High white blood cell count သွေးဖြူဥများခြင်း အကြောင်းခံများ

သွေးဖြူဥများရတာ ဘာကြောင့်လဲရှင့် ဆောင်ရန်ရှောင်ရန်လေးတွေရောရှိလားမသိဘူး အမေအတွက် သိချင်လို့ပါရှင့် တစ်ခါ(တခါ)ဆေးသွင်းခါနီးရင်သွေးဖြူဥများတယ် ဆေးရုံ ၂ညအိပ် ၃ရက်တတ်ရမယ် ပိုးသက်(ပိုးသတ်)ဆေးသွင်းရမယ်အဲ့လိုဖြစ်တာမလို့ပါရှင့် ပုံမှန်ဆိုနေချင်းပြန်ပါရှင့် သွေးဖြူဥ များရတဲ့အကြောင်းရင်းကို တကယ်သိချင်လို့ပါရှင့် ကျေးဇူးပြုပြီးဖြေပေးပါအုံးနော်

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖတ်လိုက ဖတ်နိုင်။

1. ရောဂါပိုးတခုခုဝင်လို့ ခုခံတိုက်ဖျက်ရန် သွေးဖြူဥတွေ ပိုထုတ်ပေးရခြင်း၊

2. corticosteroids and epinephrine ဆေးတခုခုကြောင့် သွေးဖြူဥတွေ ပိုထုတ်ပေးရခြင်း၊ 

3. Myelofibrosis ရိုးတွင်းခြင်ဆီရောဂါ၊

4. ရောဂါပြီးစနစ်ရောဂါ၊

5. အကြောင်းခံရောဂါများ

6. Acute lymphocytic leukemia လူကီးမီးယား သွေးကင်ဆာ၊

7. Acute myelogenous leukemia (AML) လူကီးမီးယား သွေးကင်ဆာ၊

8. Allergy, especially severe allergic reactions ဆိုးဝါးသောအလာဂျီဖြစ်ခြင်း၊

9. Chronic lymphocytic leukemia လူကီးမီးယား သွေးကင်ဆာ၊

10. Chronic myelogenous leukemia လူကီးမီးယား သွေးကင်ဆာ၊

11. Polycythemia vera ရောဂါတမျိုး၊

12. Rheumatoid arthritis ရူမက်တစ်ရောဂါ၊

13. Smoking ဆေးလိပ်သောက်ခြင်း၊

14. Stress စိတ်ဖိအားများခြင်း၊

15. Tuberculosis တီဘီရောဂါ၊

16. Whooping cough ကြက်ညှာချောင်းဆိုး။

ကုသနည်းကတော့ ဖြစ်စေတဲ့အကြောင်းခံအပေါ်မှာ မူတည်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ