Senna ပွေးကိုင်း

(ကန်တော့)

သဘာဝဝမ်းနှုတ်ဆေးဖြစ်တယ်။ အရင်က BPI ကလည်း ထုတ်တယ်။ အစာလမ်းကကြွက်သားလေးတွေကို နိုးဆွပေးနည်းနဲ့ ဝမ်းသွားစေတယ်။ ဝမ်းနှုတ်ဆေးတခုခုမသောက်မီ စားတဲ့အစာထဲမှာ ဖိုက်ဘာဓါတ် များများပါစေရမယ်။ ရေသောက် မနည်းစေရ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ရမယ်။

တခြားဝမ်းနှုတ်ဆေးတွေနဲ့ မရမှသာ ပွေးကိုင်းဆေး သောက်သင့်တယ်။

Fybogel (ispaghula husk) or methylcellulose သို့မဟုတ် lactulose or polyethylene glycol ဆေးတွေဖြစ်တယ်။

ပွေးကိုင်းဆေးက ၈ နာရီကြာမှ အစွမ်းပြတယ်။ ညအိပ်ရာမဝင်ခင်သောက်သင့်တယ်။ ပွေးကိုင်းဆေးကို တပတ်ထက်ပိုမသောက်ရ။ ဘယ်ဝမ်းနုတ်ဆေးမဆို စွဲမသောက်ရ။

အသက် ၁၈ နှစ်အထက်သောက်နိုင်တယ်။ ငယ်သူတွေ ဆရာဝန်ညွှန်မှသာ။

အစာလမ်းပိတ်ရောဂါရှိသေူတွေ မသောက်ရ။ ရေ + ဆားဓါတ်နည်းနေသူတွေ မသောက်သင့်။

Crohn's disease or ulcerative colitis ရောဂါရှိသူတွေ မသောက်ရ။

ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါရှိသူတွေ မသင့်။

ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေချိန် မသင့်။

အသက် ၁၂ နှစ်အထက် 1 or 2 tablets (7.5mg or 15mg) ဆေးပြား။

1 or 2 5ml spoonfuls (7.5mg or 15mg) ဆေးရည်။

အစာရှိရှိ မရှိရှိ ရေတခွက်နဲ့ သောက်ပါ။ ရေ တနေ့ ၆-၈ ခွက်သောက်ပါ။

ဝမ်း ၃ ရက်မသွားသူ ဆရာဝန်ပြပါ။

တခါသောက်ဘူးလို့ အလာဂျီဆိုးဆိုးဝါးဝါးဖြစ်သူ ထပ်မသောက်ရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ