Malawi starts landmark malaria vaccination drive ငှက်ဖျားကာကွယ်ဆေး စတင်ထိုးပြီ

အာဖရိကတိုက် မာလာဝီနိုင်ငံမှာ ပဌမဆုံးအကြိမ်အဖြစ် ငှက်ဖျားရောဂါ ကာကွယ်ဆေးထိုးနှံခြင်း စတင်လိုက်ပါတယ်။

RTS,S vaccine အမည်ပေးထားတဲ့ ငှက်ဖျားရောဂါ ကာကွယ်ဆေးကို ဆယ်စုနှစ် သုံးခုကျော်ကြာ စမ်းသပ်အောင်မြင်ခဲ့ပါတယ်။

GSK pharmaceutical company ကနေ ထုတ်လုပ်တယ်။

စောစောပိုင်း လေ့လာမှုတွေအရ ၃၀% ကျော်ထိရောက်မှုရှိတာတွေ့ရတယ်။ ၅ လ ကနေ ၁၇ လ ကလေးတွေကို စမ်းသပ်တာ ဖြစ်တယ်။

မာလာဝီနိုင်ငံကတော့ သူ့တိုင်းပြည်မှာ ၂ နှစ်အတွင်း ငှက်ဖျားကြောင့် ကလေး ၂၅၀၀ သေဆုံးလို့ စတင်ထိုးပေးပါတယ်။

အာဖရိကတိုက်မှာ တကမာ္ဘလုံးငှက်ဖျားဖြစ်သူပေါင်းရဲ့ ၉၅% ဖြစ်နေုပြီး ၉၆% သေဆုံးနေပါတယ်။ အသက် ၅ နှစ်အောက်ကလေးက ၈၀% ပါဝင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ