက်ရင် တစ်ညလုံး အိပ်လို့ မရတော့ဘူး။ အဲဒီဆေးကို စွဲပြီးသောက်တာ ကျန်းမာရေးနဲ့ ကိုက်ညီပါသလား။ တစ်ခြားဆေး ပြောင်းသုံးသင့်ရင်လည်း လမ်းညွန်ပေးပါ။

(အလာဂျီ) ဆိုတာ ရောဂါလက္ခဏာတခု ဖြစ်တယ်။ ရောဂါ မဟုတ်ပါ။ ဘာလို့ဖြစ်လာရသလဲ ဆိုတာ ရှောင်နိုင်မှ မဖြစ်မှာ။ မတည့်တာနဲ့ ထပ်တွေ့ရင် ထပ်ဖြစ်မယ်။ ဘာနဲ့မသင့်လဲ မသိတာက များတယ်။ ဆေးနည်းတွေ အများကြီးရှိတဲ့ထဲက ကိုယ်နဲ့သင့်တာ ရွေးရပါမယ်။ 

Allergy medications ဆေးတွေဟာ မတည့်တဲ့ Allergens ကို ခန္ဓာကိုယ်ကနေ တုံ့ပြန်မှုဖြစ်တာကို တားပေးတယ်။ တနည်းအားဖြင့် ရောဂါလက္ခဏာဖြစ်စေတဲ့ Histamine (ဟစ်တမင်း) ဓါတ်ထွက်တာကို တားတယ်။ ဆေးတွေက Pills ဆေးလုံး၊ Liquids ဆေးရည်၊ Nasal sprays နှာခေါင်းပန်းဆေး၊ Eyedrops မျက်စဉ်း၊ Creams လိမ်းဆေးနဲ့ Injections ထိုးဆေး အမျိုးမျိုးရှိတယ်။ ဆေး အတော် များမျာကို ဆေးလက်မှတ် မပါဘဲ ဝယ်လို့ရတယ်။

Antihistamines (အင်တီဟစ်စ်တမင်း) ဆေး၊

1. Oral antihistamines စားဆေး-သောက်ဆေး = ရောင်တာ၊ နှာရည်ယိုတာ၊ ယားတာ၊ မျက်ရည်များတာ၊ အင်ပြင် ထွက်တာတွေ သက်သာစေတယ်။ အလွယ်ဝယ်ရနိုင်တာတွေက Loratadine (Claritin), Cetirizine (Zyrtec) နဲ့ Clemastine (Tavist) တွေ ဖြစ်တယ်။ Fexofenadine (Allegra) ကိုတော့ ဆေးလက်မှတ်လိုမယ်။ ဘေးထွက်ဆိုးကျိုး = အာခေါင် ခြောက်မယ်။ အရင်မျိုးဆက် ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl) နဲ့ Chlorpheniramine (Chlor-Trimeton) တွေဟာ အိပ်ချင်မယ်။ 

2. Antihistamine nasal sprays နှာခေါင်းထဲပန်းဆေး၊ Azelastine (Astelin, Astepro) နဲ့ Olopatadine (Patanase) တွေကို ဆေးလက်မှတ်နဲ့ ဝယ်ရတယ်။ ဘေးထွက်ဆိုးကျိုး = ပါးစပ်ထဲ ခါးနေမယ်၊ ခေါင်းမူးမယ်၊ မူးဝေဝေနေမယ်၊ အားယုတ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ နှာခေါင်းပူနေမယ်၊ နှာခေါင်းသွေးယိုမယ်၊ ပျို့မယ်၊ နှာရည်ယိုမယ်၊ လည်ချောင်းနာမယ်၊ နှာချေမယ်။

3. Antihistamine eyedrops မျက်စဉ်း၊ Ketotifen (Zaditor, Alaway, others), Naphazoline (Visine-A, Opcon-A) တွေကို အလွယ်ဝယ်ရမယ်။ Naphazoline (Albalon), Emedastine (Emadine) နဲ့ olopatadine (Patanol) တွေက ဆေးလက်မှတ်လိုမယ်။ ဘေးထွက်ဆိုးကျိုး = မျက်စိနီနေမယ်၊ မျက်ရည်ယိုမယ်၊ ခေါင်းကိုက်မယ်။ contact lenses မျက်ကပ်မှန် တပ်ထားသူနဲ့ မသင့်ဘူး။

Corticosteroids (ကော်တီကိုစတီရွိုက်) ဆေးကတော့ ဆေးလက်မှတ်ပါဘို့ လိုမယ်။

1. Oral corticosteroids စားဆေး-သောက်ဆေး၊ ဥပမာ Prednisone (Intensol) နဲ့ Prednisolone (Prelone) ဆေး။ ဒီဆေးမျိုးကို ရေရှည် မပေးရဘူး ဘေးထွက်-ဆိုးကျိုးတွေက ဆိုးတယ်။ Cataracts မျက်စိ-အတွင်းတိမ်၊ Osteoporosis အရိုးအားနည်း၊ Muscle weakness ကြွက်သားအားနည်း၊ Delayed growth ကလေးတွေ ဖွံ့ထွားမှုနှေးတာတွေ ဖြစ်နိုင်တယ်။

2. Nasal corticosteroid sprays နှာခေါင်းထဲ ပန်းရတဲ့ဆေးကို နှာပိတ်၊ နှာခြေ၊ နှာခေါင်းယား၊ နှာရည်ယိုတာတွေ အတွက် သုံးနိုင်တယ်။ Fluticasone (Flonase), Mometasone (Nasonex), Budesonide (Rhinocort Aqua), Flunisolide (Nasarel), Triamcinolone (Nasacort AQ) နဲ့ Beclomethasone (Beconase AQ) တွေဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတွေက စားဆေးလောက် မဆိုးပါ။ Unpleasant smell or taste မခံချင်တဲ့ အနံ့-အရသာ၊ နှာခေါင်း အနေရခက်၊ နှာခေါင်းသွေးယိုမယ်။

3. Inhaled corticosteroids (စတီရွိုက်) ရှူဆေး၊ Flunisolide (Aerobid), Triamcinolone (Azmacort), Fluticasone (Flovent) နဲ့ Budesonide (Pulmacort) တွေဖြစ်တယ်။ ဘေးထွက်-ဆိုးကျိုးတွေ သိပ်မဆိုးပါ။ ပါးစပ် ပိုးဝင်တတ်တယ်၊ ချောင်းဆိုးမယ်၊ အသံသြမယ်၊ ခေါင်းကိုက်မယ်။

4. Corticosteroid eyedrops (စတီရွိုက်) မျက်စဉ်း၊ Dexamethasone (Maxidex, others), Fluor

ဒေါက်တာတင့်ဆွေ

၂၆-၁၀-၂၀၁၃

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ