Cancer ကင်ဆာဆို ဆရာဝန်ကို နောက်ဆုံးကျမှ မေးလေ့ရှိတယ်

မျိုးဥအိမ်ရေအိတ် ကင်ဆာသမားကို ငှက်သိုက် တိုက်လို့ရပါသလားရှင့်

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကင်ဆာဆို ဆရာဝန်ကို နောက်ဆုံးကျမှ မေးလေ့ရှိတယ်။ 

ငှက်သိုက်အပါအဝင် ဓါတ်စာတွေ အရပ်ဆေးတွေနဲ့ ကင်ဆာနဲ့ နည်းနည်းလေမှ မဆိုင်။ ကိုဗစ်နဲ့လည်း တစက်မှ မဆိုင်။

ငှက်သိုက်ရောင်းသူတွေကိုမေးရင်တော့ ဆရာဝန်နဲ့ ပြောင်းပြန်ဖြေကြမယ်။

ကင်ဆာဖြစ်တဲ့ စုစုပေါင်း ၁၉၅ နိုင်ငံမှာ ငှက်သိုက်ကိုဓါတ်စာအဖြစ်သုံးတာ တနိုင်ငံတည်းသာရှိတယ်။ မြန်မာပြည်ရဲ့ ကင်ဆာအခြေအနေ သူများထက် ပိုကောင်းတယ်လို့ မထင်ပါ။ 

ဘယ်လိုပြောပြော၊ ငှက်သိုက်၊ လောက်သေရွက်၊ ဆေးအိုးဗုတ်၊ အောက်မဲညိုနဲ့ ဘလာဘလာဘလာတွေ ရောင်းကောင်းပါမယ်။

အားနာနာနဲ့ ရေးဦးမယ် ကင်ဆာကုရတာ ပိုက်ဆံ အင်မတန်ကုန်တယ်။ အပိုကုန်တွေကြောင့် ပိုကုန်နေကြတယ်။ မြန်မာပြည်က သူများနိုင်ငံတွေထက် မချမ်းသာပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ