TB Signs & Symptoms တီဘီရောဂါလက္ခဏာများ

ဆရာ ကျမက အသက် ၃၈ အိမ်ထောင်သည်ပါ ၃နှစ်အရွယ်သမီးလေး တယောက်ရှိပါတယ် ရာသီလဲမှန်ပါတယ် ကျမက လွန်ခဲ့တဲ့ ၄ နှစ်က လည်ပင်းသွိုင်းရွိက်ကြောင့် လည်ပင်းခွဲထားပါတယ် ပြီးတော့ ၁၂ လပိုင်း ၂ရက်နေ့ကနေ ၆ရက်နေ့ထိ အအေးပတ်အဆုတ်ရောင်လို့ ဆေးရုံတက်ထားပါတယ် ၃လပိုင်း ၇ ရက်နေ့မှာ လည်ချောင်းမရှင်းတာနဲ့ ချောင်းဟန့်ပြီး ထွေးလိုက်တာ သွေးတွေပါ လာပါတယ် နောက် ၂ ပတ်ခြားလောက်မှာလဲ သလိပ်ထဲမှာ သွေးပါလာပါတယ် ဆေးခန်းသွားပြတော့ ဆရာဝန်က ဓာတ်ပုံထဲကဆေးကို ၁၀ ရက်သောက်ခိုင်းပါတယ် ဆေးသောက်နေစဉ်မှာလဲ တကြိမ် သွေးပါတယ် အဲဒါနဲ့ ဓာတ်မှန်ရိုက်တော့ ဆရာဝန်က တီဗီ လို့ပြောပြီး ဆေးသောက်ခိုင်းပါတယ်ဆရာ ကျမမှာ မိသားစုနဲ့ သမီးလေးအတွက် ဘာတွေဆောင်ရရှောင်ရမလဲရှင့် ပြီးတော့နောက်ထပ်ကလေးယူဖို့ အဆင်ပြေပါ့မလား ဆရာ ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်

တီဘီလို့ ရေးရတယ်။ တီဘီရောဂါဟာ ဆိုးပါတယ်။ ဆောရီး။ အများဆုံးက အဆုပ်ကိုရောဂါရစေတယ်။ ဦးနှောက်၊ အရိုး၊ အူ၊ ကျောက်ကပ်စတဲ့ တခြားနေရာတွေမှာလည်းဖြစ်တယ်။ M. tuberculosis ခေါ်ဗက်တီးရီးယားကနေဖြစ်စေတယ်။ ကူးစက်နိုင်တယ်။ AFB +ve သလိပ်ထဲပိုးတွေ့သူကနေသာ သူများကိုကူးစက်ပါတယ်။ ဆေးစနစ်တကျသောက်ရင် ပျောက်တယ်။ စနစ်မကျရင် ဆေးယဉ်တီဘီဖြစ်သွားနိုင်တယ်။

တီဘီရောဂါလက္ခဏာများ

၁။ ကိုယ်ပူ = 100 F (37.8 C) ကျော်လောက် ၁ဝ ရက်ကြာဖျားမယ်။

၂။ ချောင်းဆိုး = ချောင်းဆိုးနေတာ ၂-၃ ပါတ်ကြာနေနိုင်တယ်။

၃။ ချောင်းဆိုးသွေးပါ = သွေးအနီရောင် နည်းနည်းလေး သလိပ်ထဲရောပါမယ်။

၄။ ချမ်းမယ် = ကိုယ်ပူချိန်မှာဖြစ်ဖြစ် မပူပဲဖြစ်ဖြစ် သူများထက် ချမ်းနေမယ်။

၅။ ရင်ပတ်နာ = ချောင်းဆိုးရလို့ရော အဆုပ်မကောင်းလို့ပါ ရင်ပတ်နာမယ်။

၆။ ညချွေးထွက်ခြင်း = ကလေး-လူကြီးဖြစ်နိုင်တယ်။

၇။ အသက်ရှူတမျိုးဖြစ်ခြင်း = ခက်ခဲနိုင်တယ်။ မဝဖြစ်နိုင်တယ်။ ပင့်ရှူရနိုင်တယ်။

၈။ မောပန်းနေခြင်း = အလုပ်မပင်ပန်းဘဲ မောနေမယ်။ အားကုန်နေမယ်။

၉။ အစားပျက်ခြင်း = ဟင်းကောင်းလည်း မစားချင်ဖြစ်မယ်။

၁ဝ။ ကိုယ်အလေးချိန်ကျခြင်း = ပိန်လာမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ