Soft Hair ဆံပင်မကြမ်းအောင် ဘယ်လိုလုပ်မရမလဲ

ဆရာ့စာထဲမှာ ဆံပင်ကြမ်းတာကို ဘယ်လိုကုသရမယ်ဆိုတာ မပါလို့ပါဆရာ။ ကျွန်တော့်ဆံပင်က ခြောက်သွေ့ ကြမ်းတမ်းတဲ့ပုံစံမျိုးပါ။ အလှကုန်စာရေးတွေကတော့ တံဆိပ်တွေ အမျိုးမျိုးပြောင်းပေးနေပေမယ့် ထူးခြားမှု မရှိလှလို့ပါဆရာ။ 

၁။ နေ့တိုင်းခေါင်းလျှော်ရင် ဆံပင်ပိုကြမ်းတယ်။ ရေခပ်နွေးနွေးနဲ့ခေါင်းလျှော်ပါ။

၂။ ရေနွေး ၁ ခွက် + Calgon, 20-mule Borax ဇွန်းသေး ၂ ဇွန်း ရောပါ။ ခေါင်းကိုလိမ်းပါ။ 

၃။ ပုံမှန် Regular conditioner ကွန်ဒီရှင်နာဖြစ်ဖြစ် Salon-quality ကွန်ဒီရှင်နာဆိုင်သုံး ဖြစ်ဖြစ်သုံးပါ။

၄။ Anti-frizz hair oil ဆီလိမ်းပါ။ 

၅။ Blow dryers Flat irons တွေ မသုံးပါနဲ့။

၆။ Hairspray သုံးရင် မများစေနဲ့။

၇။ Dying ဆေးဆိုတာနဲ့ Highlighting အရောင်ရင့်သန်စေတာ မလုပ်ပါနဲ့။

၈။ Filter တခုဝယ်သုံးပါ။

၉။ ခေါင်းလျှော်ပြီးတိုင်း၊ ကွန်ဒီရှင်နာသုံးပြီးတိုင်း၊ ခေါင်းဖီးပြီးတိုင်း၊ Leave-in conditioner ဖြစ်ဖြစ် Dry shampoo ဖြစ်ဖြစ်သုံးပါ။

၁ဝ။ ကြက်ဥသုံးကြည့်ပါ။ တနာရီထားပါ။ နောက် ပြောင်စင်အောင်ဆေးလိုက်ပါ။ ညမအိပ်ခင်လိမ်းထားနိုင်တယ်။ မနက်မှဆေးပါ။ 

၁၁။ ဆီပူနဲ့ တပါတ်တခါလိမ်းပါ။ သဘာဝဆီ၊ Rosemary ဖြစ်ဖြစ် Lavender ဖြစ်ဖြစ် ဆီသုံးနိုင်တယ်။

၁၂။ Conditioner သုံးရင် ပြောင်စင်အောင်မဆေးဘဲထားပါ။ စိုနေတုံးမှာ ဆံပင်မဖီးပါနဲ့။

ဒေါက်တာတင့်ဆွေ

၂၈-၁၁-၂၀၁၄

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ