SBRT Plus Systemic Therapy Improves HCC Survival အသည်းကင်ဆာကုသနည်း တိုးတက်မှုရှိ

၂၄-၁၀-၂၀၂၂ နေ့က ကနေဒါဆေးပညာသတင်းဖြစ်ပါတယ်။ တိုရန်တိုတက္ကသိုလ်က ကင်ဆာ ဓါတ်ရောင်ခြည်ဌာနက ဒေါက်တာ Laura Dawson က ဆွေးနွေး ပြောကြားထားတယ်။ NRG/RTOG 1112 trial နည်းသစ်ကိုစမ်းသပ်တွေရှိချက်တွေအကြောင်း။ 

Stereotactic body radiation therapy (SBRT) လို့ ခေါ်တယ်။ အဆင့်နောက်ကျနေတဲ့ အသည်းကင်ဆာ လူနာတွေကို အဲဒီကုသနည်းနောက်မှာ sorafenib ဆေး သို့မဟုတ် sorafenib ဆေးပေးတယ်။

တိုးတက်တဲ့တိုင်းပြည်တွေမှာ ဘယ်အကြောင်းအရာကိုမဆို သုတေသနတွေလုပ်တယ်။ လေ့လာဆန်းစစ်မှုတွေ လုပ်နေကြပါတယ်။ အောင်မြင်တဲ့သုတေသနအကျိုးက မြန်မာပြည်လိုတိုင်းပြည်ကိုပါ အဖျားအနားတော့ ကောင်းကျိုးပေးပါတယ်။ 

မြန်မာပြည်မှာ သုတေသနတွေ မရှိသလောက် နည်းတယ်။ ရမ်းပြောကြတယ်။ အဲလိုပြောသမျှကို ယုံကြသူက အတော်များတယ်။ ပြောတဲ့သူတွေကလည်း ဟုတ်တာ မဟုတ်တာ အပထား နားထောင်သူတွေ မျက်လုံးမျက်ဆန်ပြူးရင် ကျေနပ်ကြတယ်။ ဖေ့စ်ဘွတ်မှာ တယောက်ပြီးတယောက် အဟုတ်မှတ်ပြီး တင်ကြ၊ ရှယ်ကြ လိုက်ကြတယ်။

ကျွန်တော်တို့ အများကြီးကြိုးစားကြရမယ်။ လိမ်ညာသူတွေ နည်းပါစေ။ အလိမ်ခံချင်သူတွေလည်း နည်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ