Breast Cancer ကင်ဆာကြောင့် အမေရိကန်တွေလည်း သေဆုံးကြရတယ်

လေးလေးစားစား ပြောတာပါခင်ဗျာ ကျနော့်မိခင်ဟာ အသက် ၅၈နှစ်အရွယ်မှာ သားမြတ်ကင်ဆာ ရှိနေပြီလို့ သိခဲ့ရပြီး အကြိတ်တွေရှိတဲ့ သားမြတ် တဘက် ခွဲထုတ် တမောက်စီဖင် ဆေးသောက် ဓါတ်ရောင်ခြည် ကုထုံးကု ဓာတုကုထုံးခေါ်မလား ဆေးတွေကို သွေးကြောကသွင်းပြီး ကုတာ ၅နှစ် ကြာတဲ့အချိန်မှာ မရတော့ပါဘူး တဖြေးဖြေးနဲ့ သူ့ကြွက်သားတွေ သိမ်လာပြီး ဘုံးဘုံးလဲတာပဲ ကျနော်လဲ သားတယောက်အနေနဲ့ မိခင် အဲသလိုဖြစ်သွားရတာကို မျက်ရည်ဝှက်ပြီး ပြုစုပေးခဲ့ရပါတယ်

ဆောရီး။ ကင်ဆာကြောင့် အမေရိကန်တွေလည်း သေဆုံးကြရတယ်။

နှစ်စဉ် အမေရိကားမှာ ရင်သားကင်ဆာ အမျိုးသမီးလူနာသစ်ပေါင်း 264,000 တွေရှိတယ်။ အမျိုးသား လူနာသစ်ပေါင်း 2,400 တွေရှိတယ်။ အမျိုးသမီး 42,000 ယောက်နဲ့ အမျိုးသား 500 ယောက် သေဆုံးကြရတယ်။ သူတို့ဆီမှာ အသားမည်းသူတွေက အသားဖြူတွေထက် အဖြစ်များ အသေများတယ်။ 

မြန်မာပြည်က ကိန်းဂဏန်း မှန်တာတွေ မသိပါ။ ဘယ်ဘာသာရပ်မဆို သုတေသနတွေ မတွေ့ရသောက် ရှားတယ်။ ကျွန်တော်တို့ အများကြီး ကြိုးစားကြရဦးမယ်။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ