Foods For Health စားစရာနှင့် ရောဂါ

အစားအသောက်တွေအကြောင်း၊ အာဟာရအကြောင်း၊ ဗီတာမင်တွေ ဓါတ်ဆားတွေအကြောင်း အများကြီး တင်ပြထားပြီးပြီ။ အခုထောက်ပြလိုတာက စားစရာနဲ့ ရောဂါတွေ။ ခပ်တိုတို။ လူနာတွေကိုယ်တိုင်ဖြစ်ဖြစ်၊ လူနာစောင့်တွေဖြစ်ဖြစ်၊ ဖေ့စ်ဘွတ်ကနေ အကြံပေးသူတွေဖြစ်ဖြစ် စာခပ်ရှာရှည်ကို မဖတ်အား၊ မဖတ်ချင်ကြပါ။

ကျန်းမာရေးသုတ အတန်အသင့်သိသူတွေက ရဒ်မိ(တ်) ခေါ် အသားအမျိုးအစားက ကျန်းမာရေးနဲ့ မသင့်ကြောင့် ဖတ်မိကြလိမ့်မယ်။ အမဲသား၊ ဝက်သားနဲ့ ဆိတ်သားတွေက နှလုံးရောဂါအတွက် မသင့်တာတော့ မှန်တယ်၊ ကင်ဆာကို ဖြစ်စေတာလည်း မဟုတ်။ ကုသနိုင်တာလည်း မဟုတ်။ ပိုဆိုးစေမှာလည်း မဟုတ်ပါ။ 

အစားအသောက်ရဲ့ အခြေခံအကျဆုံး ကကြီးခေခွေးက -

၁။ သွေးတိုးရှိသူ အငန် (ဆိုဒီယန်) မတည့်။

၂။ ဆီးချိုရှိသူ အချို (သကြား) မည့်။

၃။ နှလုံးသွေးကြောကျဉ်းသူနဲ့ ကိုလက်စထောများသူတွေ ကိုလက်စထောများတာ မသင့်။

၄။ ဂေါက် ခေါ် ယူရစ်အက်စစ်များသူတွေ ကလီစာနဲ့ အရက် မတည့်။

အစားအစာတွေအကြောင်း တင်ကြသူတွေက ငရုတ်သီးဆို အရပ်ပုမှတဲ့။ ကစွန်းရွက် အရိုးနီမှတဲ့။ ခရမ်းသီး၊ ခရမ်းချဉ်သီး ကိုင်းသီးမှတဲ့။ အဲတာတွေက ကျန်းမာရေးနဲ့ မဆိုင်။ အရသာနဲ့သာ ဆိုင်တယ်။ ရောင်းပန်း လှစေတာသာဖြစ်တယ်။ 

ကင်ဆာဖြစ်လို့ အစားအသောက် ရှောင်စရာဆိုတာ မရှိသလောက် နည်းပါးတယ်။ ဟိုလူက ဟိုဟာမစားနဲ့၊ ဒီလူက ဒီဟာတွေရှောင် စကားတွေက မလိုတဲ့ သို့မဟုတ် မဟုတ်တဲ့ အပိုဆောင်းဒုက္ခသာဖြစ်တယ်။ တိုတိုသာ ရေးမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ