Milk types နွားနို့အမျိုးအစားများ

ခုတလော နွာနို့နဲ့ဆိုင်တာတွေရေးကြတာ သတိထားမိတယ်။ မသောက်သင့်ဘူးဆိုတာလဲပါတယ်။ သမတနဲ့ဆိုင်တာလဲ ဆက်ပါနေတယ်။ ကျွန်တော်က နွားနို့ထဲက အဆီအကြောင်းသာရေးပါမယ်။ အကာတွေမရေးလိုပါ။

နွားနို့အမျိုးအစားတွေကို အထဲမှာ အဆီပါဝင်မှုအရခွဲခြားရင် အမျိုးအစား (၅) မျိုးရှိပါတယ်။

1. Standardized milk စံချိန်ကိုက်နွားနို့၊

2. Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့၊

3. Reduced-fat milk (2%) အဆီလျှော့နွားနို့၊

4. Low-fat milk (1%) အဆီနည်းနွားနို့ နဲ့

5. Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားန်ို့တွေဖြစ်တယ်။

၁။ Standardized milk စံချိန်ကိုက်နွားနို့ဆိုတာ ကျွဲနို့နဲ့ အဆီထုတ်ထားတဲ့နွားန်ို့ကို ရောထားတယ်။ Fat အဆီ ၅့၆% နဲ့ Solid not fat (SNF) က ၈့၅% ပါတယ်။

၂။ Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့ထဲမှာ Fat အဆီ ၃့၂၅% နဲ့ Solids by weight က ၈့၂၅% ပါတယ်။ သူ့ကိုသောက်ရင် လယ်လိုရီ ၅ဝ%ကို အဆီကနေရမယ်။ အဆီပဝင်မှု များတာကြောင့် မွေးစကလေးတွေနဲ့ ၂ နှစ်သားအထိ ကလေးငယ်တွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။ 

၃။ Reduced-fat milk (2%) အဆီလျှော့နွားနို့ထဲမှာ Fat အဆီ ၂% သာပါတယ်။ အလေးချိန်အပေါ် မူတည်ပြီး တွက်ထားတာ ဖြစ်တယ်။ နွားနို့ရဲ့ အလေးချိန်ဟာ ပါနေတဲ့ရေအလေးချိန်ကများတယ်။ ရေက်နည်းအောင်လုပ်လိုက်ရင် အဆီရာနှုးန် များစေမယ်။ ကယ်လိုရီဟာ အဆီကနေ ၃၅% ရစေတယ်။ 

၄။ Low-fat milk (1%) အဆီနည်းနွားနို့ထဲမှာ Fat အဆီ ၁% သာပါတယ်။ ကယ်လိုရီဟာ အဆီကနေ ၂၃% ရစေတယ်။ 

၅။ Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားန်ို့ဆိုတာ အဆီကို အတတ်နိုင်ဆုံး ထုတ်ယူထားတယ်။ ဒါတောင်မှ ဝ့၅% အထိပါနိုင်သေးတယ်။ နွားနို့တခွက်ထဲမှာ အဆီ ဝ့၅ ဂရမ်ထက်တော့မများပါ။ အဆီကနေရမဲ့ ကယ်လိုရီ ၅% သာ ရှိမယ်။ လူကြီးတွေအတွက် အသင့်လျှော်ဆုံးနွားနို့အမျိုးအစားဖြစ်တယ်။ 

ဒေါက်တာတင့်ဆွေ

၃၀-၁၀-၂၀၁၄

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ