Triple-Positive Breast Cancer ရင်သားကင်ဆာ

ဆရာရှင့် အကူအညီတောင်းပါရစေ။ 18-4-2023 နေ့မှ ရင်သားအကြိတ်(အကျိတ်)ကိုတွေ့တာပါ ။ ခုဖြတ်ထုတ်ထားပြီးပါပြီ ရောဂါနှင့် ပတ်သက်သည့်အဖြေက Triple (ER,PR,HER2) Positive ဂျိုင်းကခွဲစိတ်ဆရာ၀န်က သံသယရှိတယ်ထင်တာကို ယူထားသည့် node 9 လုံးကလည်း ကူးစက်မှု မရှိဘူးလို့ သိရပါတယ်။ ကင်ဆာတဲ့ ကြောက်ပြီး ဘာလုပ်ရမှန်းမသိလို့ပါဆရာ။ အသက် ၈၅ နှစ်အရွယ် အဖေ ကို လုပ်ကျွေးနေသူပါ။ ဆရာ post ကို ကြည့်ဖြစ်ပါတယ် ပြုပြင်လမ်းညွှန်ပေးတဲ့ ဆရာရဲ့ စေတနာမေတာတွေ ကို ခံစားရပါတယ်။ 19-5-2023 နေ့က ဆရာ တင်တဲ့ Breast Cancer HER2 ဟော်မုန်း။ သက်ရောက်မှု ရင်သားကင်စာ(ကင်ဆာ)အကြောင်း ဖတ်တယ်။ ကျမက ကျန်းမာရေးမှာ ဘာမှမဖြစ်ခဲ့ဘူးတော့ ဘာလုပ်ရမှန်း မသိတော့ဘူး။ ကင်ဆာဆရာက အဆင့်က1 နှင့် 2A ကြားလိုပြောပါတယ်။ Chemo -၈ကြိမ်မှာ AC ၃ ပတ် ၄ ကြိမ်သွင်းရမယ်။ Pocltoxal ၃ပတ် ၄ကြိမ်သွင်းရမယ်။ HER2 ဆေး ၁၇ ကြိမ်ထိသွင်းရမယ်။ ဟော်မုန်းဆေး ၅/၇ နှစ်စားရမယ် ပျောက်မယ်လို့ပြောပါတယ်။ ကုန်ကျစရိတ်က သိန်းငါးရာ အထက်မှာရှိပါတယ် ။ ငွေကြေးမနိုင်ရင် HER 2 ဆေး 17 ကြိမ် မသွင်းနဲ့တဲ့ အဲဒီအချိန်မှ ထပ်စဥ်းစားလိုလဲပြောပါတယ်။ မဖြစ်မနေ chemo(8)ကြိမ်သွင်းရမယ်တဲ့။ (6-6-2023)နေ့ ဆေးစသွင်းဖို့ ချိန်းပါတယ်။ ကန်တော့ပါ ဆရာ ကျမ က အပျိုပါ (ရာသီသွေးမဆုံးသေးပါ) ရောဂါအခြေအနေက ဘာလုပ်ရမှန်းကို မသိတော့ဘူး။ ဘာလုပ်သင့်သလဲဆရာ ကူညီပေးပါ။ ဆရာ အဆင်ပြေမဲ့အချိန်းထိအဖြေစောင့်နေပါမယ် ကူညီပေးပါ အားကိုးပါတယ်။ မှားသွားတာရှိရင် နားလည်ပေးပါ ဆရာ ဆေးစစ်ချက်စာရွက်များပို့ ခွင့်ပြုပါ။
မေးထားတာကို အခုမှသာတွေ့ရ။ မေးလို မေးနိုင်။
ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်။ ကင်ဆာဆိုတော့ အရမ်း စိုးရိမ်ပြီးကြောက်မိတယ် ခီမို(၈)ကြိမ်သွင်းပြီးပြီး Her-2 ဆေး(၁၇)ကြိမ် က (၁၀)ကြိမ်ရှိပြီ (၅)နှစ်ဆေး သောက်ရတယ် လူတော့နေကောင်းတယ်ဆရာ Triple Positive က အရမ်းစိုးရိမ်ရလား ဘာဆက်လုပ်ရမလဲမသိဘူး ဆရာဝန်ပြောတာတော့ အကုန်လုပ်တယ် အဆင်ပြေဖို့ဆုတောင်းနေရတယ်။ ဆရာရေးတဲ့ စာတွေဖတ်တယ်။ စာတွေက လူနာ ရဲ့ကြောက်စိတ်တွေ အတွက်တော့ခွန်အားဖြစ်စေတယ်။ ဆရာရဲ့ စိတ်စေတနာကို လေးစားပါတယ်။ ဆရာ အသက်ရှည်ကျန်းမာပါစေ။
Triple-positive breast tumors ကို HER2-, ER- နဲ့ PR-positive ခေါ်တယ်။ ဟော်မုန်းဆေးပေးရတယ်။
HER2-positive breast cancer ကုသနည်း
၁။ Herceptin (trastuzumab) ဆေးကနေ ကင်ဆာဆဲလ်တွေကို ကြီးထွားစေအောင်ပို့လွှတ်တဲ့ ဓါတုအချက်ပြ လာမှာကနေ တားပေးတယ်။
၂။ Kadcyla (T-DM1 or ado-trastuzumab emtansine) ဆေးနဲ့ Herceptin + ခီမိုဆေး emtansine နဲ့တွဲသုံးတယ်။ ဆေးကနေ emtansine ကို ကင်ဆာဆဲလ်တွေဆီ တည့်တည့် သွားစေတယ်။
၃။ Perjeta (pertuzumab) ဆေးက Herceptin နဲ့တူတယ်။ ကင်ဆာဆဲလ်တွေကို ကြီးထွားစေအောင်ပို့လွှတ်တဲ့ ဓါတုအချက်ပြ လာမှာကနေ တားပေးတယ်။
၄။ Tykerb (lapatinib) ဆေးက ကင်ဆာလဲလ်တွေ အလွန်ကြီးထွားမှာကို တားပေးတယ်။
U.S. National Cancer Institute (NCI) ဆေးသုတေသနလေ့လာမှုအရ ဒီမျိုးအစား ရင်သားကင်ဆာလူနာတွေ ဆေးကုသမှုခံယူပြီးနောက် ၉၀% တို့ဟာ ၅ နှစ်အသက်ရှင်နှုန်းရှိကြတယ်။
HER2-positive cancer ကတော့ ပြန်ပေါ်လာနိုင်၊ တခြားကိုပြန့်နိုင်တယ်။
Metastatic HER2-Positive Breast Cancer ဘေးအထိပြန့်နေတဲ့အဆင့်ကို ကုသခြင်း
HER2-targeted therapies ပစ်မှတ်ထားဆေးပေးနည်းနဲ့ကုသတယ်။ HER2 ကို ဘလော့လုပ်ပေးခြင်းနဲ့ ကင်ဆာ ဆဲလ်တွေကို ဆက်မကြီးထွားစေဘူး။ HER2-positive breast cancer အမျိုးအစာဆိုရင် ခွဲစိတ်နည်းနဲ့ ဓါတ်ကင်နည်းတွေကိုလည်း တွဲသင့်ရင်တွဲမယ်။
ကင်ဆာအဆင့်နောက်ကျနေသူတွေထဲက ၁၅-၂ဝ% တို့ဟာ HER2 အလွန်မြင့်နေတာတွေ့ရတယ်။ ပြန့်တာမြန်တယ်။ တချို့ ဦးနှောက်အထိ ရောက်တယ်။ ဆောရီး။ trastuzumab (Herceptin), lapatinib (Tykerb), pertuzumab (Perjeta), and ado-trastuzumab emtansine (Kadcyla) ဆေးတွေကိုသုံးတယ်။ ဦးနှောက်အထိတော့ ဆေးက ရောက်တာ မလွယ်ပါ။ lapatinib ဆေးကတော့ ဖြစ်နိုင်တယ်။
၁။ ပဌမဦးစားပေးဆေး = pertuzumab, trastuzumab နဲ့ taxane (ခီမိုဆေး) တွေပေးတယ်။ HER2-positive breast cancer ဆိုရင် ဟော်မုန်းဆေး + HER2-targeted therapy + trastuzumab သို့ lapatinib ဆေး ပေးမယ်။ ဘေးကို သိပ်မပြန့်သေးရင် ဟော်မုန်းဆေးတမျိုးတည်းပေးနိုင်တယ်။ လူနာအခြေအနေကိုလည်းကြည့်ရတယ်။ ခီမိုသာရာပီကို ၄ လကနေ ၆ လအထိပေးတယ်။ ဆေးရဲ့ဘေးထွက်သက်ရောက်မှုကိုကြည့်ရတယ်။
၂။ ဒုတိယတန်းစား = trastuzumab ဆေးပေးတယ်။
၃။ တတိယတန်းစာဆေး = T-DM1 ဆေးပေးမယ်။ Pertuzumab ဆေးလည်း မပေးရသေးသူကိုပေးမယ်။ trastuzumab ဆေးနဲ့လည်းတွဲပေးတယ်။ T-DM1 ဆေး နဲ့ pertuzumab ဆေးပေးထားပြီးသူဖြစ်ရင် lapatinib + capecitabine (Xeloda) ဆေးပေးနိုင်တယ်။
၄။ ဦးနှောက်အထိပြန့်နေတဲ့လူနာ = ခွဲစိတ်လို့ရတာကို ခွဲထုတ်မယ်။ ဓါတ်ကင်မယ်။
Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ https://dr-tint-swe.blogspot.com/2021/05/breast-cancer-her2_12.html
Breast Cancer Today ရင်သားကင်ဆာ အရင်ကနဲ့မတူပါ https://dr-tint-swe.blogspot.com/.../breast-cancer-today...
Breast Cancer Treatment regimes ရင်သားကင်ဆာ ကုထုံးများ https://dr-tint-swe.blogspot.com/2021/05/breast-cancer-treatment-regimes.html
BI-RADS ရင်သားကင်ဆာစစ်ဆေးခြင်း https://dr-tint-swe.blogspot.com/2021/01/bi-rads.html
Breast Cancer HER2 ဟော်မုန်းသက်ရောက်မှုနဲ့ ရင်သားကင်ဆာ https://dr-tint-swe.blogspot.com/2021/05/breast-cancer-her2_12.html
Overview of Triple-Positive Breast Cancer https://www.verywellhealth.com/triple-positive-breast-cancer-4151805
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ