ကင်ဆာနှင့် ဗမာဆေး

ကွန်မင့်တခု တွေ့လိုက်တယ်။ ပြန်ရှာနေတာ ၃-၄ ခါ မတွေ့သေးပါ။ ကင်ဆာကို ဗမာဆေးနဲ့ တကယ်အဟုတ် ပျောက်ကင်းကြောင်း၊ ဆရာရွေးမှန်ဘို့လိုကြောင်း ရေးပါတယ်။

ကျွန်တော်ကတော့ ကွန်မင့်ကနေဘဲ ရေးလိုက်တယ်။ အဲဒီသတင်း မှန်တယ်လို့ မထင်ပါ။

ဗမာဆေး၊ တိုင်းရင်းဆွေးတွေ မြန်မာပြည်မှာ ဆရာဝန်တွေ မပေါ်ခင်ကတည်းက အခုထိသုံးစွဲကြပါတယ်။ ကျွန်တော့နေရာမှာ ကွမ်းရွက်ပုံလျှက်ဆားဆေးပြားဗူးရှိတယ်။ တဗူး ၃ ဒေါ်လာ၊ ၂ ဗူး ၅ ဒေါ်လာပေးရတယ်။

ကင်ဆာ တကမာ္ဘလုံးမှာ ဖြစ်တယ်။ သေဆုံးကြရတယ်။ ကိန်းဂဏန်းတွေ အချက်အလက်တွေ တင်ပြထားပါတယ်။

၁။ တကယ်လို့သာ ကင်ဆာပျောက်ရိုးမှန်ရင် ဆေးပညာနိုဘယ်လ်ဆု ကြားဖြတ် ချီးမြှင့်ပါလိမ့်တယ်။

၂။ တကယ်လို့သာ ကင်ဆာပျောက်ရိုးမှန်ရင် ဆေးနည်းနဲ့ ဆေးဆရာကို ရှာမတွေ့အောင် ဖွက်ထား၊ ထိန်ချန်ထားရန် မသင့်ပါ။

ဆေးပညာအခြေခံအချက်နည်းနည်းလေး ပြောပါမယ်။ ကင်ဆာဟုတ်သလား၊ မဟုတ်ဘူးလား စစ်ဆေးရမယ်။ စစ်ဆေးချက်တွေအရ ကင်ဆာအမျိုးအစားနဲ့ အဆင့်သိမယ်။ ကုသနည်းတွေရှိတယ်။

အရပ်ပြောနဲ့ ကင်ဆာပါလို့ပြောတာ မမှန်ပါ။ ပျောက်တယ်လို့ပြောတာလည်း မမှန်ပါ။

ဘယ်အကြောင်းအရာမဆို စည်းစနစ်ကျကျ လေ့လာ ပြောဆိုရပါမယ်။ ရမ်းပြော၊ ရမ်းယုံတဲ့ ဓလေ့စရိုက် အကျင့်ကို ပြင်ကြရပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ