Papillary carcinoma of the thyroid လည်ပင်းကြီးအိတ်ကင်ဆာတမျိုး

၁။ ဆရာ မဂ်လာပါရှင့် အကြံဥာဏ်လေး တောင်းခံပါရစေရှင့် Group မှာလည်း post တင်ထားပါတယ်ရှင့် လည်ပင်းမှာအကျိတ်တွေ့လို့ FNCA test အပ်နဲ့သွေးဖောက် စစ်လိုက်ရာမှ Papillary carcinoma တွေ့ပါတယ်ရှင့် ကင်ဆာအကျိတ်ကိုခွဲထုတ်ဖို့စဥ်းစားရ သိပ်ခက်ခဲနေလို့ပါ လွန်ခဲ့သော ၁၉နှစ်က ကင်ဆာမဟုတ်သော အကျိတ်ကိုခွဲစိတ်ခဲ့ရာမှ ညာဘက်အသံကြိုး ထိခိုက်ပျက်စီးသွားပါတယ် လေပြွန်လည်းကျဥ်းနေပါတယ် လည်ပင်းအသက်ရှုပေါက် ဖောက်ဖို့နေရာကလည်း 6cm လောက်ပဲရှိတော့ နေရာမလုံလောက်​ဖြစ်နေပါတယ် ခွဲနေရင်းအသက်ပါ ပါသွားနိုင်တယ်လို့ပြောပါတယ် မခွဲပဲထားရင်လည်း ကင်ဆာဆိုတော့စိတ်မချရဘူး ပြောပါတယ်ရှင့် Papillary thyroid carcinoma ကို မခွဲစိတ်ပဲတစ်ခြားဘယ်နည်းလမ်းတွေနဲ့ထပ်ပြီးမပျံ့ပွားအောင် အသက်ရှည်အောင်လုပ်လို့ရနိုင်မလဲ သိပါရစေရှင့် ဆရာအသက်ရှည် ကျန်းမာပါစေရှင့်

၂။ မင်္ဂလာပါဆရာ အသက် ၂၈ နှစ်ပါ မိန်းကလေးပါ အပျိုပါ။ ခုလက်ရှိ - မှာအလုပ်လုပ်နေပါတယ်။ လည်ပင်းမှာ အလုံးလေးတွေ့လို့ပါ။ အလုံးကတံတွေးမျိုချရင် အပေါ် အောက်ရွှေ့လျားပြီး မနာပါဘူးရှင့်။ သတိထားမိတာ တနှစ်ကျော်လောက်ရှိပါပြီ။ စရောက်ခါစဆိုတော့ ပိုက်ဆံကုန်မှာစိုးတာရယ် ဘယ်ကဘယ်လို စပြရမှန်း မသိတာရယ်ကြောင့် ဒီလိုပဲနေလာခဲ့ပါတယ်။ ခုတနှစ်ကျော်မှအလုံးကနဲနဲကြီးလာသလိုသတိထားမိတာကြောင့် ဆရာဝန်နဲ့ပြီး biopsy လုပ်ခဲ့ပါတယ်ရှင့်။ အသားစယူပြီး result ကတော့ Suspicious for papillary thyroid carcinoma လို့ပြောပါတယ်ရှင့်။ ခွဲရမယ်ပြောပါတယ်။ ကိုယ့်ကိုကိုယ်မယုံနိုင်ဘူး ဖြစ်ရပါတယ်။ FB က post တခုမှာ မလိုအပ်ပဲ ခွဲစိတ်လို့အဆင်မပြေတာလေးတွေလည်းတွေ့လိုက်ရတော့ အတော်ကြောက်မိပါတယ်ရှင့်။ ဆရာဆီက အကြံလေးလိုချင်လို့ပါရှင့်။

တနှစ်လို့ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ရရစ် ၂ ခုထည့်ရတယ်။ ဖေ့စ်ဘွတ်မှာ ဘယ်လိုလူကရေးသလဲ မသိပဲ မယုံသင့်။ ဆရာကလည်း လည်ပင်းနဲ့ ကင်ဆာ အထူးကုဆရာဝန် မဟုတ်။

၃။ ဆရာ သမီးက အသက်၂၂ ရှိပါပြီ။ papillary thyroid carcinoma လို့ အဖြေထွက်ထားတာပါ။ prognosis ကောင်းမှန်း သိထားပေမယ့် ca ဆိုတာနဲ့ တကယ်စိတ်ညစ်ရပါတယ်။ ခုက total thyroidetomy and neck dessertion လုပ်ထားရပါတယ်ဆရာ။ nuclear ward ကိုလွဲထားပါတယ်။ သမီးရှေ့ဆက်ဘာလုပ်သင့်လဲဆရာ။

လည်ပင်းကြီးအိတ်ခေါ် အကျိတ်ကနေဖြစ်တဲ့ကင်ဆာအမျိုးအစားထဲမှာ Papillary carcinoma ကအများဆုံးဖြစ်တယ်။ ယူအကစ်အေမှာ ၈ဝ% ရှိတယ်။ အမျိုးသမီးတွေကအဖြစ်များတယ်။ အသက် ၃ဝ နဲ့ ၅ဝ ကြားအဖြစ်များတယ်။ ဘာလို့ဖြစ်သလဲ မသိသေးပါ။ မျိုးဗီဇကိုစဉ်းစားရတယ်။ ဓါတ်ရောင်ခြည်သင့်တာလည်း စဉ်းစားရတယ်။

ဒီရောဂါရှိနေရင် လည်ပင်းမှာအကျိတ်စမ်းမိတာကနေစတယ်။ လည်ပင်းကြီးအကျိတ် ၉ဝ% က ကင်ဆာမဟုတ်ပါ။ အာလ်ထွာဆောင်းမှာ ၁ စင်တီမီတာထက်ကြီးမယ်ဆိုရင်  (FNAB) အသားစထုတ်ယူစစ်ဆေးမယ်။ လည်ပင်းကြီးဟော်မုန်းတွေစစ်ရင် ပုံမှန်သာရှိနေမယ်။

ကုသနည်းတွေမှာ

၁။ Surgery ခွဲစိတ်ထုတ်ပေးမယ်။ တခုလုံးထုတ်တာများတယ်။ အဲတာကြောင့် လည်ပင်းကြီးဟော်မုန်းနည်းမနေအောင် Levothyroxine ဆေးတသက်သုံသောက်ရမယ်။

၂။ Radioactive iodine အနုမြူဆေးပေးမယ်။

၃။ Medication ဆေးပေးမယ်။

၄။ External radiation therapy ခွဲမဖြစ်သူတွေကို ဓ့တ်ကင်ပေးမယ်။

၆ လကနေ ၁၂ လတခါ ဟော်မုန်းစစ်ဆေးနေရမယ်။

ကုသပြီးနောက်မှာ ရောဂါအတွက် Ultrasound of the thyroid အာလ်ထွာဆောင်းရိုက်မယ်။ Radioactive iodine (I-131) uptake scan စကန်လုပ်မယ်။

အလားအလာ အလွန်ကောင်းပါတယ်။ လူကြီးမှာဖြစ်ရင် ၉၅% ကျော်ဟာ ၁ဝ နှစ်သက်တမ်းရှိတယ်။ တခြား ကင်ဆာတွေကို ၅ နှစ်သက်တမ်းနဲ့သာသတ်မှတ်တယ်။ လူနာက အသက် ၄ဝ မကျော်သေးရင် အလုံးလည်းသေးရင် အလားအလာ ပိုကောင်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ