Google is developing cancer and heart attack detector ဂူဂယ်လ်ကနေ ကင်ဆာစမ်းသပ်စရာတီထွင်နေ

နာမည်ကြီး ဂူဂယ်လ်ကုမ္ပဏီ ကနေ ကင်ဆာရောဂါတွေ၊ စထုပ် ခေါ်တဲ့ နှလုံးအတက်ရတော့မဲ့အခြေအနေနဲ့ တခြားအရေးကြီးရောဂါတွေကို စမ်းသပ်နိုင်မဲ့နည်းလမ်းကို စမ်းသပ်ရှာဖွေနေပါတယ်။ 

ဆေးလုံးသောက်ပြီးရင် Nanoparticles လို့ခေါ်တဲ့ အလွန်ကိုသေးငယ်တဲ့ အမှုံလေးတွေ သွေးထဲကို ဝင်လာချိန်မှာ လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ ‘ဆင်ဆာ’ ကိရိယာကနေရှာဖွေပါမယ်။ ကိုယ်ခန္ဓာမှာ ဗီဝဓါတုဖြစ်စဉ် နည်းနည်းလေးပြောင်းလဲတာနဲ့ သိပါမယ်။ ကင်ဆာဖြစ်လာတဲ့ တစ်ရှူးဆိုတာ တစ်ရှူးအကောင်းတွေနဲ့ ခြားနားလှပါတယ်။ စမ်းသပ်မှုက စောတော့စောပါသေးတယ်။ Google X ယူနစ်ကနေလုပ်နေပါသတဲ့။

Nanoparticles ဆိုတာ သွေးနီဥရဲ့ ၂ဝဝဝ ပုံ ၁ ပုံသာရှိပါတယ်။ သူတို့ကနေ ကင်ဆာဆဲလ်အပါအဝင် ဆဲလ်တွေကို ပူးကပ်ပြီး ‘ဆင်ဆာ’ ကနေဆင့် သတင်းအချက်အလက်တွေပေးနေပါလိမ့်မယ်။ 

ဒေါက်တာတင့်ဆွေ

၃၁-၁၀-၂၀၁၄

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ