Medicines ဆေးသောက်နည်း (၃)

ကျွန်မအသက် ၁၈ နှစ်ပါ သန်ချဆေး သောက်တာ မဝါးဘဲမျိုချလိုက်တာ သန်ချဆေး အာနိသင်ရှိပါမလားရှင့်

ဆေးကို ဘယ်ဆေးမှ ဝါးမစားရ။ သံကို သန်လို့ပြင်လိုက်တယ်။

ဆေးတွေမှာ တက်ဘလက် ခေါ် ပေးလ် ခေါ် ဆေးပြား၊ ကက်ပဆူးလ် ခေါ် ဆေးတောင့်၊ ရှူးဂါးကုတ်တက် ခေါ် သကြားအုပ်ဆေးပြား စသဖြင့်ရှိတယ်။

ဆေးတိုင်းမှာ ဆေးအလေးချိန်ရှိတယ်။ မီလီဂရမ်၊ မိုက်ခရိုဂရမ် နဲ့ ဖေါ်ပြတယ်။

ဆေးရည်တွေကိုလည်း ဘယ်လောက် စီစီ မှာ မီလီဂရမ် ဘယ်လောက်လို့ရှိတယ်။ မီလီဂရမ် ခေါ် မင်လ် ခေါ်တာနဲ့ စီစီ ခေါ်တာ အတူတူပဲ။ မနေ့က တယောက်က အဲတာကို မေးတယ်။

ကန်တော့။ တနေ့ကတော့ အမျိုးသမီးတယောက် မွေးလမ်းထဲထည့်ဆေး အရည်မပျော်လို့ မေးတယ်။ မွေးလမ်းထဲ ထည့်ဆေး၊ စအိုထဲထည့်ဆေးတွေဟာ ကိုယ်အပူချိန်နဲ့ ပျော်သွားပြီး စုပ်ယူမှုဖြစ်မယ်။ မပျော်တဲ့ဆေး ရှိတတ်တယ်။ အဲတာမျိုးဆိုရင် မသုံးမီ ၄-၅ မိနစ်ကြာ ရေနဲ့စိုစေအောင် အရင်လုပ်ရတယ်။

ဆေးပြားတွေကို မျိုချရတယ်။ ဆေးအရသာအမျိုးမျိုး။ ဝါးစားလို့တော့ ဆေးအစွမ်းမထိခိုက်ပါ။

ရေဘယ်လောက် သို့မဟုတ် နွားနို့နဲ့သောက်ဆို ဆေးညွှန်းမှာပါလေ့ရှိတယ်။ နွားနို့နဲ့ မတွဲရတဲ့ဆေးလည်းရှိတယ်။ အရက်နဲ့မတွဲရတဲ့ဆေးရှိတယ်။ စာသပ်သပ် ရေးထားတယ်။

တနေ့ ၁-၂-၃-၄ ကြိမ်ညွှန်တာရှိတယ်။ ၁၂-၈-၆-၄ နာရီခြား ညွှန်တာရှိတယ်။ ဖြစ်နိုင်သလောက် တိကျရမယ်။ နည်းနည်းလွဲတာ စိုးရိမ်စရာ မရှိ။ အစာနဲ့ နီးရ ဝေးရမဲ့ဆေးတွေလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ