သွေးတိုးတိုင်းခြင်း

Digital BP cuff တွေက စိတ်ချလက်ချ သုံးလို့မရတဲ့သဘောပေါ့နော်ဆရာ

၃ ခါတိုင်း ၃ မျိုးထွက်တယ်။ ၅-၁၀ မီလီမီတာ မာကျူရီလောက်ကွာတာက ပုံမှန်လို့ပြောနိုင်တယ်။

ဒါပေမဲ့ ဇူလိုင်လတုန်းက ကိုယ့်ကိုယ်ကို နေ့တိုင်း တိုင်းပြီး မှတ်ထားတယ်။ သိပ်သဘောမကျတာနဲ့ ဒိုင်ခွက်ပါ တိုင်းစရာတခုနဲ့ နားကျပ်တခု ဝယ်လိုက်ပြီ။

ဒီမြို့ကဆေးရုံတွေကို အကြိမ်များစွာ ရောက်ဘူးတယ်။ သူတို့က ပြဒါးပါ လက်ဟောင်းကရိယာနဲ့ ဒိုင်ခွက်ပါတိုင်းစရာကိုသာ သုံးကြတယ်။

စာတွေလည်း ဖတ်ကြည့်ပါတယ်။ ရှေးရိုးလက်ဟောင်းထက် နောက်အသစ်ပေါ်တွေက ပိုမကောင်းပါ။ အရေးပေါ်အဖြစ်သာ ဒစ်ဂျစ်တယ်လ်ကို သုံးသင့်တယ်။ အဲဒါမှာလည်း လက်ကောက်ဝတ်မှာ တိုင်းတာထက် လက်မောင်းတိုင်းတာက ပိုမှန်လေ့ရှိတယ်။

သွေးဖိအားကလည်း လူတိုင်းမှာ အချိန်တိုင်း ပြောင်းနေတယ်။ မျဉ်းနီကျော် မကျော် အရေးကြီးတယ်။ သွေးတိုးရှိသူတွေက ဆီးချိုလိုဘဲ ရာသက်ပန်ရှိနေလိမ့်မယ်။ ဆေးသောက်၊ အစားအသောက်ဆင်ခြင်၊ လူနေမှုပုံစံပြင်။


Digital blood pressure monitors သွေးဖိအားတိုင်းကရိယာ https://dr-tint-swe.blogspot.com/.../digital-blood...

Digital blood pressure monitors ဒစ်ဂျစ်တယ် သွေးဖိအားတိုင်းကရိယာ https://dr-tint-swe.blogspot.com/.../digital-blood...

Digital blood pressure monitors သွေးဖိအားတိုင်း-ကရိယာ သီတင်းကျွတ်မှာ ကန်တော့ချင်လို့ပါ https://dr-tint-swe.blogspot.com/.../digital-blood...

Dial type Blood pressure Apparatus ဒိုင်ခွက်ပါ သွေးတိုင်းကရိယာ https://dr-tint-swe.blogspot.com/.../dial-type-blood...

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ