HE ကျန်းမာရေးပညာပေးခြင်း

ဟုတ်ကဲ့ ဖြေပေးလို့ကျေးဇူတင်ပါတယ်ရှင့် သူငယ်ချင်းက မျိုးဥအိမ်ကင်ဆာဖြစ်နေတာ သူ့မိသားစုက ငှက်သိုက်တိုက်နေလို့ မေးကြည့်တာပါ၊ ကျွန်မရဲ့အဖေ အသည်းကင်ဆာဖြစ်တုန်းကတော့ ဒေါက်တာ( - )က ငှက်သိုက်ကိုအားမပေးလို့ သူတို့ကိုပြောပြတာ၊ လက်မခံကြလို့ post တင်ပြီး မေးကြည့်တာပါရှင့် ကျေးဇူးအများကြီးတင်ပါတယ်ဆရာ

ဟုတ်။ တခါက ရေးထားတယ်။ ကျန်းမာရေးပညာပေးခြင်းဟာ ဆရာဝန်အတွက် အခက်ဆုံးပညာရပ်တခု။

ပြောရမဲ့တာဝန်ရှိသူတွေက ပြောကြရတယ်။ ကိုယ်ပြောတိုင်း လူတိုင်းက လက်ခံကြမှာ မဟုတ်ကြောင်းလဲ သိထားကြရမယ်။ 

ကျောင်းဆရာဆရာမတွေ သူတို့ကျောင်းသူကျောင်းသာတွေကို တချိန်တည်းမှာ အတူတူသင်ပေးလိုက်ပေမဲ့ နောင်တချိန် တယောက်တမျိုးဖြစ်လာကြတယ်။ မိဘတွေလည်း အဲလိုဘဲ။

ကျန်းမာရေးပညာပေးကို ဆရာဝန်ဖြစ်ကတည်းက လုပ်ရတယ်။ အသိပညာတွေ တိုးတက်လာသလားကို ဆန်းစစ်မှုမလုပ်ရတော့ ပိုကောင်း ပိုဆိုးကို ရမ်းပြောမရနိုင်။

ကိုယ့်တာဝန်တော့ ဆက်လုပ်ရမှာဘဲ။ မေတ္တာပို့သလိုသာ သဘောထားရမယ်ထင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ