Rice vs. Wheat ဆန်နဲ့ဂျုံ

၁။ ဆရာမင်္ဂလာပါရှင့် မေးခွင့်ပြုပါဆရာရှင့် ထမင်းနဲ့ ဂျုံခေါက်ဆွဲ ဘယ်ဟာပိုပြီးဝိတ်တက်စေလဲရှင့်
၂။ ဆရာရှင့် ဆန်ဆေးရည်က ကျန်းမာရေးအတွက် ဘယ်လိုနေရာတွေမှာအသုံးဝင်လဲ သိချင်ပါတယ်ရှင်။
အမတယောက်ကပြောတာတော့ သူဆန်ဆေးရည်သောက်နေတာ ၂လ ၃လလောက်ကြာပြီ။ အဆီကျတယ် ဝမ်းမှန်တယ်ပြောလို့ပါ။ ကျေးဇူးတင်ပါတယ်ရှင့်။
၃။ ဆရာခင်ဗျ ဆန်လုံးညိုလို့ခေါ်မယ်ထင်ပါတယ်၊ အဲ့ဒါနဲ့ဂျုံက ဘယ်ဟာကပိုကောင်းပါလဲခင်ဗျ။ ဆီးချိုရှိတဲ့ သူတွေအတွက်ပါခင်ဗျာ။
ဒီစာဖတ်ပြီး ဆန်စားနေသူတွေကို ဂျုံပြောင်းစားကြပါလို့ မညွှန်ပါ။ လိုတာရှိရင် ပြင်နိုင်ဘို့သာ ရေးပါတယ်။ အင်္ဂလိပ်စာလုံးလေးတွေကို ကျော်ဖတ်နိုင်ပါတယ်။ ဆောရီး။
ဆန်ဆေးရည် ဆေးသုတေသန မရှိပါ။ ဆန်စေ့အပေါ်ဆုံးကအလွှာ (ဖွဲ) မှာ အာဟာရဓါတ်ပါတယ်။ ဒါပေမယ့် အနည်းဆုံး တထပ်တော့ဆေးသင့်တယ်။ ဖွဲနဲ့အတူ မသင့်တဲ့ ဖုံစတာပါနေနိုင်တယ်။ အော်ဂဲနစ်မဟုတ်ရင် ပိုးသတ်ဆေးစတာလည်း မကင်းလောက်ပါ။ ဆန်၊ ဂျုံ-ပြောင်း စေ့တွေကို ဖြူဖွေးအောင် လုပ်မထားတဲ့ (ဟိုးလ်ဂရိန်) ဆိုတာက ကျန်းမာရေးအတွက် ကောင်းတယ်။ ခဏခဏရေးပါတယ်။
လူတွေရဲ့ ပင်မအစားအစာထဲမှာ ဆန်မဟုတ်ရင် ဂျုံစားတယ်။ ပြောင်း၊ ပြောင်းဖူး၊ လူး၊ ဆတ်၊ အုတ်စပါး စားကြတယ်။
အခြေခံအကျဆုံးအချက်ကတော့ ဆန်နဲ့ ဂျုံ မကွာပါ။ အာဟာရဘက်ကနေပြောရရင် ဆန်ဖြစ်ဖြစ် ဂျုံဖြစ်ဖြစ် Whole grains ခေါ်တဲ့ ဖြူဖွေးပြောင်စင်သွားအောင်ချွတ်ထားတဲ့အဆံကို စားတာခြင်းတူရင် အာဟာရတန်ဘိုး တူသလောက်ရှိပါတယ်။ ဂျုံမှာအားသာချက်တချို့ရှိတာအမှန်ပါ။ ဗီတာမင်တမျိုးနဲ့ ဓါတ်ဆားနည်းနည်း ပိုကဲတယ်။
ကာဗွန်ဟိုက်ဒရိတ် (ကဆီဓါတ်) ပါတာခြင်း အတူလောက်ရှိတယ်။ နှစ်မျိုးလုံကို ဖွေးဖြူသွားအောင်လုပ်ရင် အာဟာရတန်ဘိုးတွေ ထက်ဝက်လောက်အထိ နည်းစေနိုင်တာ သတိပြုပါ။
Brown rice ဆန်လုံးညိုနဲ့ Whole-grain wheat ဂျုံအရိုင်းမှာ ဓါတ်ဆားတန်ဘိုးတူပါကြတယ်။ Wheat bran bread ထဲမှာ ကယ်လ်စီယမ်၊ မက်ဂနီဆီယမ်၊ ဖေါ့စ်ဖါးရပ်စ် နဲ့ သွပ်ဓါတ် နည်းနည်းပိုပါတယ်။ Fiber ဖိုက်ဘာခေါ်တဲ့အမျှဉ်ဓါတ်ကတော့ Whole-grain wheat ထဲမှာ ဆန်လုံးညိုထက် ၂-၃ ဆ ပိုတယ်။ ဗီတာမင်တွေကတော့ တန်ဘိုးတူပါတယ်။ နှစ်မျိုးလုံးမှာ အင်နာဂျီကိုရစေတဲ့ ဗီတာမင် ဘီ-၁၊ ဘီ-၂ နဲ့ နိုင်ယာစင်တွေ ပါကြတယ်။ ဗီတာမင် (အီး) ပါတာလဲ တူတယ်။ ဖေါလိတ်ကတော့ ဂျုံမှာပိုပါတယ်။ ဖေါလစ်အက်စစ်ကို ပြောတာပါ။ ကိုယ်ဝန်ဆောင်တွေမှာ မရှိမဖြစ်လိုတယ်။ သားသမီးမရသေးသူတွေကို ပေးတယ်။
Phytonutrients ဓါတ်များဆိုတာ Whole-grain wheat ထဲမှာ ၃ ဆပိုးတယ်။ Lignans ခေါ်တာကနေ Estrogen အီစထိုဂျင်ခေါ်တဲ့ အမျိုးသမီးဟော်မုန်းလိုဆင်တာကိုဖြစ်လာစေလို့ အသက်ရလာတဲ့ အမျိုးသမီးတွေအတွက် ကောင်းတယ်။ Gluten ဂလူတင်ဓါတ်ကတော့ ဂျုံမှာသာပါတယ်။ ဒါပေမဲ့ celiac disease စီးလီးယက်ရောဂါခေါ်တဲ့ ဂျုံကို အလာဂျီရသူတွေက ဒီဓါတ်ကို လုံးဝရှောင်ကြရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ