Cancer မြန်မာလိုဖြစ်ရမယ်
တင်ထားတာတခု ဖတ်ကြည့်တယ်။ ကင်ဆာမဖြစ်ချင်ရင်တဲ့။ နည်းပေါင်း ၂၆ ခုပါတယ်။
မကောင်းတာတွေတော့ မဟုတ်ပါ။ အထွေထွေကျန်းမာရေးအတွက် သင့်လောက်တာတွေ ပါတယ်။ ကင်ဆာအတွက် မဟုတ်။
ဆရာဝန် ရေးတာ မဟုတ်လောက်။
အဲလိုကင်ဆာအကြောင်း ဆရာဝန်မဟုတ်သူတွေက ရေးတာတွေကို အင်မတန်လူကြိုက်များတယ်။ မြန်မာလိုရေးမှ။
နည်းတွေထဲက ဖြည့်စွက်စာတွေ၊ အားဆေးတွေ ပိုရောင်းကောင်းစေမယ်။ မြန်မာလို ရောင်းမှ။
ရေသောက်နည်း၊ ရေချိုးနည်းတွေလည်း ရောင်းကောင်းမယ်။ တခါမှာ ရေမသောက်ဘူးသူတွေ၊ တကြိမ်မှ ရေမချိုးဘူးသူတွေက ကြိုက်ကြတယ်။ မြန်မာလိုရေးတဲ့ ဖေ့စ်ဘွတ်မှာ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment