Rash ယားနာပုံစံက ပွေးကွက်လိုပုံမျိုးဖြစ်ပြီး

သမီးအသက်က ၂၉ ပါ သမီးအရေပြားယားယံတဲ့ဝေဒနာခံစားနေရပါတယ် ပေါင်နှင့် အတွင်းခံဝတ်တဲ့နေရာအပါအဝင် ခြေထောက်မှာလဲ အနည်းငယ်ရှိနေပါတယ် ယားနာပုံစံက ပွေးကွက်လိုပုံမျိုးဖြစ်ပြီး ဆေးလိမ်းပြီး၂ ရက်လောက်ကြလျှင် အရေခွံလေးတွေလန်သွားပြီးခဏ သက်သာသွားပါတယ် နောက်ရက်အနည်းငယ်ကျရင် ပြန်ယားလာပါတယ်ဆရာရှင့် နီးစပ်ရာဆရာဝန်နှင့် ဆေးပြတော့ သောက်ဆေးနှင့် zaricort လိမ်းဆေးပေးပါတယ် အရှင်း ပျောက်မသွားလို့ သမီးကို ဆေးလေးပြောပြပေးပါရှင် လိုအပ်လို့ ဆေးသောက်ရမယ်ဆိုလဲသောက်ပါမယ်ရှင့် ဖြစ်နေတာ ၁ နှစ်လောက်ရှိပါပြီဆရာ

ပွေး၊ ယားနာ၊ ဖန်းဂတ်၊ အလာဂျီ၊ နှင်းခူ မတူကြပါ။ ဆေးနည်းလည်း တခြားစီ။ မေးတဲံသူ ဘာဖြစ်နေ မသိသေးပါ။ ရောဂါစာအားလုံး ဘလော့မှာ ဖတ်နိုင်တယ်။

Ringworm ပွေး https://dr-tint-swe.blogspot.com/2021/05/ringworm.html

Fungus မိုးစိုစို မှိုသတိထား https://dr-tint-swe.blogspot.com/2021/08/fungus.html

Scabies ယားနာ (ဝဲ) https://dr-tint-swe.blogspot.com/2021/05/scabies.html

Hives အင်ပြင်ထွက်ခြင်း https://dr-tint-swe.blogspot.com/2020/12/hives.html

Dermatitis ပျောက်နိုင်ခဲတဲ့ အရေပြားအနာ https://dr-tint-swe.blogspot.com/2020/12/dermatitis.html

ဒေါက်တာတင့်ဆွေ

၃၁-၁၀-၂၀၁၈

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ