Fenugreek ပဲနံ့သာ

မောနိပါဆရာ ဆီးချိုသမားတွေက ပဲနံသာသောက်ရင် ဆီးချိုကြ(ကျ)တယ်ဆိုတာ ဟုက်(ဟုတ်)လာရှင် အသက် ၃၈။ 

ဆီးချိုရှိသူတိုင်း ဘယ်တိုင်းပြည်မှာနေနေ အစားအသောက် + ဆေး + လူနေမှုပုံစံတွေနဲ့ ကုသရမယ်။ ပဲနံ့သာဆိုတာ လူတိုင်းစားသောက်တာ။ ဆေး မဟုတ်။

မြန်မာပြည်မှာ ပဲနံ့သာကို ဆံပင်ကောင်းစေဖို့ သုံးကြတယ် အုန်းဆီပုလင်းထဲ ထည့်ထားကြတယ်။ အနံ့နည်းနည်း ပြင်းတယ်။ အရသာခါးသက်သက်။

အစေ့ကိုလည်း ဆေးအဖြစ်သုံးကြတယ်။ အမျိုးမျိုးပြောကြ ရေးကြတယ်။ တချို့က အစာချေစေဖို့သုံးတယ်။ ကလေးမိခင်တွေ နို့ထွက်သန်စေအောင် စားသုံးနိုင်တယ်။ အဲတာအတွက် ဆေးထုတ်ရောင်းတယ်။ ရေးကြတာတွေကတော့ များတယ်။ လိင်စိတ်ကအစ ပါသေးတာ။ မတည့်သူတွေ ပန်းနာထစေနိုင်တယ်။ Warfarin သွေးကျဲဆေးနဲ့ မသင့်ပါ။

Fenugreek ပဲနံ့သာ https://dr-tint-swe.blogspot.com/2021/10/fenugreek.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ