Abortion မလိုချင်တဲ့ ကိုယ်ဝန်

(ကန်တော့)

ဆရာရှင့် migrant workers တွေကို ကျန်းမာရေးအသိပညာတွေ volunteer သွားသင်ပေးပြီးတိုင်း ခေါင်းခဲရပါတယ်၊ ဘာအကြောင်းအရာကိုပဲ သွားသင်သင် နောက်ဆက်တွဲ ဆက်သွယ်အသနားခံတာတွေက ကိုယ်ဝန်မလိုချင်လို့ ဖျက်ချပေးပါချည်း ဖြစ်နေလို့ပါ ဆရာ၊ Unwanted pregnancy, Complications of unsafe abortion စသဖြင့် Reproductive health နဲ့ ပတ်သက်တဲ့ ဆရာရဲ့ blog တွေ ဘယ်ခုနှစ်ပိုင်းလောက်မှာ ဝင်ရှာရမှာလဲ ကျေးဇူးပြုပြီး မျှဝေပါဦး ရှင့်။

ကိုယ်ဝန်ရှိရင် အဲဒီအမျိုးသမီးမှာ ထူးခြားချက်ပေါင်း ၂၅ ချက်ရှိလာမယ်။

1. ရာသီထိန်မယ်၊

2. ရာသီ ကမောက်မဖြစ်မယ်၊

3. ဆီးစစ်ရင် ကိုယ်ဝန်ရှိတာသိမယ်၊

4. သွေးစစ်ရင် ကိုယ်ဝန်ရှိတာသိမယ်၊

5. အာလ်ထွာဆောင်းရိုက်ရင် ပေါ်မယ်၊

6. ဓါတ်မှန်ရိုက်ရင် ပေါ်မယ်၊

7. ပျို့-အန်ချင်တယ်၊

8. ရင်သား နာမယ်၊

9. ရင်သား ထွားလာမယ်၊

10. ဆီးခဏခဏ သွားချင်လာမယ်၊

11. ချင်ခြင်းတပ်လာမယ်၊

12. အားယုတ်သလို ခံစားရမယ်၊

13. ကိုယ့်ကိုယ်သိတယ်၊

14. လိင်စိတ် ပြောင်းလဲလာမယ်၊

15. နို့ အရောင်ရင့်အဝိုင်းမှာ အသီးလေးတွေ ထွက်လာမယ်၊

16. သားအိမ် ကြီးထွားလာမယ်၊

17. ကလေးလှုပ်တာ သိလာမယ်၊

18. နို့ကို ညှစ်ရင် အရည်ထွက်မယ်၊

19. ဗိုက် ဖေါင်းလာမယ်၊

20. သားအိမ်ပုံစံ ပြောင်းလာမယ်၊

21. ကလေးကို အပြင်ကနေစမ်းရမယ်၊

22. ကလေး နှလုံးခုန်တာ နားထောင်ရင် ကြားမယ်၊

23. အရေပြား ပြောင်းလဲလာမယ်၊

24. အကြောပြတ်တာတွေ ပေါ်လာမယ်၊

25. ကလေးမွေးချင်သလို နာမယ်၊

ကိုယ်ဝန်စရှိတာရဲ့ ကိုယ်တိုင်သိနိုင်တဲ့ လက္ခဏာကတော့ ရာသီမလာတော့တာ ဖြစ်တယ်။ အဲဒီအချိန်မှာ ဆီးစစ်ရင် သိလာနိုင်တယ်။ ရာနှုန်းပြည့်တော့ အာမမခံသေးပါ။ ဆီးစစ်တယ်ဆိုတာ ဆီးထဲမှာ hCG ခေါ်တဲ့ အချင်းနဲ့ပတ်သက်တဲ့ ဟော်မုန်းကို စမ်းတာဖြစ်တယ်။ ဒီဓါတ်က သန္ဓေတည်ပြီးနောက် ၇-၁ဝ ရက်မှာ တိုင်းလို့-စမ်းလို့ရတဲ့အဆင့် ရောက်လာတယ်။ ကောင်းတာက ၁၄ ရက်အထိ စောင့်သင့်တယ်။ စမ်းသပ်နည်း အပေါ်မှာလဲ မူတည်သေးတယ်။ တချို့နည်းက 25 mIU နဲ့သိနိုင်ပြီး၊ တချို့နည်းက 250 mIU ရှိမှ သိနိုင်တယ်။

မနက်ခင်း အိပ်ရာထဆီးစစ်တာ သေချာတယ်။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ် ရတယ်။

သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။

ရာသီလာရမဲ့ရက် မရောက်ခင် စမ်းလို့ + ပြနိုင်တယ်။ ရာသီလဲ မလာ၊ ဆီးစစ်တော့ မတွေ့ရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီမလာသေးရင် ဆရာဝန်က စမ်းဘို့လိုမယ်။

ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေကို စာရင်းချရင် ၃၂ မျိုးရှိတယ်။ အများဆုံး ဖြစ်တတ်တဲ့ ရောဂါ ၃ မျိုး၊ ဖြစ်လေ့ရှိတဲ့ ရောဂါ ၁ မျိုး၊ ဖြစ်ခဲတဲ့ ရောဂါ ၁ မျိုး၊ ရှားရှားပါးပါး ဖြစ်တတ်စေတတ်တဲ့ ရောဂါ ၂ မျိုး နဲ့ တခြားအကြောင်း ၂၆ မျိုး ဆိုပြီး ရှိတယ်။

အဲဒီရောဂါနဲ့ အခြေအနေတွေထဲက Amniocentesis လုပ်နည်း၊ Anticardiolipin syndrome ရောဂါ၊ Carboprost tromethamine ရောဂါ၊ Cervical incompetence သားအိမ်ဝမလုံခြင်း၊ Chronic villus sampling လုပ်တာ၊ Cone biopsy of cervix လုပ်တာ၊ Endometrosis သားအိမ်ရောဂါ၊ Gemeprost သွေးဆင်းရပ်ဆေး၊ Listeria monocytogenes ရောဂါ၊ Misoprostol ကိုယ်ဝန်-ဖျက်ဆေး၊ Paroxysmal nocturnal hemoglobinuria ရောဂါ၊ Paroxyvirus B19 infection ရောဂါ၊ Rubella ဂျာမန်-ဝက်သက် ရောဂါ Sickle cell disease သွေးရောဂါ၊ Systemic lupus erythematosus ရောဂါ နဲ့ Dinoprostone ကိုယ်ဝန်ဖျက်ဆေး၊ Mifepristone ကိုယ်ဝန် ဖျက်ဆေးတွေဟာ ကိုယ်ဝန် တခါမက ပျက်နိုင်ပါတယ်။

ကျန်တာတွေကတော့ Alloimmune ရောဂါ၊ Antifetal antibodies ရောဂါ၊ Antiphospholipid antibodies ရောဂါ၊ သန္ဓေသား အင်္ဂါချို့ယွင်းတာ၊ အစာဆိပ်သင့်တာ၊ (ကေဖင်း) အများကြီး သောက်တာ၊ ရောဂါပိုးဝင်တာ၊ ကိုယ်ဝန်မရှိအောင် သားအိမ်ထဲ IUCD ပစ္စည်းထည့်တာ၊ Japanese skimmia ရောဂါ၊ Luteal phase defect ရောဂါ၊ ကင်ဆာ အတွက် ဓါတ်ကင်တာ၊ ဆေးလိပ်သောက်တာ၊ သားအိမ် ပုံမှန်မဟုတ်တာ၊ အရက်သောက်တာ နဲ့သူ့အလိုလို ပျက်ကျတာတွေ ဖြစ်ပါတယ်။

Spontaneous abortion (Miscarriage) ခေါ်တဲ့ ကိုယ်ဝန်က ဖျက်ချတာ မဟုတ်ဘဲ ပျက်စေတဲ့ အကြောင်းတွေ ထဲမှာ Accidental trauma မတော်ဆဖြစ်တာ နဲ့ Natural causes သဘာဝ အကြောင်းတရားတွေ ရှိတယ်။ အများဆုံး ဖြစ်တာက Incorrect replication of chromosomes သန္ဓေသားရဲ့ (ခရိုမိုဆုံး) ပုံမှန် မဟုတ်လို့ ဖြစ်တာ၊ 50% ရှိတယ်။

အများစုက စောပြီးပျက်တယ်။ တချို့မှာ ကိုယ်ဝန်ရှိနေတာတောင် မသိဘူး။ သုတေသနတခု အဆိုအရ ၆၁့၉% ၁၂ ပတ် အတွင်း ပျက်ကျတယ်။ ဒီအထဲက ၉၁့၇% က ပျက်ကျတယ် ဆိုတာတောင် ကိုယ်တိုင် မသိလိုက်ကြဘူး။ ၁ဝ ပတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့ အခွင့်အလမ်း သိသိသာသာ နည်းလာပြီ။

ထိခိုက်မှုဆိုတာ မတော်တဆ၊ (အားကစား သာမန်လုပ်လို့ ပျက်မကျပါ။) တမင်တကာနဲ့ စိတ်ဖိအားတွေ ဖြစ်တယ်။

ကိုယ်ဝန်ဆောင်သူ အသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။

- ၃၅ နှစ်အောက်မှာ ၁၅%၊

- ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊

- ၄၅ နှစ်အထက် ၅ဝ%၊

ကိုယ်ဝန် တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။ တချို့မှာ ဘာလို့လဲ ပြောမရဘူး။

တချို့နေရာတွေမှာ သိသာတဲ့ Miscarriage ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။ ယမုန်နာဆေးခန်းမှာ ကလေး အကောင်းလာမွေးဖွါးသူ ၁၈၆ ယောက် ရှိနေချိန်မယ်၊ သားပျက်လို့ ကုသပေးရသူပေါင်း ၄၁ ယောက်ရှိတယ်။ ဒါဟာ တရားဝင် သားပျက်တဲ့ အရေအတွက်သာ ဖြစ်တယ်။ ဖျက်ပြစ်သူတွေ မသိဘဲ ပျက်သူနဲ့ ဆရာဝန် ကူစရာမလိုဘဲ အိမ်မှာတင် ဆင်းစရာရှိတာ အကုန်ဆင်းသူတွေ မပါသေးပါ။

ကိုယ်ဝန်ကို ဖျက်လိုက်လို့ အပျိုပြန်မဖြစ်တော့ပါ။ ကလေးအမေလို့တော့ မခေါ်နိုင်ပေမဲ့ ကလေးအသေရဲ့ အမေတော့ ဖြစ်ပါမယ်ဆိုပြီး ကိုယ်ဝန်ဖျက်ဆန့်ကျင်ရေးအဖွဲ့ရဲ့ သတိပေးစာရှိပါတယ်။ ကန်တော့။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ