Cordyceps ဟာဘယ်ဆေး

ငယ်သူငယ်ချင်းတယောက်က လင့်တခုပို့ပြီး မေးပါတယ်။

စိတ်ညစ်နေလား ကျောက်ကပ်မကောင်းလို့ ကျောက်တည်လို့၊အဆုပ်မကောင်းလို့ အသက်ရှုမဝလို့ စိတ်ညစ်နေပါသလား ကျောက်ကပ်ရောဂါနဲ့ ရှီးပတီး သတင်းအချက်အလက်ရေးပြစေချင်ပါတယ် သူငယ်ချင်း မှန်၏/မမှန်၏ ဟုတ်၏/မဟုတ်၏

အားလည်းနာတယ်။ အားလည်းမနာပါ။ အရပ်ဆေးနည်းတွေ၊ ဗမာဆေးတွေ၊ မြန်မာဆေးတွေမှာ အမည်နာမတွေနဲ့ ထည့်မရေးလည်း မဖြစ်။ ရေးပြန်တော့ အားနာ။ ဆေးနည်းပေးသူနဲ့ ဆေးရောင်းသူတွေကိုသာ အားနာရတာမဟုတ်၊ နေမကောင်းသူတွေကို ပိုပြီးအားနာရတယ်။ တည့်တည့်ပြောရတယ်။

အမည်ဆန်းတွေကို ဆေးနည်းပေးကြတယ်။ လောက်သေတဲ့။ အောင်မည်းညိုတဲ့။ သတ်ပုံမှန်က အောက်မဲညို။ အိုးဗုတ်ဆိုတာ။ သတ်ပုံမှန်က အိုးပုတ်။ ငှက်သိုက်တဲ့။ တချို့ကဌက်လိုက်တဲ့။ ဟာဘယ် ခေါ် အသီးအရွက်တွေကနေ ဆေးအဖြစ်သုံးရတာတွေ အမှန်ရှိပါတယ်။ ဥပမာ ဝမ်းနုတ်ဆေး၊

ငှက်ဖျားဆေး။ တခြားဆေးတွေ ထည့်မရေးတော့ပါ။

9 of the World’s Most Popular Herbal Medicines ကမာ္ဘမှာ ပေါ်ပြူလာအဖြစ်ဆုံး ဟယာဘယ်ဆေး ၉ မျိုးရှိပါသတဲ့။

1. Echinacea

2. Ginseng

3. Ginkgo biloba

4. Elderberry

5. St. John’s wort

6. Turmeric

7. Ginger

8. Valerian

9. Chamomile

သတိထားစရာတွေကလည်း များတယ်။ ဟာဘယ်ဆေးနဲ့ မသင့်တဲ့ နှလုံးနဲ့ အသည်းရောဂါတွေရှိတယ်။ ရေးထားတယ်။ ထုတ်လုပ်မှု စံချိန်စံညွှန်းလိုတယ်။ 

Herbal medicines Vs liver and heart diseases ဟာဗယ်ဆေးနှင့် အခံရောဂါများ https://dr-tint-swe.blogspot.com/2022/07/herbal-medicines-vs-liver-and-heart.html

Ginger ဂျင်း https://dr-tint-swe.blogspot.com/2021/07/ginger.html

အတော်ကိုခက်နေတာက မြန်မာပြည်မှာ 

- တရားလို့ ခေါင်းစဉ်တပ်တာနဲ့ ရေးတဲ့စာက သတ်ပုံမှန်ဘို့ မလိုတော့သလို။ 

- ရသလို့အမည်ပေးလိုက်တာနဲ့လည်း ရေးတဲ့စာ သတ်ပုံမှန်ဘို့ မလိုတော့သလို။ 

- မူရင်းစာတွေကို တမင်တကာ သတ်ပုံမှားပြီး တင်တာ ထုတ်တာတွေက တရားဝင်သလို။

- ဆေးဆိုတာနဲ့ ၉၆ ပါးပျောက်လိုဖြစ်နေတဲ့ အယူအဆ အတော်ကို မှားနေတယ်။

Cordyceps are used in traditional Chinese medicine, but there is currently no scientific evidence that their use has any clinical effect on human diseases.

အဲဒီ တရုပ်တိုင်းရင်းဆေး Cordyceps မှာ လူတွေကို ကုသနိုင်စွမ်း ဆေးသုတေသန အထောက်အထား ခိုင်လုံတာ မရှိပါတဲ့။

ဒါပေမဲ့ အဲဒီစာကို 13K ကလိုက်ခ် လုပ်ကြပြီး၊ 1.3K က ရှယ်ကြတယ်။ မြန်မာပြည်မှာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ