Milk နွားနို့

၁။ အဆီထုတ် နို့မှုန့်ကို ကင်ဆာလူနာများ သောက်လို့ရလား ဆရာရှင့်

ကင်ဆာလူနာ ကိုယ်တသက်လုံးစားလာခဲ့တာတွေ စားနိုင်။ ဖြည့်စွက်စာတွေ မလို။ ဖေ့စ်ဘွတ်ကပေးတဲ့ ဟိုဟာတွေစား ဒီဟာတွေမစားနဲ့ဆိုတာအကုန် လိုက်နာရန်မလို။ ကုသပေးနေတဲ့ ကင်ဆာအထူးကုဆရာဝန်က ရှောင်ခိုင်းတာကလွဲရင် စားနိုင်။ ကင်ဆာဆိုတာ အစာနဲ့ ကုသလို့မရ။

၂။ ဆရာရှင့် အမေက သွေးတွင်းအဆီများလို့ ဆေးသောက်နေရတာပါ။ နွားနို့နဲ့တည့်လားရှင့်

၃။ ဆရာရှင့် ကလေးအသက်က ၃နှစ် ၄လယောကျာ်းလေးပါရှင့်၊ မနက်အိပ်ယာ(အိပ်ရာ)နိုးတာနဲ့အသင့်သောက်နွားနို့ ၂၅၀မီလီသောက်ပါတယ်။ နေ့စဥ်ရက်ဆက်သောက်ပါများတော့ ဆိုးကျိုးရှိပါသလားရှင့်။

၄။ ဆရာခင်ဗျာ ကျနော့သားလေးက တနှစ်ခွဲကတည်းက နွားနို့ တနေ့ ၅၀၀ မီလီလီတာ သောက်လာတာ အခု သုံးနှစ်ရှိပါပြီ ဆက်ပြီး တိုက်လို့ရပါသလားဆရာ။ အသက်ဘယ်လောက်ထိဆက်ပြီးတိုက်လို့ရပါသလဲဆရာ။ ပမာန အနဲအများလဲ ပြောပြပေးပါဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာခင်ဗျာ။

၅။ ဆရာနွားနို့ကအကျိုးရှိလား အာဟာရမကောင်းရင် စိတ်ခွန်အားရော့(လျော့)တတ်လားဆရာ

လူတိုင်းစားသောက်တာတွေ သန့်ရှင်းရင် အကုန်ကောင်း။ အာဟာရမပြည့်သူ ရောဂါရနိုင်။ စိတ်ကတော့ စားနိုင်သောက်နိုင်သူတွေလည်း ရောဂါရတတ်ကြ။

၆။ နွားနို့က ဆူပြီးသားလား အစိမ်းလားဆရာ

လူသောက်သုံးရန် သင့်အောင်လုပ်ထားတဲ့ နွားနို့။

၇။ ဆရာရှင့် သဘာဝနွားနို့နဲ့ ready made နို့ဗူးတွေမှာဘယ်ဟာက ပိုစိတ်ချရပါသလည်းရှင့်။ ရိုးရိုးနွားနို့မှာ တီဘီပိုးပါလို့ ကလေးကို မတိုက်သင့်ဘူးလို့ ပြောပါတယ်။ သိချင်တာ ရိုးရိုးနွားနို့နဲ့ ဗူးနဲ့ပိုးသတ်ထားတဲ့ နို့ဗူးတွေရဲ့ ကွာခြားချက်ပါရှင့်။

၈။ နွားနို့သောက်နေရင်းနဲ့သိချင်တာလေးရှိလို့ပါဆရာ။ ဒီ USA က ရောင်းတဲ့နွားနို့တွေက ကျိုချက်ပြီးသောက်တာနဲ့ ဒီတိုင်းသောက်တာ ဘယ်ဟာက ပိုကောင်းပါသလဲ။ အဟာရ(အာဟာရ) ပိုပြည့်စုံပါလဲဆရာ။ နွားနို့က ဘယ်အချိန်သောက်ရင် အသင့်တော်ဆုံးလဲဆရာ။

ကြိုချက် နဲ့ ပြည့်ဆုံ သတ်ပုံတွေကို ပြင်လိုက်တယ်။ ဆောရီး။

နွားနို့အမျိုးအစားတွေကို အထဲမှာ အဆီပါဝင်မှုအရခွဲခြားရင် အမျိုးအစား (၅) မျိုးရှိပါတယ်။

1. Standardized milk စံချိန်ကိုက်နွားနို့၊

2. Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့၊

3. Reduced-fat milk (2%) အဆီလျှော့နွားနို့၊

4. Low-fat milk (1%) အဆီနည်းနွားနို့ နဲ့

5. Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားနို့်တွေဖြစ်တယ်။

၁။ Standardized milk စံချိန်ကိုက်နွားနို့ဆိုတာ ကျွဲနို့နဲ့ အဆီထုတ်ထားတဲ့နွားနို့်ကို ရောထားတယ်။ Fat အဆီ ၅့၆% နဲ့ Solid not fat (SNF) က ၈့၅% ပါတယ်။

၂။ Whole milk ဘယ်လိုမှ ပြုပြင်မထားတဲ့နွားနို့ထဲမှာ Fat အဆီ ၃့၂၅% နဲ့ Solids by weight က ၈့၂၅% ပါတယ်။ သူ့ကိုသောက်ရင် ကယ်လိုရီ ၅ဝ%ကို အဆီကနေရမယ်။ အဆီပါဝင်မှု များတာကြောင့် မွေးစကလေးတွေနဲ့ ၂ နှစ်သားအထိ ကလေးငယ်တွေအတွက် အသင့်တော်ဆုံးဖြစ်တယ်။

၃။ Reduced-fat milk (2%) အဆီလျှော့နွားနို့ထဲမှာ Fat အဆီ ၂% သာပါတယ်။ အလေးချိန်အပေါ် မူတည်ပြီး တွက်ထားတာ ဖြစ်တယ်။ နွားနို့ရဲ့ အလေးချိန်ဟာ ပါနေတဲ့ရေအလေးချိန်ကများတယ်။ ရေက်နည်းအောင်လုပ်လိုက်ရင် အဆီရာနှုးန် များစေမယ်။ ကယ်လိုရီဟာ အဆီကနေ ၃၅% ရစေတယ်။

၄။ Low-fat milk (1%) အဆီနည်းနွားနို့ထဲမှာ Fat အဆီ ၁% သာပါတယ်။ ကယ်လိုရီဟာ အဆီကနေ ၂၃% ရစေတယ်။

၅။ Skimmed milk/non-fat milk အဆီထုတ်ထားတဲ့နွားနို့်ဆိုတာ အဆီကို အတတ်နိုင်ဆုံးထုတ်ယူထားတယ်။ ဒါတောင်မှ ဝ့၅% အထိပါနိုင်သေးတယ်။ နွားနို့တခွက်ထဲမှာ အဆီ ဝ့၅ ဂရမ်ထက်တော့မများပါ။ အဆီကနေရမဲ့ ကယ်လိုရီ ၅% သာ ရှိမယ်။ လူကြီးတွေအတွက် အသင့်လျှော်ဆုံးနွားနို့အမျိုးအစားဖြစ်တယ်။

Pasteurised milk ခေါ် ပိုးကင်းစင်အောင်လုပ်ထားတဲ့နွားနို့ကိုသာ သောက်သုံးသင့်တယ်။ နွားနို့ကို ရေဆူအမှတ်ခေါ် 100 °C (212 °F) ထက်နည်းတဲ့အပူချိန်အထိ အပူပေးထားတယ်။ 60 °C (140 °F) ဒီဂရီအထိ ဖြည်းဖြည်းခြင်း ပူစေတယ်။ မိနစ် ၂၀ ကြာမယ်။ အဲလိုလုပ်ထားတဲ့နွားနို့က ရေခဲသေတ္တာထဲထားရင် နွားနို့စိမ်းထက် ကြာရှည် အထားခံတယ်။ အဲတာမှာ ပိုးရဲ့ စပိုးတွေကိုတော့ အကုန် မကင်းစေသေးပါ။ အဲတာကြောင့် တချို့နွားနို့ကို အဲလို ၂ ခါပြန်လုပ်ထားတယ်။

မြန်မာပြည်မှာ နွားနို့သောက်သုံးတဲ့အလေ့အထ အတော်နည်းသေးတယ်။ သောက်သုံးတာရော စီးပွါးဖြစ်လည်း လုပ်ကြစေချင်တယ်။ စည်းစနစ်ကျစေချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်ရမယ်။

Lactose free milk လက်တို့စ်ဖရီး နို့မှုန့် 

Soy milk ပဲနို့ 

Condensed Milk နို့ဆီ 

ကလေးနှင့် နွားနို့

အသက် ၂ နှစ်အရွယ်ကလေးတယောက် ကိုယ်အလေးချိန်မများလွန်းရင် နွားနို့တိုက်နိုင်။ ကိုယ်အလေးချိန် မများစေချင်ရင် အဆီဓါတ်နည်းတဲ့၊ မပါတဲ့ နွားနို့ကိုရွေးတိုက်ရမယ်။ အကြမ်းအားဖြင့် အသက် ၁ နှစ်ကနေ ၉ နှစ်ကလေးကို တနေ့ နွားနို့ ၂ ခွက်တိုက်သင့်။ အရွယ်ကြီးလာရင် ၃ ခွက်။

နောက်အကြံပြုချက်တခု

ကလေးတယောက် တနေ့ နွားနို့ 16 ounces (480 milliliters) တိုက်နိုင်။

ကလေးအရွယ်ရလာနဲ့ အစုံကျွေးရမယ်။ သံဓါတ်၊ အသား သို့မဟုတ် ပရိုတင်းဓါတ်ပါရမယ်။ ငါး၊ ဥ၊ ပဲ ပဲသီး၊ စသည်။

American Academy of Pediatricians အမေရိကန်ကလေးဆေးပညာအသင်းအကြံပြုချက်ကလေး ၁၂ လအထိ နွားနို့ မသင့်။

၁၂ လမှ ၂၄ လအထိ တနေ့ နွားနို့ ၁၂ အောင်စထက် မပိုသင့်။

၂ နှစ်မှ ၄ နှစ်အထိကလေး ၃၂ အောင်စထက် မပိုသင့်။

တခွက်ဆိုတာ

US Cup = 240ml (8.45 imperial fluid ounces) 

Australian, Canadian and South African Cup = 250ml

Skimmed milk ဆိုတာ ယူကေနဲ့ ယူအင်စ်အေမှာ ပါဝင်မှုအချိုးအဆ နည်းနည်းလေးတော့ကွာတယ်။ အဆီထုတ် (အဆီမဲ့) ဆိုတာ အဆီကြောင့်ရတဲ့ အာဟာရဓါတ်ကို မလိုချင်လို့ လုပ်ထားတာဖြစ်တယ်။ ကင်ဆာကိုကောင်းစေ ဆိုးစေ၊ ကိုဗစ်ကိုကောင်းစေ ဆိုးစေ မဟုတ်။ 

Types of Milk and Calcium နွားနို့ ပဲနို့ ကယ်လ်စီယမ် https://dr-tint-swe.blogspot.com/2022/07/types-of-milk-and-calcium.html

Milk နွားနို့ https://dr-tint-swe.blogspot.com/2021/01/milk.html

Lactose free milk လက်တို့စ်ဖရီး နို့မှုန့် https://dr-tint-swe.blogspot.com/2021/05/lactose-free-milk.html

Ensure အင်းရှူးဝါး https://dr-tint-swe.blogspot.com/2021/10/ensure.html

Soy milk ပဲနို့ https://dr-tint-swe.blogspot.com/2021/10/soy-milk.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ