Health Q & A ယခင် မေးခွန်းများ

အရင်က နေ့စဉ် မေးခွန်းတွေ အတော်များများလာတယ်။ အခုနည်းလာခြင်းဟာ ပိုပြီး နေကောင်း ကျန်းမာကြလို့ ဖြစ်ပါတယ်။ ဝမ်းသာစရာ။

၁။ ဆရာရှင့် အသက် ၂၁ မိန်းကလေးပါ gym ဆော့ရင်း ဖိနပ်မစီးပဲ အကြိမ်ရေများစွာခုန်မိပါတယ် အဲ့ဒါပြီးတော့ အခုခြေဖဝါးမှာ အဖုပေါက်လာပါတယ် အစကမနာပါဘူး ခုနောက်ပိုင်းဖိလိုက်ရင်တော်တော်နာပါတယ် ဘရိတ်ဓားနဲ့ ခစ်တော့ အသားမာလိုဖြစ်နေပါတယ် အပေါက်သေးသေးလေးကနေ သွေးလဲထွက်ပါတယ်ဆရာ ၁ ပတ်ကျော်နေပါပြီ ဘာအနာမှန်းလဲမသိလို့ပုံ ပို့လိုက်ပါတယ်ဆရာ ကန်တော့ပါရှင့်

ဘရိတ်ဓားနဲ့ခစ်လို့ မရေးရပါ။ လှီးတယ်၊ ဖြတ်တယ်လို့ရေးတယ်။ ခစ်ဆိုတာ ရီသံ။

၂။ ဆရာ ငါးမျက်စိမျက်နှာမှာပေါက်တာ ဘယ်လိုလုပ်သင့်ပါလည်းဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

ကျား အသက် ၁၉ ငါးမျက်စိပေါက်တာ ၂လလောက်တော့ရှိပြီဆရာ အခုတော်တော်ဆိုးလာလို့ပါဆရာ မျက်နှာမှာ ပေါက်တာပါဆရာ

ငါးမျက်စိလို့ အခေါ်က တနေရာ တမျိုး။ အများအားဖြင့် လက်ဖဝါး ခြေဖဝါးမှ အသားမာလိုဖြစ်တာကိုခေါ်ကြတယ်။

ကျွန်တော် ဘာဆက်လုပ်ရမလည်းဆရာ ဘယ်လိုနေရာမျိုးမှာပြသင့်လည်းဆရာ ကျွန်တော်ကိုလမ်းညွှန်ပေးပါဆရာ

ဖြေထားပြီး။ ဘာရောဂါမှန်း မသိပါ။ ဆရာဝန်တဦးပြသင့်။

၃။ ဆရာခင်ဗျား ကျွန်တော်က စစ်ကိုင်းတိုင်း၊ ့ မှ ဖြစ်ပါတယ်။ အသက်က ၂၄ နှစ်ပါ။ ကျွန်တော်ရဲ့ လက်မှာ လွန်ခဲ့တဲ့ တစ်နှစ်က ငါးမျက်စိ တစ်လုံးထွက်လာပါတယ်။ အဲ့ဒီ ငါးမျက်စိကိုတော့ မြန်မာဆေးဖြစ်တဲ့ စိန်ငါးလုံးဆေးနဲ့ ငါးမျက်စိကို အပ်နဲ့ဆွပြီး သွေးစို့ လာတဲ့အခါ တို့ပြီး လိမ်းပေးပါတယ်။ ဆေးက အက်စစ် ပျော့ ပါတော့ အထဲထိ လှိုက့်

၄။ ကျွန်မချစ်သူခြေထောက်မှာ ငါးမျက်စိအဖုလေး ဖြစ်နေပါတယ်။ အဲဒါ ပျောက်ကင်းအောင် ဘယ်လိုလုပ်သင့်ပါသလဲ။ ဆေးစားလို့ရလား။ သူကတော့ ခွဲရမယ်လို့ ပြောပါတယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတာရယ်။ ဘယ်လိုသတိပြု နေထိုင်သင့်တယ် ဆိုတာပြောပြပေးပါရှင့်။

ငါးမျက်စိက လူတော်တော်များများ ဖြစ်ကြတယ်။ Corns and Callus လို့ အလွယ်ခေါ်တယ်။ ဆေးစာလို Hyperkeratosis, Clavus, Heloma and Tyloma လို့ခေါ်တယ်။ Wart ကြွက်နို့နဲ့ ခွဲခြားသိရမယ်။ ကုရတာခြင်းမတူဘူး။

ခြေထောက်မှာဖြစ်တယ်။ ဖြစ်တဲ့နေရာမှာအရေပြာကထူလာတယ်၊ မာလာတယ်။ ထိရင်-ဖိရင် နာမယ်။ အဖိခံရတဲ့ နေရာမှာ ဖြစ်တာများတယ်။ ခန္ဓာကိုယ်ကသူ့ဖါသာကာကွယ်တာလုပ်ရင်းကနေအဲလိုဖြစ်လာတာပါ။ ရောဂါတော့ မဟုတ်ပါ။ လက်မှာလည်း ဖြစ်တာဘဲအသားမာလိုပေါ့။ စာရေးလို့ ဖေါင်တိန်-ဘောလ်ပင် ဖိတဲ့နေရာ လက်ခလည်မှာ အဖြစ်များတယ်။ ဖိနပ်ကြပ်ရင်လည်း ဖြစ်မယ်။ ဂီတာ၊ မယ်ဒလင်တီးသူတွေလည်း ဖြစ်တယ်။ မီးဖိုဝင်ရသူတွေ အကသမားတွေ စသူတွေမှာလည်း ဖြစ်ကြတယ်။

ကြာတော့ ပိုပိုနာလာမယ်။ အရေပြားအောက်က တစ်ရှူးတွေထိ ရောက်ရင် ပိုဆိုးတာပေါ့။ ကြာရင် ကိုယ့်ခန္ဓာက သူ့ကို ပြင်ပစ္စည်း (ဆူး၊ ညှောင့်၊ ဖန်ကွဲ) လို သတ်မှတ်လာတတ်တယ်။ ပိုးဝင်လာတတ်သေးတယ်။ ဆီးချိုရှိရင် ပိုဆိုးတယ်။

Corn paint, cure or plasters ပလာစတာတွေက ယာယီသဘော နည်းနည်းသက်သာစေရုံသာ လုပ်ပေးနိုင်တယ်။ ကိုယ့်ဖါသာကိုယ် ဖြတ်လှီးတာက အန္တရာယ်မကင်းပါ။ Salicylic acid ပါတဲ့ဆေးလိမ်းကြတယ်။ Filing လက်သည်း-ခြေသည်းသုံးတံစဉ်း (ကျားလျှာမျိုး) နဲ့ တိုက်တယ်။ ကိုယ်နဲ့သင့်တော်တဲ့ ဖိနပ်စီးပါ။ ခြေ-လက် သန့်ရှင်းရေးဂရုစိုက်ပါ။ Tincture of cannabis ဆေးခြောက်ကိုဖျော်ပြီးဆေးဖေါ်တာကိုအခုတော့ တားထားတယ်။

Plantar Warts ကို ဆေးစာမှာ ကြွက်နို့လိုပါပေမဲ့ ခြေဖဝါး အသားမာခေါ်တယ်။

• Doughnut-shaped piece of moleskin around the wart ပလာစတာ တမျိုးမျာ အဝိုင်းလေးနဲ့ အလယ်က အပေါက်လေးနဲ့ဟာ ကပ်ပါ။

• Duct tape ဆိုတာကို ၂၄ နာရီကပ်ထားပါ။ ၆ ပါတ်ကြာရင်ပျောက်တယ်။

• 17% Salicylic acid and 17% Lactic acid (Duofilm or DermaTech Wart Treatment) ကိုလမ်းပါ။ နေရာကို ရေနွေးနဲ့ ၅ မိနစ် စိမ်ပြီးမှ ဒါမှမဟုတ် ရေချိုးပြီးချိန်လိမ်းပါ။ အဖတ်ကွာလာတာတွေကို (ဘရပ်ချ်) နဲ့တိုက်ဖယ်ပစ်ပါ။

• Cantharidin and Dichloroacetic (or Trichloroacetic) acid တွေလဲသုံးတယ်။

• Upton's paste (6 parts Salicylic acid and 1 part Trichloroacetic acid in Glycerin) ကိုလဲ သုံးတယ်။

• 40%-60% Salicylic acid နဲ့ white soft Paraffin ပါရာဖင်အဆီ ရောလိမ်းတယ်။

• Efudex (5-fluorouracil) topical ointment လိမ်းဆေးသုံးတယ်။

• Laser treatment လေဆာနည်း၊

• Cryotherapy အေးခဲစေနည်း၊

• Curettage and Desiccation ခြစ်ခွဲစိတ်နည်း၊

• Immunotherapy ဆေးနည်းကို အရေပြားအထူးကုဆရာဝန်တွေက လုပ်ပေးတယ်။

နောက်ဆုံးခွဲစိတ်ရမှာပါပဲ။ ထုံဆေးနဲ့ခွဲတာပါ။ ပြန်တောင်မချုပ်ရဘူး။ အသားနုတက်ပြီးပျောက်သွားတတယ်။

Plantar Warts Treatment ခြေဖဝါး အသားမာ ကုသနည်း လင့်ပို့လိုက်တယ်။

Gym ဆော့တာနဲ့ ကစားတာ မတူပါ လင့်ပို့လိုက်တယ်။၁။ ဆရာရှင့် အသက်၂၁ မိန်းကလေးပါ gym ဆော့ရင်း ဖိနပ်မစီးပဲ အကြိမ်ရေများစွာခုန်မိပါတယ် အဲ့ဒါပြီးတော့ အခုခြေဖဝါးမှာ အဖုပေါက်လာပါတယ် အစကမနာပါဘူး ခုနောက်ပိုင်းဖိလိုက်ရင်တော်တော်နာပါတယ် ဘရိတ်ဓားနဲ့ ခစ်တော့ အသားမာလိုဖြစ်နေပါတယ် အပေါက်သေးသေးလေးကနေ သွေးလဲထွက်ပါတယ်ဆရာ ၁ ပတ်ကျော်နေပါပြီ ဘာအနာမှန်းလဲမသိလို့ပုံ ပို့လိုက်ပါတယ်ဆရာ ကန်တော့ပါရှင့်

၂။ ဆရာရှင့် ကျွန်မအသက်က ၂၇ နှစ်ပါ။ အောက်မှာပြထားတဲ့ ဆေးဘူးက မိန်းကလေးတွေ gym မဆော့ခင် သောက်ရတဲ့ဆေးလို့ ပြောပါတယ်ရှင့်။

၃။ ဆရာ မေးချင်တာလေးရှိလို့ပါ။ သမီးက gym ဆော့ပါတယ်ဆရာ။

၄။ ဆရာရှင့်သမီးဟာ အသက်၃၁ အပျိုပါ။ အူအတတ်ခွဲထားတာ ၂ လပိုင်း ၁၂ ရက်နေ့ကပါ။ အနာချုပ်ရိုးကတော့ မကြာခဏယားနေတတ်ပါတယ်ရှင့်။ ဝမ်းချုပ်ရင်လည်း အောင့်သလိုလိုပဲ ဖြစ်တတ်ပါတယ်ရှင့်။ သမီး ဂျင်ဆော့မယ်ဆို ဖြစ်နိုင်ပါ့မလား ဆရာ။ ဆော့လိုရနိုင်ပါလား ဆရာရှင့်။

၅။ ဆရာ၊ ဂျာမနီရှေ့တန်းက ဆော့တာ သိပ်ကောင်းတယ်လို့ ဘော်လုံးဝေဖန်ရေးဆရာက tv မှာ ပြောပါတယ်။ ဆော့ စကားလုံးသုံးတာ မှားတယ်လို့ ထင်တယ်။ ဘော်လုံးကန်သည်။ ဘော်လုံးကစားသည် သုံးလို့ရတာဘဲ။ gym မှာ သွားဆော့မယ်လို့ ပြောပါတယ်ဆရာ။ ရှင်းပါဦးဆရာ။

၆။ မင်္ဂလာပါ ဆရာရှင့်။ သမီးက ကုမ္ပဏီဝန်ထမ်းပါ။ ရုံးက ညနေ ၅နာရီခွဲ ဆင်းတာဆိုပေမယ့် ၆နာရီလောက်မှ အလုပ်ဆင်းဖြစ်ပါတယ်။ ၇နာရီလောက်ဆိုရင် Gym ကို ရောက်ပါတယ်။ ၈နာရီခွဲလောက်ထိ ဆော့ပြီး အိမ်ကို ပြန်ရောက်ရင် ၉နာရီ ကျော်ပါပြီ။ အိပ်ချိန်နဲ့ကပ်နေလို့ သမီး ညစာမစားဖြစ်ပါဘူး။ ခုနောက်ပိုင်းမှာ သမီး ခေါင်းခဏခဏမူးလာတယ်ဆရာ၊ တခါတလေဆို အန်ပါတယ်။ ဆော့နေရင်းနဲ့လဲ အားကုန်နေသလိုမျိုး ခံစားရတယ်။

ဆရာရှင့် ကျွန်မအသက် ၂၄ ပါရှင့် အိမ်ထောင်ရှိပါတယ်ရှင့် ပထမကလေးကလေးနှစ်ပါရှင် ဒုတိယသားလေးမွေးထားတာ ၉ ရက်ရှိပါပြီရှင် ရိုးရိုးမွေးတာပါဆရာ ကလေးက ၈ပေါင် ၆အောင်စရှိပါတယ်ဆရာ မိန်းမကိုယ်ချုပ်ရိုးက တော်တော်များပြီး စအိုထိတောင်ရောက်ပါတယ်ဆရာ ဆရာချုပ်ရိုးကဖြည်စရာမလိုဘူးလို့ OG ကပြောပါတယ်ဆရာ အခုအနာက တော်တော်နဲ့ မကျက်လို့ စိတ်ညစ်နေရပါတယ်ဆရာ ကလေးလည်းသေချာမချီပိုးနိုင်ဖြစ်နေပါတယ်ဆရာ အနာမြန်မြန်ကျက်အောင် ဘယ်လိုလုပ်ရပ့မလဲဆရာ

Repair after delivery မွေးဖွါးပြီးပြုပြင်ခြင်း လင့်ပို့လိုက်တယ်။

Perineal repair မွေးလမ်းပြုပြင်ခြင်း လင့်ပို့လိုက်တယ်။ 

၁။ ဆရာ အသက် ၁၀နှစ်ကလေး (မိန်းကလေးပါ) Omega-3တိုက်လို့ရပါသလား ကလေးတွေအတွက်ကောင်းကျိုး ဆိုးကျိုးလေး ပြောပြပါ

အတော် မေးကြတယ်။ မေးတာ ကောင်းတယ်။ ကလေးအတွက်၊ အပျိုအတွက်၊ နှခုံးအတွက်၊ ကိုယ်ဝန်အတွက် စသည်။

၂။ ဆရာရှင့် ကျွန်မအသက် ၃၀ရှိပါပြီရှင့် အပျိုပါရှင့် နှလုံးအားနည်းလို့ ဆရာဝန်ညွှန်ကြားချက်အရ omega 3 Q 10 ကိုသောက်ရပါတယ်ရှင့် အခုအဲ့ဒီဆေးမှာဝယ်လို့မရတော့သဖြင့် Omega 3 နှင့် Q10 ဆေးနှစ်မျိုးကို တွဲသောက်လို့ ရလားရှင့် သို့မဟုတ် omega3 တမျိုးထဲကိုပဲ သောက်ရမလားရှင့် စွဲသောက်ရင် ဆိုးကျိုးရှိနိုင်ပါသလားဆရာ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်

နှလုံးအားနည်းဆိုတာ မရေမရာပြောတာသာဖြစ်တယ်။ မေးတဲ့သူ ဘာဖြစ်နေသလဲ မသိပါ။

အိုမီဂါသရီးဆိုတာ လူတွေအတွက် မရှိမဖြစ်တဲ့ အစာအမျိုးအစားထဲက တခုဖြစ်ပါတယ်။ ငါးတွေကနေရတာများတယ်။ ငါးကြီးဆီနဲ့ မတူပါ။ ဦးနှောက်အလုပ်တွေနဲ့ ကြီးထွားဘို့အတွက်ပါ လိုအပ်တယ်။ နှလုံးရောဂါဖြစ်မှာကို တားပေးနိုင်လို့ပါ။ အမေရိကန်နှလုံးရောဂါအဖွဲ့က ငါးတမျိုးမျိုးကို တပါတ် ၂ ခါ စားသင့်တယ်လို့ အကြံပြုထားပါတယ်။ EPA နဲ့ DHA တွေ ပါတဲ့ ငါးတွေက ဆာလ်မွန်၊ ကျူနာ၊ ဟာလီဘတ်ငါးတွေ ဖြစ်တယ်။ ပင်လယ်စာတွေ၊ အပင်တွေနဲ့ အစေ့အဆံကရတဲ့ အဆီတွေမှာလဲပါတယ်။ ALA ဆိုတာက နှမ်းကြတ်စေ့၊ နှမ်းကြတ်ဆီ၊ ပန်းနှမ်းဆီ၊ ပဲပုပ်စေ့၊ ပဲပုပ်စေ့ဆီ၊ ဖရုံစေ့၊ ဖရုံစေ့ဆီ၊ သစ်ကြားသီး၊ သစ်ကြားစေ့ဆီတွေကနေရတယ်။

အိုမီဂါသရီးကြောင့် ရောင်ခြင်းဖြစ်စဉ်ကို လျော့နည်းစေတယ်။ ဒါကြောင့် နာတာရှည်ရောဂါတွေထဲက နှလုံးရောဂါ၊ ကင်ဆာနဲ့ အဆစ်နာရောဂါတွေကို သက်သာစေမယ်လို့ ယူဆစရာအကြောင်း ရှိနိုင်တယ်။ စားတဲ့အထဲကပါတဲ့ ဒီဓါတ်ဟာ ဦးနှောက်မှာ အများကြီးလာစုနေတယ်။ ဒါ့ကြောင့် ဦးနှောက်မှတ်ဉာဏ်၊ စဉ်းစားမှုနဲ့ အမူအယာအလုပ်တွေအတွက် အရေးပါတာ ဖြစ်နိုင်တယ်။ တကယ်လို့ မိခင်ဆီကနေ အိုမီဂါ-သရီးအလုံအလောက်မရရင် ကလေးဟာ အမြင်ဆိုင်ရာနဲ့ အာရုံကြောတွေမှာ အားနည်းနိုင်တယ်။ ဒီဓါတ်နည်းနေရင် အားယုတ်မယ်၊ မှတ်ဉာဏ်နည်းမယ်၊ အရေပြား ခြောက်နေမယ်၊ နှလုံးရောဂါရမယ်၊ စိတ်မူပြောင်းမယ်၊ စိတ်ဓါတ်ကျမယ်၊ သွေးလှည့်တာ မကောင်းဘူး။

Coenzyme Q10 (CoQ10) ဆိုတာ လူအများစားသုံးတဲ့အစားအစာတွေထဲမှာ ပါတယ်။ အင်တီအောက်စီဒင့်လို့ခေါ်တယ်။

အစားအစာ လုံလောက်မျှတအောင်စားတတ်သူတွေက အားဆေးတွေ မလိုကြပါ။

1. Obimin and Omega-3 (အိုဗီမင်) နဲ့ (အိုမီဂါ သရီး) လင့်ပို့လိုက်တယ်။

2. Omega Kids ကလေးတိုင်းအတွက်တော့မဟုတ် လင့်ပို့လိုက်တယ်။

3. Omega-3 and Pregnancy အိုမီဂါ နှင့် ကိုယ်ဝန် လင့်ပို့လိုက်တယ်။ 

4. Omega-3 အိုမီဂါသရီး ဘာလို့ နာမည်ကြီး လင့်ပို့လိုက်တယ်။ 

ဆရာရှင့် ရိုသေလေးစားစွာဖြင့် ကန်တော့ပါသည်ရှင့် မြန်မာရုပ်ရှင်ကား ANUBIS ဆိုတဲ့ အဓိပ္ပာယ်ကို သိချင်ပါတယ်ဆရာ Google Wikipedia မှာရှာကြည့်ပါတယ်ဆရာရှင့် သို့သော် နားမလည်ပါ

Anubis is the Greek name of a god associated with mummification and the afterlife in ancient Egyptian religion, usually depicted as a canine or a man with a canine head. Archeologists have identified Anubis's sacred animal as an Egyptian canid, the African golden wolf.

ဗမာလို အချိန်ရတော့ ရေးပါမယ်။

Like many ancient Egyptian deities, Anubis assumed different roles in various contexts. Depicted as a protector of graves as early as the First Dynasty (c. 3100 – c. 2890 BC), Anubis was also an embalmer. By the Middle Kingdom (c. 2055 – 1650 BC) he was replaced by Osiris in his role as lord of the underworld. One of his prominent roles was as a god who ushered souls into the afterlife. He attended the weighing scale during the "Weighing of the Heart," in which it was determined whether a soul would be allowed to enter the realm of the dead. Despite being one of the most ancient and one of the most frequently depicted and mentioned gods in the Egyptian pantheon, Anubis played almost no role in Egyptian myths.

မင်္ဂလာပါဆရာ အသက်က ၂၇ပါဆရာ ကားဆေးမှုတ်လုပ်ငန်းမှာ အလုပ်ချိန်တနေ့ ၈နာရီလောက်လုပ်ရပါတယ်ဆရာ ရေရှည်လုပ်ရင်အဆုတ်ထိခိုက်နိုင်ပါလားဆရာ အဆုတ်မထိခိုက်အောင် ဆောင်ရန်ရှောင်ရန်လေးသိချင်ပါတယ်ဆရာ

နှာခေါင်းထဲဝင်မှာအတွက် နှာခေါင်းစည်း လိုမယ်။ လက် ကိုယ်နဲ့ထိတာကိုလည်း အကာအကွယ်လိုပါမယ်။

ကာကွယ်ဝတ်စုံအမြဲသုံးပါတယ်ဆရာ အဆုတ်အားဆေးတွေ သောက်ဖို့လိုအပ်ပါသလားဆရာ

Paint fumes သုတ်ဆေးရှူမိရင် ဘေးထွက်သက်ရောက်မှုတွေရနိုင်တယ်။ အသက်ရှူခက်ခဲခြင်း၊ ခေါင်းကိုက် ခေါင်းခဲ၊ စိတ်မကြည်လင်ခြင်း၊ စကားပြောနှင့် အမြင် မကြည်လင်ခြင်း၊ အားနည်းခြင်း၊ ဘယ်ရောက်နေမှန်း မသိသလိုဖြစ်ခြင်း၊ စိတ်ဓါတ်ကျခြင်း။

Volatile Organic Compounds အော်ဂဲနစ် ညှော်နံ့ လင့်ပို့လိုက်တယ်။ 

အဆုတ်အားဆေးဆိုတာ မရှိပါ။ ဆာရီး။ အလားတူပဲ မျက်စိအားဆေး မရှိ။ သားအိမ်အားဆေး မရှိပါ။

အသက် ၇၁နှစ် မ သားအိမ်ကျွံနေတာ ၂နှစ်ကျော် ရှိပါပြီခင်ဗျာ။ ကွင်းထည့်တာ ၂ကြိမ်စလုံး ပြုတ်ကျလို့ ထပ်မထည့်ဖြစ်တော့ပါ။ ယခုရက်ပိုင်းမှ OG နှင့်ပြရာ ကွင်းထည့်ရန် သို့မဟုတ် ခွဲထုတ်ပစ်ရန် ပြောပါသည်။ သို့သော် OG မှ ခွဲစိတ်ပေးရန် မအားလပ်သောကြောင့် ကွင်းထည့်ရန်သာ တိုက်တွန်းပါသည်။ ကွင်းထည့်ခြင်းနှင့် ခွဲထုတ်ပစ်ခြင်း ဘယ်ဟာ လုပ်သင့်သည်ကို မသိပါသောကြောင့် ဆရာ အကြံဉာဏ် ပေးပါရန် လေးစားစွာ တောင်းခံအပ်ပါသည်ခင်ဗျာ သွေးတော့ဆုံးသွားပါပြီ။ အိမ်ထောင်ရှိ ခင်ပွန်းဆုံးတာ ၄လခန့်ရှိပါပြီ။ ကလေး ၃ယောက်ရှိပါသည်။

Uterine Prolapse သားအိမ်ကျတယ်ဆိုတာ လင့်ပို့လိုက်တယ်။ 

Manchester Operation မန်ချက်စတာ အော်ပရေးရှင်း လင့်ပို့လိုက်တယ်။

ဆရာရှင့် ကျမက ဆိုင်ကယ်မှောက်ပြီး ဒူးအရွတ်နဲ့အဆစ်အိမ်ယောင်နေပါတယ် 20° လောက်ပဲကွေးလို့ရပြီး ပိုကွေးမိရင်နာပါတယ်ဆရာဝန်ကတော့ ကြာရင်ပြန်ကွေးလို့ရမယ်ပြောပေမဲ့ဘာမှမထူးခြားလာလို့ပါ ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သင့်ပါလဲ ဖြစ်ထားတာ ၁လရှိပါပြီရှင့်

• ထိခိုက်ဒဏ်ရာမှန်သမျှ ပျောက်ဘို့ အချိန်ယူတယ်။

• အရိုးကျိုးရင် အတည့်ဖြစ်အောင်လုပ်ပေးထားတဲ့အတိုင်း ငြိမ်နေအောင်လုပ်ရတယ်။ အနာသက်သာဆေးတခုခုသုံးနိုင်တယ်။ နာတာ + ရောင်တာ သက်သာစေမယ်။

• လေ့ကျင့်ခန်းဆိုတာ နောက်တဆင့်ဖြစ်တယ်။ ဖြစ်တဲ့နေရာက ဘယ်လိုအလုပ် လုပ်သလဲအရ လုပ်ရတယ်။ အဆစ်တွေမှာ အလုပ်တွေ မတူကြပါ။

• ဒူးဆိုတာ အကွေးနဲ့ အဆန့် ၂ မျိုးသာလုပ်တယ်။ ပုံမှန် ၀ ကနေ ၁၃၀ ဒီဂရီအထိ ကွေးနိုင်တယ်။ ၁၂၀ ကနေ ၀ အထိ ဆန့်နိုင်တယ်။ တင်ပါးဆုံနေရာက ၄၅ ဒီဂရီအတွင်းဘက်လှည့်နိုင်တယ်။ ခြေခြင်းဝတ်က ၅၀ ဒီဂရီခြေဖဝါးဘက် ကွေးနိုင်တယ်။

• ခြေထောက်နေရာတွေက ကိုယ်အပေါ်ပိုင်းနေရာတွေထက် ပြန်ကောင်းဘို့ အချိန်ပိုယူတယ်။ ကိုယ်အလေးချိန် ဖိခံထားရလို့။

• ကျမဆိုသူ အသက် မသိ။ ကျန်အချက်အလက်တွေ မသိ။ အသက်ငယ်လေ ပျောက်ကင်းတာ မြန်လေ။

သမီးအသက်က၂၁ပါရှင့် အိမ်ထောင်မရှိပါဘူးရှင့် နွေရာသီ မိုးရာသီဆိုဘာမှမဖြစ်ပါဘူး ဆောင်းရာသီဆိုကျောမာအဲ့လိုအကွက်လေးတွေပေါက်ပေါက်လာလို့ပါ ယားလဲမယား နာလဲမနာပါဘူး ရေလဲနေ့တိုင်းချိုးပါတယ်ရှင့် အဲ့လိုအကွက်တွေမထတော့အောင် ဘယ်ဆေးလိမ်းပြီးဘာတွေရှောင်ရမလဲသိချင်လို့ပါရှင့် ပုံပါပို့လိုက်ပါတယ်

Fungus မိုးစိုစို မှိုသတိထား လင့်ပို့လိုက်တယ်။ 

Age Spots အသက် နဲ့ အစက် လင့်ပို့လိုက်တယ်။

သခင်တပိုင်း လင်တပိုင်း သခင်တခု လင်တခု

ပို့ပေးတဲ့သူ ကျေးဇူး။

တတိယတန်း မြန်မာဘတ်စာ

တေးဟောင်း

လသာကြမ်းပြင် ဗိုင်းရစ်ခွင်

သခင်လိုလို လင်လိုလို

စောင်ညိုကာပ ရွှေခေါင်ရမ်း။

ဂွပ် ကွမ် ကွမ့် ဂွမ်း။

လသာကြမ်းပြင် ဗိုင်းရစ်ခွင်

သခင်တပိုင်း လင်တပိုင်း။

မျှော်တိုင်းလာပ လူယဉ်ကျေး

လေး လေ လေ့ လေး။

လသာကြမ်းပြင် ဗိုင်းရစ်ခွင်

သခင်တခု လင်တခု။

မျှော်ရှုပါရ ပျို့ချစ်တေး

ဝေး ဝေ ဝေ့ ဝေး

၁။ မင်္ဂလာပါဆရာ အရေးကြီးလို့ပါ မေးချင်တာလေးရှိလို့ဖြေပေးပါနော် ဆရာ မိန်းကလေး အသက် ၂၀ ပါဆရာ Urethral မှာပြသနာလေးရှိနေပါတယ် urethral enlarge ဖြစ်နေတယ်ထင်တယ်ဆရာ အဲ့ဒါဘာဆက်လုပ်ရမလဲဆရာ ရောဂါဖြစ်တာလား ကုရမှာလားဆရာ

ဆေးစစ်ချက်စာ သိပါသလား။ အိမ်ထောင်ရေး။

ဆေးမစစ်ရသေးဘူးဆရာ ယောက်ျားရှိပါတယ်

Urethra ကြီးတယ်ဆိုတာ မရှိ။ ရောင်တာရှိနိုင်။ ကျဉ်းတာရှိနိုင်။

သက်သာသွားပါပြီဆရာ ဆီးပိုးဝင်တာပါ ကျေးဇူးပါ ဆရာ

Urinary tract infection စာ ခဏခဏတင်ထားတယ်။

၂။ ဆရာ သမီး လျှာလိပ်လိပ်နေလို့ ဆရာ။ အေးတဲ့အချိန် လိပ်တတ်ပါတယ်။ ကျေးဇူးပြုပြီး ဖြေပေးနိုင်မလားရှင်

၃။ ဆရာ မင်္ဂလာပါ မသိတာလေးမေးပါရစေဆရာ အမျိုးသမီးက ၃၃နှစ်ထဲမှာပါ ခုရက်ပိုင်း ဓမ္မတာလတာ အဖြူဆင်းနေတာ ဘာရောဂါကြောင့်လဲ ဒါမှာမဟုတ် ဘာဓာတ်လိုအပ်နေလိုလဲဆိုတာ ပြောပြပေးပါဆရာ ကျေးဇူးတင်ပါတယ်ဆရာ

အိမ်ထောင်ရေး (အတူနေ) မသိ။ (.) ၈ လုံးဖျက်လိုက်တယ်။ မြန်မာစာမှာ ဖူးလ်စတော့ပ် မရှိ။ ဒေါ့ မရှိ။

White discharge အဖြူဆင်းခြင်း လင့်ပို့လိုက်တယ်။

၄။ ဆရာရှင့် ယောက်ျားလေး အသက်က ၈နှစ်ခွဲ ညပိုင်း အိပ်ရာဝင်တိုင်း နှာခေါင်းပိတ် အသက်ရှူမရဖြစ်ဖြစ်နေလို့ပါ ဆေးစာလေးများ လမ်းညွှန်ပေးပါအုန်းရှင့်

Common Cold in children ကလေးတွေ အအေးမိရင် လင့်ပို့လိုက်တယ်။ 

၅။ ဆရာ သ္မီးခဏခဏနားခေါင်းသွေယိုနေလိုပါ ဆေးရှံတွေသွားတာလဲ မပျောက်ဘူးဆရာ ဆေးရှံကဆရာဝန်တွေကလဲ

သောက်ဆေးတွေဘဲပေးပေးလွတ်ပါတယ် သ္မီးလဲဆရာဝန်တွေပေးတဲ့ဆေး တွေပေးတဲ့သောက်တွေကိုသောက်ပါတယ် အတာမပျောက်လို

မေးနည်းစည်းကမ်း ပို့ထားပြီး။ သ္မီးဆိုသူ အသက် မသိ။ အချက်အလက်တွေ မသိ။ မေးနည်းပါ ဘလော့မှာ ဖတ်လိုတာ ရှာပါရန်။

ဆရာရှင် ဖေဖေက အသက် ၅၄နှစ်ပါ အရက်မသောက်ဆေးလိမ်လည်းမသောက်ပါဘူး ကွမ်းယာတော့စားပါတယ် အခုအသဲခြောက်လို့ပါဆရာ အသဲအားဆေးဘယ်အမျိုးအစားကိုတိုက်သင့်ပါသလဲဆရာ အလွယ်တကူဝယ်လို့ရတာလေး ညွန်းပေးပါဆရာ

1. Ascites Causes ရေဖျင်းဘာကြောင့်ဖြစ်ရသလဲ လင့်ပို့လိုက်တယ်။ 

2. Cirrhosis Diet အသဲခြောက် အစားအသောက် လင့်ပို့လိုက်တယ်။

3. Cirrhosis Liver Prognosis အသည်းခြောက်ရောဂါ အလားအလာ လင့်ပို့လိုက်တယ်။

4. Cirrhosis Question အသည်းခြောက်ရောဂါ မေးခွန်း လင့်ပို့လိုက်တယ်။

5. Cirrhosis အသည်းခြောက်ရောဂါ (၁) လင့်ပို့လိုက်တယ်။ 

6. Primary biliary cirrhosis အသည်းခြောက်ရောဂါ (၂) လင့်ပို့လိုက်တယ်။မင်္ဂလာပါဆရာရှင့် ကျမလူနာရှင်ကိုယ်စားမေးခွင့်ပြုပါ။ လူနာက အမျိုးသား အသက် ၃၅ပါ။ WYသုံးစွဲနေတာကြောင့် အခု သွားတွေကြွေနေပါပြီ။ ဒီရက်ပိုင်းဖြစ်နေတာက နှုတ်ခမ်းတွေယောင်ပြီး စကားပြောရတာတောင် နာတယ်လို့ ပြောပါတယ်။ အဲ့ဒါ နှုတ်ခမ်းယောင်ပြီးနာနေတာကို သက်သာအောင် လတ်တလော ဘာဆေးသောက်ခိုင်းထားရမလဲရှင့်။ ကျေးဇူးပြု၍ ပြန်လည်ဖြေကြားပေးပါရှင့်။

စိတ်ကြွဆေးသုံးသူတွေမှာဖြစ်တာကို Meth mouth လို့ခေါ်တယ်။ Meth teeth လို့လည်ခေါ်တယ်။ ပုံတွေဆိုးလွန်းလို့ မတင်တော့ပါ။ မူးယစ်အထူးကုဆရာဝန်နဲ့ သွားဆရာဝန်တို့က အတတ်နိုင်ဆုံး လုပ်ပေးနိုင်ပါတယ်။ အတော်ဆိုးတယ်။

• Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ လင့်ပို့လိုက်တယ်။ 

• Amphetamines (2) ရာမ ဇာတ်လမ်းတခု လင့်ပို့လိုက်တယ်။

• Amphetamines စိတ်ကြွဆေး လင့်ပို့လိုက်တယ်။

• Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း လင့်ပို့လိုက်တယ်။

• Ecstasy စိတ်ကြွဆေးများ လင့်ပို့လိုက်တယ်။

• Ice ဆိုတာ ရေခဲမဟုတ်ပါ လင့်ပို့လိုက်တယ်။ 

• Methadone မက်သဒုံး လင့်ပို့လိုက်တယ်။ 

• Methamphetamine (မက်သမ်ဖတမင်း) လင့်ပို့လိုက်တယ်။l

• Molly လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး မော်လီဆေးပြား ပိုဆိုးဝါး လင့်ပို့လိုက်တယ်။

• Pseudoephedrine (ယာဘ) ကို ဒါကနေလုပ်တယ် လင့်ပို့လိုက်တယ်။

• Yaba ယာဘ လင့်ပို့လိုက်တယ်။ဒေါက်တာတင့်ဆွေ

Dr. ရှင့် ကျွန်မအသက် ၃၇ နှစ်ပါ၊ ကျွန်မ ဦးရေပြားက အဆီအမြဲထွက်ပါတယ်၊ နေ့စဉ်ခေါင်းလျှော်ရပါတယ်၊ ထိပ်လဲ တော်တော်ပြောင်နေလို့ အရေပြားအထူးကုနဲ့ပြတော့ ယောက်ျားဟော်မုန်းများနေတာလို့ပြောပါတယ်၊ Omega-3 နဲ့ Folat-400mcg ဆေးပေးပါတယ်၊ ယခု ကိုယ်ဝန် ၂လ ဆောင်ထားပါတယ်ရှင့်၊ Folat ဆေးကတော့ ဆရာဝန်ပေးတာ ကုန်တာနဲ့ ဆက်မသောက်တော့ပါဘူးရှင်၊ ကျွန်မ ဆံပင် ပြန်ပေါက်ချင်ပါတယ်၊ လမ်းညွှန်မှု ခံယူပါတယ်ရှင့်

Oily Hair ဆံပင် အဆီပြန် နေပြန်သတဲ့ လင့်ပို့လိုက်တယ်။ 

Hair Loss ဆံပင်ကျွတ်ခြင်း လင့်ပို့လိုက်တယ်။

Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် လင့်ပို့လိုက်တယ်။

၁။ ဆရာရှင့် ခဲအို US မှာ ဦခေါင်းခွဲစိတ်တဲ့ CT ရလဒ်ကိုမှတ်ချက်လေးပြောပေးစေလိုပါသည် ကျေးဇူတင်ပါသည်

ဆေးစာ ဘာသာပြန်တာတော့ တခြားသူကိုသာ မေးပါရန်။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။

၂။ ဆရာရှင့် ကျမ အသက် ၄၈ နှစ်ပါ။ ဓမ္မတာမလာတော့ပါ။ အခု ကျမဘယ်ဘက်လက်ဖျားလေးတွေထုံကျင်နေလို့ပါ။ ညာဘက်လက်မ က ကပ်နေပါတယ်ဆရာ ဘာရောဂါလက္ခဏာလည်းသိပါရစေရှင့်။

ကယ်လ်စီယမ် + ဗီတာမင်ဒီ တနေ့ တစုံသောက်သင့်။ ဗီတာမင်ဘီအားဆေး နေ့စဉ် သောက်သင့်။ သွေးတိုး မသိ။ ဆီးချို မသိ။

၃။ ကျွန်တော်သမီးလေးက၁၀လထဲမှာပါ။ သမီးလေးက ဝမ်းနဲနဲခြင်းသွားနေလို့ ဆေးခန်းပြတာ ဆရာမက ဝမ်းကိုက်တယ်ဆိုပြီး kidlac နဲ့ FEXIWEL-100 ၅ရက်စာပေးလိုက်တာ သက်သာနေတာ ၅ရက်လောက်ရှိပါပြီ။ မနေ့ကမှထပ်ပြီး ပြန်ဖြစ်နေလို့ အရင်ဆေးကိုပဲထပ်ပြီးတိုက်သင့်သလား ဆရာကြီးလမ်းညွှန်ပေးပါအုံးခင်ဗျာ ။ ဆေးပြောင်းတိုက်မယ်ဆိုလဲဘယ်ဆေးပြောင်းတိုက်သင့်လဲ အကြံပေးပါဆရာခင်ဗျာ

Diarrhea in Children ကလေးဝမ်းသွားရင် လင့်ပို့လိုက်တယ်။၄။ ဆရာရှင် ကျမ အသက် ၃၃ နှစ်ပါ ရာသီလာတာ စလာလာချင်း အမဲတေလာလို့ပါရှင့် ပီး ၂ ရက်လောက် အနီ ဆင်းပီးတော့ ပီးသွားတော့ အမဲပြန်လာပီး ရပ်သွားတယ်ရှင့် အဲ့ လိုဖြစ်တာ ၂ လလောက်ရှိပီး အရင်ထဲကလည်း ရာသီသွေးဆင်းရင်နည်းပါတယ်ရှင့် ၃ ရက်မှာ ၂ ရက်လောက်ပဲ ကောင်းကောင်းဆင်းပီး ၁ ရက်လောက်က အနည်းအကျဉ်းလောက်ပဲ ဆင်းတာရှင့် ခုဆိုရင် အမဲတေဆင်းပီး တရက်လောက်ပဲ အနီကောင်းကောင်းဆင်းတယ်ရှင့် ဘယ်သူနဲ့ ပြပြီး ဘာဆေးသောက်ရမလည်း ညွန်ကြားပေးပါရှင် ကျေးဇူးတင်ပါတယ်ရှင့်

အိမ်ထောင်ရေး မသိ။ မေးနည်းစည်းကမ်း ပို့လိုက်တယ်။ တေ လို့ရေးတာ မှားတယ်။ ပီး ရေးတာ မမှန်။

၁။ မင်္ဂလာပါဆရာ ကျွန်မကအသက် 33 နှစ်ပါ မာဗယ်လွန်ကို ရာသီလာပြီးလို့ ၇ ရက်မြောက်မှာသောက်မယ်ဆိုရင် နံပါတ်ဘယ်နှစ်လုံးမြောက်ကစသောက်ရမှာပါလဲဆရာ ဖြေကြားပေးစေချင်ပါပသည် ပိုးသတ်ဆေးတွေလည်း သောက်နေရလို့ပါဆရာ

Marvelon မာဗယ်လွန် တားဆေး လင့်ပို့လိုက်တယ်။ 

Pills Q and A တားဆေး အမေးအဖြေ လင့်ပို့လိုက်တယ်။၂။ Marvelon မာဗယ်လွန် တားဆေး သောက်နေတာပါ ဆေးဖြတ်လိုက်တာနဲ့ကိုယ်တန်းရမရသိချင်လို့ပါ

အသက် အချက်အလက် မသိ။ မေးနည်း ပို့လိုက်တယ်။

၃။ သမီး ဒီနေ့ရိုက်ထားတဲ့ ဓါတ်မှန်ပါ ဆရာရှင့် အဖြေက မပြရသေးပါဘူး TB ဆေးပြန်သောက်ရမယ်ထင်တယ်နော်ဆရာရှင့်

အဆုတ်ရောင်နေ။ တီဘီလို့ ရေးမထား။ ပိုးသေဆေးပေးပါလိမ့်မယ်။

၄။ မင်္ဂလာပါဆရာ ကျွန်တော့်အသက် ၃၄နှစ်ပါ။ အိမ်ထောင်မရှိပါဘူး။ အလုပ်ကတော့ ညဉ့်နက်မှအိမ်ပြန်ရပါတယ်။ စီးကရက်သောက်ပါတယ်။တခါတလေမှအရက်သောက်ပါတယ်။ မနေ့ကမနက်၁၀ နာရီလောက်က ကျွန်တော် အိပ်ယာထပြီး (ကန်တော့) အပေါ့သွားပြီး ပြန်အထမှာ သတိလစ်သွားပါတယ်။ မွန်းလွဲ၂နာရီလောက် ညီမပြန်လာတော့မှသတိပြန်ရပါတယ်။ (၁၃/၁၄ နှစ်သားလောက်ကတခါဖြစ်ဖူးပါတယ်)။ ညကျမှဆရာဝန်နဲ့ သွားပြပါတယ်။ ဆရာဝန်က သကြားဓာတ်နည်းပြီး ခန္ဓာကိုယ်က အာဟာရဓာတ်တွေ မြန်မြန်ကုန်တဲ့ ဖြစ်စဉ်ကြောင့်ပါတဲ့။ သကြားလုံးနဲ့အချိုရည်ဆောင်ထားခိုင်းပါတယ်။ အဲ့ဒီလိုဘာကြောင့်ဖြစ်ရတယ်။ ဘယ်လိုဆိုးကျိုး ဖြစ်စေတယ်။ ဘယ်လိုနေထိုင်ရမယ်ဆိုတာ ဖြေကြားပေးပါခင်ဗျာ

ပုဒ်မနောက် ခြားမထားလို့ ပြင်ဖတ်ရတယ်။ သွေးတိုး မသိ။ ဆီးချို မသိ။

Fainting မူးမေ့ခြင်း လင့်ပို့လိုက်တယ်။

၅။ အသက် က ၁ နှစ် နဲ့ ၄ လ ယောက်ျား လေးပါ ဖျားရင် တက်ပါတယ် တခါတက်ပီ ဆိုရင် ၂ မိနစ် ၃ မိနစ် ကြာပါတယ်၊ ၂ ကြိမ် ၃ ကြိမ် လောက် တက်ပါတယ်၊ ကိုယ်ပူချိန် 102°F လောက်ဆိုရင်တက်ပါတယ် ဆရာ ဘာကြောင့်လည်း ဘာရောဂါလည်း ဘယ်လိုကုရမလည်း သိချင်လို့ပါဆရာ

Epilepsy အတက်ရောဂါ လင့်ပို့လိုက်တယ်။

Seizure First Aid တက်နေသူကို ရှေးဦးသူနာပြုစုခြင်း လင့်ပို့လိုက်တယ်။

Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း လင့်ပို့လိုက်တယ်။၆။ မ အသက် ၂၉ အိမ်ထောင်ရှိ ကလေးရှိ ၁နှစ်၃လ တားဆေးexlutonသောက်ရင် ရာသီလာပါသည် ခါးအောက်ပိုင်းတွေကိုက်ပါသည် ၃.တားဆေးမသောက်ရင်မလာပဲအဖြူဆင်းပါသည်

White discharge အဖြူဆင်းခြင်း လင့်ပို့လိုက်တယ်။

၇။ ကျွန်မက အခု အသက် ၃၀ ထဲမှာပါ အိမ်ထောင်သက် ၁ နှစ်ပြည့်ပါ ကိုယ်ဝန်ရှိတာ ၁၀ ပတ်ပါ အခု ရာသီသွေးဆင်းသလို သွေးစလေးတွေ အမဲအညို ဆီးသွားတိုင်းပါနေလို့ ပါ အရမ်းတော့အောင့်တာမျိုးတွေမဖြစ်ပေမဲ့ ဆီးစပ်တဝိုက် တခါတခါအောင့်ပါတယ် အရမ်းလဲစိတ်ပူမိပါတယ် ကလေးအတွက် အန္တရာယ်ရှိနေပြီလားရှင့် ဘယ်လိုကာကွယ်ကုသရမလဲ လမ်းညွှန်ပြောပြပေးပါအုံးရှင့် ဆရာ ကန်တော့ပါ ဆရာရှင့်

Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း လင့်ပို့လိုက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ