Arimidex (anastrozole) 1 mg tablets စားဆေး

ဆရာရှင့် ၅နှစ် ဆေးစသောက် တဲ့နေ့ နောက်နေ့တွေကတည်းက ခြေဆစ်လက်ဆစ်နာပါတယ် နေ့တိုင်းသောက်ရင်း သောက်ရင်း ပိုပိုနာပီး(ပြီး) ရိုက်ခံထားရသလို နာပါတယ်ရှင့် ကျေးဇူးပြုပြီး ဘာဆက်လုပ်သင့်လဲ ဖြေပေးစေလိုပါတယ်ရှင့်

ရင်သားကင်ဆာမှာ အီစထိုဂျင်ဟော်မုန်းကို နည်းစေအောင်ပေးတဲ့ဆေး ဖြစ်တယ်။ selective, non-steroidal aromatase inhibitor လို့ ခေါ်တယ်။ သွေးဆုံးပြီးသူတွေကိုသာ ပေးလေ့ရှိတယ်။

ဘေးထွက် သက်ရောက်မှုများ

အရိုးအဆစ်နာ၊ ပျို့၊ အန်၊ မျက်နှာနီ၊ အားနည်း၊ ခေါင်းကိုက်၊ အစားပျက်၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ ရင်ပူ၊ ကိုယ်အလေးချိန်တိုး၊ စိတ်မူပြောင်း၊ အအိပ်ပျက်၊ အရေပြားခြောက်၊ အာခေါင်ခြောက်၊ ခေါင်းမူး၊ ဗဂျိုင်းနာခြောက်၊ ချောင်းဆိုး။

အရိုးအဆစ်နာသူ အနာအကိုက်သက်သာဆေးတခုခု လိုတဲ့အခါသောက်နိုင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ